ညက များသွားခဲ့ရင် (နှိပ်ကြည့်လိုက်နော်)


တစ်ခါတလေမှာ ဂျုးတို့မိန်းကလေးတွေ သူငယ်ချင်းမွေးနေ့တို့ Gathering Party တို့သွားရင်း မသောက်တတ်သောက်တတ်နဲ့ စွတ်သောက်ပြီး မနက်ကျ ကိုယ့်အသွင်ပြင်က မလန်းဆန်းနိုင်တာမျိုး ဖြစ်တတ်ကြပါတယ်။ဒီလိုနေ့ရက်မျိုးများ ရှိလာခဲ့ရင် ဘယ်လိုပြန်လန်းဆန်းစေမလဲ ဆိုတာမျှဝေချင်ပါတယ်။ ဖြေဆေး အရင်ဆုံး ဘာတွေများစားသောက်ရင် ပြန်လန်းဆန်းလာမလဲ။ မအီမသာ ဖြစ်နေတာတွေ( အရက်နာကျတယ်လို့တော့ မပြောပါဘူးနော်….:P)ကို ဘယ်လိုသက်သာစေမလဲ ဆိုတာကြည့်ရအောင်။ ယမကာသောက်တာများသွားလို့ မအီမသာဖြစ်ရင် အကောင်းဆုံးက ငှက်ပျောသီးပါတဲ့ ။နောက် ကညွတ်၊ မာလကာသီးတို့ပါ။ ချင်းကို ရေနွေးစိမ်သောက်တာမျိုး သံပရာသီး၊ပျားရည် ရေနွေးတွေက ရီဝေဝချစ်လေးတွေအတွက် ဖြေဆေးပါပဲ။ အုန်းရည် သောက်လို့လည်းရပါတယ်။ ပြီးရင် ကြက်ဥ၊ဘရိုကိုလီတို့ကလည်း အီလည်လည်ခံစားချက်ကို သက်သာစေပါတယ်။ရေများမျာသောက် ပေးဖို့ကတော့ ပြောစရာ လိုမယ်မထင်ပါဘူး။ မိတ်ကပ်နဲ့ဖုံးကွယ်မယ် မနက်ရုံးသွားရမယ်ဆိုရင် ဂါနေတဲ့ကိုယ့်ရုပ်ကို ပြချင်မှာ မဟုတ်ဘူးလေ။ ဒီတော့ Hangover မိတ်ကပ် သတ်သတ် ရှိကြောင်းပါ။ ကိုယ့်အသွင်ကို လန်းဆန်းစေဖို့ဆိုရင် မျက်လုံးက အရေးကြီးပါတယ်။ မျက်လုံးပေါ်ကို သခွားသီးအေးအေးလေး ကပ်တာမျိုး ရေခဲသေတ္တာထဲထည့်ထားတဲ့ Tea Bag အေးအေးလေးတွေ ကပ်တာမျိုးအရင် လုပ်ရပါမယ်…။နောက်ထပ်လိုအပ်တာတွေက… မျက်စဉ်းနဲ့ Concealer ဟုတ်ပါတယ်။မျက်စဉ်းခတ်ပေးပါ။ပူရှိန်း အေးမြမှုနဲ့အတူ မျက်ဝန်းလေး ပြန်ကြည်လင်လာပါလိမ့်မယ်။ နောက်အရေးကြီးတာ တစ်ခုက Concealer ပါ။တကယ်တော့မနက်ခင်းမှာ အိပ်ရေးမဝ ရင်ပူစွာနဲ့ နိုးထလာရမယ်ဆိုရင် မျက်လုံးအောက်ဘက်မှာ မျက်ကွင်းညိုတာတွေ မျက်လုံးဖောင်းနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မျက်ဝန်းအောက်ဘက်အတွက်ဆိုရင်လိမ္မော်ရောင် Concealer သုံးပေးလို့ရပါတယ်။သူက မျက်ကွင်းညိုခြင်းတွေအတွက် အကောင်းဆုံးဖုံးကွယ်ပေးနိုင်ပါလိမ့်မယ်။ Moisturizer နဲ့ Bronzer အသားအရေ အစိုဓာတ်ပြည့်လန်းဆန်းနေဖို့ Moisturizer ကမရှိမဖြစ်ပါပဲ။ ရနံ့သင်းပြီး အသားအရေထဲ စိမ့်ဝင်လွယ်တဲ့ Moisturizer ကချစ်လေးတို့ကို လန်းဆန်းတဲ့ အသွင်ပေးပါလိမ့်မယ်။ နောက်ထပ်သုံးသင့်တာက Bronzer ပါ။ ဖောင်းပွပွဖြစ်နေမယ့် မျက်နှာလေး အတွက် Bronzer သုံးပြီးသွယ်လျပါစေ။ မိတ်ကပ်အပြည့်လိမ်းပြီးပြီဆိုရင် Bronzer လေးတစ်ချက်နှစ်ချက် ညှိဆွဲပေးရုံပါပဲ။ လန်းဆန်းတဲ့ရနံ့ လန်းဆန်းတဲ့အသွင်အပြင်နဲ့စိတ်ခံစားမှုအတွက် လန်းဆန်းစေတဲ့ရေမွှေးနံ့လေးလိုပါလိမ့်မယ်။ လန်းဆန်းမှုအတွက် အကောင်းဆုံးရေမွှေးတွေကတော့ Guerlain Shalimar Eau De Parfum Spray For Woman၊ Acqua Di Gioia Armani ၊ Prada Prada Candyနဲ့ Coach တို့ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ်ဆွတ်နေကျ ကိုယ်ကြိုက်တဲ့ ရနံ့ဆို အဆင်အပြေဆုံးပါပဲ။ ဂျူဂျူး (အခရာ)
Powered by Blogger.