မိန်းမသားတွေထားသင့်တဲ့မာန **********************


** ချစ်ပါတယ်ဆိုတဲ့ခံစားချက်နဲ့ အရည်အချင်းမရှိတဲ့ယောက်ျားကိုလက်မတွဲသင့်ပါဘူး။ အဆင်မပြေလို့ပါဆိုတဲ့ခေါင်းစဉ်နဲ့ အဘိုးအရွယ်တွေကိုမောင်မခေါ်ချင်ပါနဲ့။ ဘယ်လောက်ချစ်ချစ် အိမ်ထောင်တစ်ခုသာယာအောင်မဖန်တီးပေးနိုင်တဲ့ ယောက်ျားတစ်ယောက်ကိုလည်းမမက်မောပါနဲ့။ ချမ်းသာချင်တဲ့စိတ်ကြောင့် ငွေတွေနဲ့ကိုယ့်ဘဝကိုမရောင်းလိုက်ပါနဲ့။ ကိုယ့်ဒူးကိုယ်ချွန်ထက်မြက်တဲ့မိန်းမဖြစ်အောင် ကြိုးစားသင့်တာမိန်းမသားတွေရဲ့မာနပါ မိန်းမသားတစ်ယောက်လောက်မှအရည်အချင်းမရှိတဲ့ ယောက်ျားကိုမမက်မောတာဟာ ငွေမက်လို့ဂုဏ်မက်လို့မဟုတ်ပါဘူး။ မိန်းမသားတစ်ယောက်ရဲ့အရည်အချင်းတွေ ကျဆင်းစေလို့ပါ။ အရည်အချင်းမရှိသူကိုလက်တွဲပြီး ဘဝဖြတ်သန်းမဲ့အစား တက်စွမ်းသမျှခွန်အားနဲ့ တစ်ကိုယ်တည်းနေပါတော့မယ်။ အတိတ်ကကံကမျက်နှာသာမပေး ဝဋ်ကြွေးဆိုရင်တော့ကျေအောင်ဆပ်ပြီး ကျေသင့်ပြီထင်ရင်ရုန်းထွက်သင့်ပါတယ်။ အရည်အချင်းရှိတဲ့ယောက်ျားကို စာနာတက်တဲ့ယောက်ျားကို မက်မောတာလိုချင်တာမဟုတ်ပါဘူး။ မိန်းမသားတစ်ယောက်ဟာ အရည်အချင်းရှိအောင်ကြိုးစားခဲ့ရတာမို့ အရည်အချင်းရှိတဲ့ယောက်ျားကိုမက်မောတာ အပြစ်မဟုတ်ဘူးလို့မြင်ပါတယ်။ # နှင်းတိမ်လွှာ credit #ငွေငန်းဖြူ

No comments

Powered by Blogger.