တရားခံပြေး နဂါးလေး လွှတ်မြှောက်နေဆဲ ထွက်ပြေးလွတ်မြောက်သွားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက အပူတပြင်း လိုက်လံ ဖမ်းဆီး

လွတ်သွားတဲ့ နဂါး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ နဂါးလေး(ခ)အောင်နိုင်မြင့်၊ (၃၄)နှစ်၊ (ဘ)ဦးဝင်းနိုင်သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်၊ လှော်ကားလမ်းနှင့် ဥဿဘုရားလမ်းဆုံအနီးရှိ ကားဝပ်ရှော့တစ်ခုသို့ 5D-3753 ပါဂျဲရိုး အမျိုးအစား ခဲရောင်ယာဉ်ဖြင့် ရောက်ရှိနေကြောင်းသတင်းအရ သွားရောက်ဖမ်းဆီးစဉ် အဆိုပါ တရားခံပြေးဖြစ်သူမှ ရဲတပ်ဖွဲ့ဝင်များ၏မော်တော်ယာဉ်များကို ၎င်းမောင်းနှင်သော မော်တော်ယာဉ်ဖြင့်တိုက်ပြီး ထွက်ပြေးသွားခဲ့ပါသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းသို့ ထွက်ပြေးသွားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့်ပစ်ခတ် ဖမ်းဆီးခဲ့သော်လည်း တရားခံပြေးဖြစ်သူ နဂါးလေး(ခ)အောင်နိုင်မြင့်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေး အတွက် ၎င်းသွားလာနိုင်သည့်နေရာများ၊ မြို့အ၀င်အထွက်ဂိတ်များ၊ စစ်ဆေးရေးဂိတ်များကို မြို့နယ်ရဲတပ်ဖွဲ့ အချင်းချင်းချိတ်ဆက်ကာ လိုက်လံပိတ်ဆို့ဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိပါသည်။ #Via. SAW.


No comments

Powered by Blogger.