ပန်းသီး မီးကင် ချက်စားကြမယ်
ခဏအတွင်း ပြင်ဆင် စားသောက်နိုင်တဲ့ ပန်းသီး မီးကင်ချက်နည်း ဖြစ်ပါတယ်။ အချိန်ဘယ်လောက်မှ မပေးရဘဲ ပန်းသီး မီးကင်ပြီး လိုက်ဖက်တဲ့ အစာပလာတွေနဲ့ ရောစပ်ထားတဲ့ နူးနူးညံ့ညံ့ ပန်းသီးအရသာ ခံစားရမှာ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
ပန်းသီး (၄) လုံး
သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း (၂) ဇွန်း
ဇာတိပ္ဖိုလ်သီး လက်ဖက်ရည်ဇွန်း တစ်ဝက်
သကြား လက်ဖက်ရည်ဇွန်း (၁) ဇွန်း
· အခွံခွာပြီး အစိတ်လိုက်လှီးထားတဲ့ ပန်းသီးကို ပန်းကန်တစ်လုံးထဲ ထည့်ပြီး ပစ္စည်းအားလုံး အတူတကွ ညင်ညင်သာသာ ရောသမမွှေပါ။
· အဲဒါကို အပူပေးစက် (microwave) ထဲထည့်။
· အပူပေးစက်ကို အပူချိန် (High) မှာ ချိန်ပြီး ၂ မိနစ်ကြာအောင် ထားပြီးရင် ထုတ်မွှေပေးပါ။ ပြီးရင် အပူပေးစက်ထဲ နောက်ထပ် ၂ မိနစ် ပြန်ထား သို့မဟုတ် ပန်းသီးတွေ နူးနူးညံ့ညံ့လေး ဖြစ်လာသည့်အထိ ထားပေးရပါမည် နောက် ခဏ အအေးခံပါ။
Ref: Super Healthy Kids
No comments