"မိန်းကလေးများသတိထားစရာ ယောက်ျားတို့မာယာ " **************************************


=>Propose လုပ်နေဆဲကာလမှာ……… ~ သေမလိုရှင်မလို Feel ပြတယ် ရင်မခုန်ဘူး ဒါပေမယ့် ရည်းစားရချင်ဇောနဲ့ ~ ဟတ်ဟတ်ထိုး ကြွေချင်ယောင်ဆောင်ပြတယ် ~ စိတ်မပါဘဲနဲ့လည်း အသည်းအသန်ဂရုစိုက်ပြတယ် ~ လိုချင်တဲ့Targetမရောက်မချင်းအမိန့်တွေနာခံဖို့ဝန်မလေးဘူး ~ လိုအပ်ရင် မျက်နှာရှစ်ခေါက်ချိုးဇီးရွက်လောက်လုပ်ပြမယ် ~ တစ်ဖက်က သနားစိတ်ဝင်သွားအောင်မျက်နှာလေးညှိုးပြမယ် ~ ဖုန်းဆက်ချိန် စာပို့ချိန် တိကျတယ် Right time ဘဲ ~ Reply မြန်ချက် စက္ကန့်ပိုင်းအတွင်း အရေးတယူပြန်တယ် ~ ဘာလုပ်နေလဲ ယောင်ပြီးလာမမေးနဲ့ သတိရလို့ Photo လေးထိုင်ကြည့်နေတယ် ဆိုတာချည်းပဲ ~ တစ်ရက်လောက်မတွေ့ရရင်ကို ကမ္ဘာပဲပျက်တော့မလိုနဲ့ Overtine တွေ အရည်ကျဲကျဲ ဖျော်ပြရတာအမော ~ ပိန်သွားတယ်နော် သွားမပြောနဲ့ ဟုတ်တယ် ညညလွမ်းလို့အိပ်မပျော်တာ … {ဒါဘဲရမယ်} ~ ဝလာတယ်ပြောကြည့်ဦးမလား အင်း ချစ်နဲ့ဆုံရလို့ စိတ်တွေချမ်းသာနေတာလေ… {သေသွားမယ်} ~ နဖူးလေး အားယားလို့သွားမစမ်းနဲ့ ချက်ချင်းပျော့ကျပြီး လူမမာလုံးလုံးဖြစ်သွားတာ… {အကယ်ဒမီရှော့} =>ဟော လာပါပြီ Anni တွေလွန်မြောက်ပြီးနောက်…… ~ သေသေရှင်ရှင် ပစ်ထားတယ် ~ အဖြေရတာ မသိရင်တစ်ဘဝလုံးပိုင်သွားတာကျနေတာဘဲ ~ ဆက်လက်၍ ကြိုးစားရန်မလိုအပ်တော့လို့ထင်မှတ်သွားပြီလေ ~ ဂရုလည်းမစိုက်တော့ဘူး သေရင်တောင်သိလိုက်မယ်မထင် ~ အဖြေရပြီးပြီဆိုတော့ စစ်တပ်ကအာဏာပြန်သိမ်းပြီလေ ~ မျက်နှာက မြောက်ကိုရီးယားသမ္မတရုပ်လို တည်သွားပြီ ~ ဖုန်းဆက်ချိန် စာပို့ချိန် မျှော်မနေနဲ့ ရူးတောင်သွားဦးမယ် ~ Reply ကြာချက်USAအာကာသခရီးစဉ်တောင် ပြန်ရောက်ပြီ အင်း/ဟုတ်/ စာတစ်လုံးထဲက တော်တော်နဲ့ရောက်မလာသေး ~ ဘာလုပ်နေလဲ အရေးတယူသွားမမေးနဲ့ ဘာလုပ်ရမှာလဲ အားနေတယ်ထင်နေလို့လား… {ကိုဒေါသ} ~ ပိန်သွားတယ် ဝလာတယ် သွားမပြောနဲ့မကြိုက်ဘူး သစ်ရွက်လှုပ်တာနဲ့ စိတ်ကတိုနေတတ်တဲ့အချိန်ဖြစ်သွားပြီလေ… {ဦးစိတ်တို} ဒါကြောင့် တချို့ယောက်ျားလေးတွေက ရည်းစားမဖြစ်သေးခင်မှာတော့ မာယာလေးတွေသုံးတတ်ကြပါတယ်နော် အဖြေရပြီးရင်တော့အမှန်တရားလေးတွေမြင်ရစေ့မယ် စိတ်သာချနေပေတော့ ညမလေးတို့ရေ။ ဒါပေမယ့် အဲလိုမဟုတ်ပဲ တကယ်ချစ်တဲ့သူ တကယ်မြတ်နိုးတဲ့ယောက်ျားလေးတွေလည်း လောကမှာ ရိုက်သတ်လို့ မကုန်ပါဘူးးးကွယ်။ အချစ်ရေးမှာ ကံကောင်းကြပါစေနော်။ ##credit လေးစားစွာဖြင့် #မုန်းမာန်ခ

No comments

Powered by Blogger.