“မိန်းမဆိုရင်...လှအောင်ပြင်ဖို့ဝဋ်ကြွေးရှိတယ်“ ============================


“မိန်းမဆိုရင်...လှအောင်ပြင်ဖို့ဝဋ်ကြွေးရှိတယ်“ ================================ ကျွန်မတို့မိန်းမတွေဟာ သဘာဝတရားရဲ့စီရင်မှုမှာတောင် လှအောင်နေဖို့ ၀ဋ်ကြွေးရှိသူတွေလို့ကျွန်မကတော့လက်ခံထားမိတယ်။ စဉ်းစားကြည့်လေ အမျိုးသားတစ်ဦးအနေနဲ့ မိုးလင်းလို့ အိပ်ရာထပြီးချိန်မှာ မျက်နှာမသစ်၊ သွားမတိုက်၊ တစ်ကိုယ်ရေ သန့်ရှင်းရေး မလုပ်ဘ၊ဲ ညတုန်းက ၀တ်ထားတဲ့ တွန့်ကြေနေတဲ့ အ၀တ်နဲ့ အပြင်ထွက်ပြီး လက်ဖက်ရည်ဆိုင်ထိုင်တာကို ကဲ့ရဲ့ပြောဆိုမဲ့သူ မရှိပေမဲ့ မိန်းကလေးတစ်ယောက်က မျက်နှာမသစ်၊ တကိုယ်ရေ သန့်ရှင်းရေး မလုပ်ဘဲ၊ တွန့်ကြေနေတဲ့ ည၀တ်အကျီာင်္နဲ့ အပြင်ထွက်လို့ သင်တော်ပါသလား။ အိမ်က မထွက်ခင်မှာတောင် ကိုယ့်ကို ပြောမဲ့သူတွေက အများကြီး ဈေးထဲရောက်သွားရင်ရော အရူးတစ်ရောက်လို့ အကြည့်ခံရမဲ့ အပြင်အခြား စူးစမ်းတာမျိုးတွေနဲ့လည်း ကြုံနိုင်ပါသေးတယ်။ အမျိုးသမီးတစ်ဦး အရွယ်ရောက်လာတာနဲ့အမျှ မျက်နှာပြောင်၊ ဆံပင်စုတ်ဖွား၊ အကျီာင်္တွန့်ကြေနေတဲ့ပုံစံနဲ့ လမ်းထွက်ဖို့မဖြစ်နိုင်သလို၊ အိမ်မှာနေရင်တောင်မှ မတင့်တယ်တဲ့အတွက် အနည်းဆုံး သနပ်ခါးရေကျဲလေလူးထားတဲ့ မျက်နှာနဲ့လူမြင်ခံကြရပါတယ်။ အမျိုးသမီးပဲ ဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ် လုပ်ငန်းခွင်တစ်ခုခုမှာ ၀င်ရောက်အလုပ်လုပ်နေပြီဆို၇င်တော့ တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့သူ့ကိုယ်သူ ကြည့်ကောင်းအောင်၊ အများအမြင်မှာ တင့်တယ်အောင် ၀တ်စားဆင်ယင် ပြင်ဆင်ကြရတာပါပဲ။ အချို့လူသားတွေက အလှပြင်ခြင်းကို အားမပေးပါဘူး။ ဖက်ရှင်ကျကျ၊ စတိုင်ကျကျ ၀တ်ထားတာကိုလည်း အားမပေးတတ်ပါဘူး။ သူတို့အနေနဲ့ အလှပြင်ထားတဲ့သူကို တွေ့ရင်တောင်မှ ပြင်ထားလိုက်တာ ဆိုတာမျိုးနဲ့အပြစ်တွေ့အောင်ရှာပြီး ပြောဆိုတတ်ပါသေးတယ်။ဒါကြောင့်လည်း အလှပြင်ထားတဲ့အခါ ဘယ်လောက်ပဲ လှနေပါစေ သူတို့စိတ်ထဲသဘောမတွေ့တတ်ဘူး။ အချို့ကတော့ လှနေတဲ့ သူမြင်ရင် စိတ်ချမ်းသာတယ်။ သူ့ဟာသူ ပင်ကိုကပဲလှလှ၊ ပြင်ထားလို့ပဲ လှနေပါစေ၊ ဘယ်လိုပဲ ဖြစ်ဖြစ် လှနေတာလေးကို မြင်ရတဲ့အခါ စိတ်ကျေနပ်တယ်၊ စိတ်ကြည်နှူးပြီး လှတာကို သဘောကျကြပါတယ်။ အဲဒီလို လူအမျိုးမျိုးရှိတဲ့ထဲမှာ အမှတ်ရမိတာလေးတစ်ခု ရှိပါတယ်။ အဲဒါကတော့အလုပ်အရမ်းလုပ်တဲ့သူငယ်ချင်းတစ်ဦး အကြောင်းပါပဲ။ သူငယ်ချင်းက အလုပ်တွေအရမ်းလုပ်ပြီး ကြိုးစားအားထုတ်ပေမဲ့ သူရဲ့ အထက်အရာရှိက သူ့ကို အမြင်မကြည်ဘူး၊ သူ့ကို မြင်တာနဲ့စိတ်တိုပြီး စကားပြောတတ်တယ်၊ အဲဒါကို ဘာလုပ်ရမလဲ အကြံပေးပါဦးလို့မေးလာပါတယ်။ သူ့အရာရှိနဲ့လည်း ခင်မင်နေတော့ မေးဖြစ်တယ်။ သူ့အရာရှိကလည်း အင်မတန်ပွင့်လင်းတဲ့သူပါ။ သူက ပြောပါတယ်။.သူမက အလုပ်တော့ အရမ်းကြိုးစားပါတယ်။ ဒါပေမဲ့ သူ့ကို မြင်ရတိုငး အမြဲတမ်း စိတ်မသက်မသာဖြစ်ရတယ်တဲ့။ ဘာကြောင့်လဲလို့ မေးတော့ သူ့ကြည့်ရတာ အမြဲတမ်း စိတ်ရှုပ်ထွေးပြီး အလုပ်ဒဏ်ပိနေတဲ့ ပုံမျိုးဖြစ်နေတဲ့အတွက် သူ့ကို မြင်ရတိုင်း စိတ်မောရတယ်။ ဘာကြောင့်များ ဒီလိုအလုပ်တွေ မနိုင်မနင်းပုံစံမျိုးနဲ့ အမြဲဖြစ်နေရတာလဲ၊ ဒါကိုပဲ သူ့အထက်အရာရှိက မြင်ပြီး အံ့သြရတယ်၊ စိတ်တိုင်းမကျ ဖြစ်ရတယ်လို့ဆိုပါတယ်။ တကယ်တော့ ကျွန်မ သူငယ်ချင်းက လုပ်ငန်းကျွမ်းကျင်မှုရှိပေမဲ့ လှလှပပ ကျော့ကျော့မော့မော့နဲ့ အလုပ်မလုပ်တတ်ဘူး။ အဲဒါကြောင့် သူအလုပ်များနေတဲ့ အချိန်ဆိုရင် မျက်နှာပြောင်၊ ဆံပင်စုတ်ဖွားနဲ့ တွေ့နေရတာပါ။ ဒါ့ကို သူ့အရာရှိက သူအလုပ်ကြိုးစားတယ်လို့မမြင်နိုင်တော့ဘဲနဲ့ အလုပ်ကို နားချိန်မထားဘဲနဲ့ လုပ်နေတဲ့ သူတွေဟာ ကိုယ့်ရဲ့ မကျွမ်းကျင်မှု၊ အရည်အချင်းမပြည့်ဝမှုကို ပြသရာရောက်တယ်လို့ ဆိုကြတယ်။ပြီးတော့ ကိုယ့်ရဲ့ အချိန်ကိုတောင် စီမံခွဲခန့်မှု အားနည်းတာ လုပ်ငန်းကို ဘယ်လိုလုပ် စီမံခန့်ခွဲနိုင်ပါ့မလဲ ဆိုတဲ့ အတွေးမျိုးနဲ့ သူ့ကို ရာထူးတိုးပေးဖို့ ချန်ထားခဲ့တယ်လို့ နားလည်လိုက်မိတယ်။ တကယ်တော့ အလုပ်လုပ်နေတဲ့ သူတွေအနေနဲ့ အလုပ်ဒဏ်မပိစေဖို့ အချိန်ကို စီမံခန့်ခွဲဖို့ လိုတယ်။ ဒါ့အပြင် အမြဲတမ်း သပ်ရပ်ပြီး ကျော့ကျော့မော့မော့လေးဖြစ်နေတာကလည်း လူတွေရဲ့ ယုံကြည်အားကိုးမှုကို ပိုရရှိစေတယ်။ ဒါကြောင့် ဘယ်လောက်အလုပ်များပါစေ ကိုယ့်ကိုယ်ကိုတော့ ပြီးစလွယ် မ၀တ်ပါနဲ့ မနေပါနဲ့။ ကိုယ့်ရဲ့ ပုံရိပ်ဟာ ကိုယ့်အလုပ်နဲ့ ပတ်သက်မှု ရှိနေတာကိုး။ အိမ်ရှင်မ အများစုက တင့်တယ်စွာပြင်ဆင်ခြင်းကို တစ်ခုခုသွားစရာလာစရာရှိမှ လုပ်တတ်ကြတယ်။ အိမ်မှာတော့ဖြစ်သလို နေတတ်တာကိုး၊ ဒါကြောင့်အိမ်ထောင်သည်အမျိုးသားတွေ ပြင်ပြင်ဆင်ဆင်အမျိုးသမီးမြင်တိုင်း လိုက်ငေးနေတတ်တဲ့အကျင့်ရှိတာလည်း သတိထားကြည့်မယ်ဆိုရင် အဲဒီသဘောတရားအတိုင်းပါပဲ။ အိမ်အလုပ်တွေနဲ့ပိနေလို့မပြင်ဆင်နိုင်ဘူးဆိုရင် အလုပ်လုပ်ပြီးတဲ့ အခါ လှပစွာ ပြင်ဆင်ပါ၊ ပြီးတော့ အလုပ်လုပ်ပြီးတိုင်း လန်းဆန်းအောင် အပန်းဖြေပါ၊ ကိုယ့်ကိုယ်ကို အမြဲတမ်းလှပကျော့မော့အောင်နေတတ်ခြင်းကလည်း ကိုယ့်အနေနဲ့ပတ်ဝန်းကျင်က လူတွေအတွက် တင့်တယ်ကျေနပ်စေခြင်း တစ်မျိုးပါပဲ။ ဒါကြောင့်ကိုယ်က ပင်ပန်းလွန်းလို့ပဲ ဖြစ်ဖြစ်၊ စိတ်မပါလက်မဘဲနဲ့ငြီးငွေ့လွန်းလို့ပဲ ဖြစ်ဖြစ် မျက်နှာပြောင်၊ ဆံပင်စုတ်ဖွားနဲ့တော့ အခန်းထဲကနေ အပြင်တောင် မထွက်သင့်ပါဘူး။ ဒါဟာ ကိုယ့်အတွက်လည်း ဟုတ်သလို၊ ကိုယ့်ကို မြင်ရမဲ့သူတွေအတွက်လည်း ဖြစ်ပါတယ်။ အိမ်ထောင်ရေး သာယာချင်သလား၊ အလုပ်ထဲမှာ ကျေနပ်ပျော်ရွှင်ချင်ပါသလား၊ ပတ်ဝန်းကျင်မှာ လူအများနဲ့ ဆက်ဆံရေး ကောင်းမွန်ချင်ပါသလား ဒါဆို ပျင်းတဲ့စိတ်ကို ဖျောက်ပြီး လှပ တင့်တယ်စွာ နေထိုင်ဖို့ ပြင်ဆင်ပါ ကြိုးစားပါနော်။ ဒါကြောင့် မိန်းမ ဖြစ်လြာ့ပီဆိုကတည်းက ကို်ယ့်ကိုယ်ကို အများအမြင်မှာ တင့်တယ်အောင် ပြင်ဆင်ဖို့ကတော့ဝဋ်ကြွေးအနေနဲ့ပါလာခဲ့ပြီးသားပါလို့ကျွန်မကတော့မှတ်ယူထားပါတယ်ရှင်။ မတူတဲ့အမြင်များကိုလည်း ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။ မေသင်္ကြန်ဟိန်(မြစ်မခ)

No comments

Powered by Blogger.