မလေးရှားနိုင်ငံရှိ Axiata Group မှ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ၌ အမေရိကန် ဒေါ်လာ သန်း
ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံရှိ Axiata Group မှ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ၌ လာမည့် ၈ နှစ်အတွင်း အမေရိကန် ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံမှု ပြုမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်း ရရှိသည်။
Axiata Group မှ ရာနှုန်းပြည့် ပိုင်ဆိုင်သော တာဝါတိုင် တည်ဆောက်ရေး ကုမ္ပဏီ edotco က ဒီဂျီစယ်မြန်မာ တာဝါ (Digicel Myanmar Tower) ကုမ္ပဏီ၏ ရှယ်ယာ ၇၅ ရာခိုင်နှုန်း ပိုင်ဆိုင်ရန် အတွက် ငွေသား အနေဖြင့် အမေရိကန် ဒေါ်လာ ၁၂၅ သန်း ပေးချေရမည် ဖြစ်ကြောင်း သိရသည်။
Edotco ကုမ္ပဏီမှ လက်ရှိ ဆက်သွယ်ရေး တာဝါတိုင် ၁,၂၅၀ မှ လာမည့် ရှစ်နှစ် အတွင်း မြန်မာနိုင်ငံ၌ ဆက်သွယ်ရေး တာဝါတိုင် ၅,၀၀၀ အထိ ပိုင်ဆိုင်ရန် ကြိုးပမ်း လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည် xinhuamyanmar
No comments