မိန်းမသားတို့၏ မွေးရာပါ စကေးများ သင်သိလား မသိရင်နိပ်ကြည့်


…. မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက် အချိန်စီမံခန့်ခွဲနိုင်မှု(Time-management skill ) ပိုကောင်းတယ်။ ဘယ်လောက်အလုပ်များတဲ့ မိန်းကလေးပဲဖြစ်ပါစေ အလှပြင်ဖို့ အချိန်ထုတ်နိုင်တာက ဥပမာပဲလေ။ မိန်းကလေးတွေက ယောက်ျားလေးတွေထက် အဓိပ္ပာယ်ကောက်နိုင်တဲ့ စွမ်းရည် (Interpretation skill ) ပိုကောင်းတယ်။ မယုံရင်သူတို့ကို တစ်ခွန်းလောက်ပြောကြည့်လိုက်။ အဲဒီစကားရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကို အမျိုးမျိုးစဉ်းစားရင်း သူမငြိမ်နေလိမ့်မယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။ မိန်းကလေးတွေက ယောက်ျားလေးတွေထက် ညှိနှိုင်းမှု စွမ်းရည်(Negotiative Skill) ပိုကောင်းတယ်။ သူမလိုချင်တာတခုခုကိုပူဆာဖို့ ချစ်သူကို ဘယ်လိုသိမ်းသွင်းရမလဲ သူတို့သိကြတယ်။ မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက် အဖွဲ့ကိုစည်းရုံးမှု (Team Building) ပိုကောင်းတယ်။ ချစ်သူနဲ့စကားများရန်ဖြစ်ထားတိုင်း အားလုံးက ယောက်ျားလေးဘက်ကမှားတယ်လို့ ထင်ရအောင် သူမကစည်းရုံးပြီးသားလေ။ မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက် အစီအစဉ်ရေးဆွဲမှု( Planning) ပိုကောင်းတယ်။ ပြက္ခဒိန်ကို ကြည့်ပြီး ဘယ်အားလပ်ရက်မှာ ဘယ်ကိုသွားရမလဲ သူမမှာ ကြိုတင်အစီအစဉ်ဆွဲပြီးသား။ အဲဒီခရီးမှာဝတ်ဖို့အဝတ်အစားကလည်း ရွေးပြီးဖြစ်နေတတ်တယ်လေ။ မိန်းကလေးတွေက ယောက်ျားလေးတွေထက် ခေါင်းဆောင်မှုစွမ်းရည်(Leadership Skill) ပိုကောင်းတယ်။ ဘယ်သွားမလဲ။ ဘာစားမလဲ။ တစ်ဖွဲ့လုံးကိုဦးဆောင်နိုင်တယ်။ မိန်းကလေးတွေက ယောက်ျားလေးတွေထက် ငွေကြေးစီမံခန့်ခွဲမှု (Financial Management) ပိုကောင်းတယ်။ လခထုတ်စရက်တွေမှာ Shopping ထွက်၊ စားသောက်ဆိုင်တွေမှာ လှည့်ပတ်စားတတ်ပေမယ့် လဝက်ကျော်လာရင် ဗိုင်းကောင်းကျောက်ဖိသမီးလိမ္မာလေးအဖြစ် အိမ်ထမင်း၊အိမ်ဟင်းစားတတ်တယ်လေ။ မိန်းကလေးတစ်ယောက်ကို နားလည်ဖို့ကြိုးစားရင် ဆံပင်ဖြူပြီး အလှပျက်တာပဲ အဖတ်တင်လိမ့်မယ်။ မိန်းကလေးတွေဆိုတာ နားကြပ်ကြိုးလိုပဲ ဘယ်လောက်ရှင်းအောင်ထားထား သူ့ဟာသူအလိုလိုရှုပ်နေတတ်တာမျိုး။ ရန်ဖြစ်စရာမရှိရင် သူ့စိတ်နဲ့သူရန်ဖြစ်နေတတ်တာမျိုး။ ပိုးဟပ်လောက်ကိုကြောက်တတ်ပေမယ့် အသည်းမာတဲ့အခါ ယောက်ျားရင့်မာကြီးတွေ လက်ဖျားခါလောက်တယ်။ အသည်းနုပေမယ့် အသည်းကွဲပြီး ပြန်တည်ဆောက်ပြီးသွားတဲ့အခါ ဘယ်သူနဲ့မှ မတူတဲ့အရည်အချင်းတွေ၊ အလှတရားတွေကို ပိုင်ဆိုင်သွားတတ်ကြတဲ့ အာဂအမျိုးသမီးတွေပါ။ မိန်းကလေးတွေဟာ ချစ်တဲ့သူတွေအပေါ်ဆိုးနွဲ့တတ်ပေမဲ့ ချစ်တဲ့သူတွေအတွက် အရာရာကို စွန့်လွှတ်ဖို့ဝန်မလေးတတ်သူတွေ အိမ်သားတွေကို အနိုင်ကျင့်တတ်ပေမဲ့ မိမိအရေးထက် မိသားစုအရေးကို ရှေ့တန်းတင်တတ်ကြသူတွေ ချစ်သူကို အူတိုတတ်ပေမဲ့ ချစ်သူအတွက် နှလုံးသားတစ်ခုလုံး ပုံအောထားတတ်သူတွေ ချစ်သူကို ဆိုးနွဲ့တာ၊ ရစ်တတ်တာ၊ ကြံဖန်စိတ်ကောက်တာတွေဟာ ချစ်သူမိမိကို ငြီးငွေ့စိတ်ပျက်သွားမှာ စိုးရိမ်ပြီး ကာကွယ်ထားတဲ့ စိတ်ရဲ့မာယာတွေပါ။ ကျွန်မတို့ မိန်းကလေးတွေလား ယောက်ျားလေးတွေထက် ပိုချစ်တတ်ပါတယ်။ ချစ်သူကိုကြံဖန်ရစ်နေတာပဲ ကြည့်လေ။ ကဲ… သင့်ဆီမှာ ရှိနေတဲ့ စကေးတွေကို သင့်ချစ်သူသိအောင် SHARE ပေးလိုက်ပါဦး။ Credit လေးစားစွာဖြင့် #မုန်းမာန်ခ

No comments

Powered by Blogger.