တ႐ုတ္မွာ ၁၃ ႏွစ္ၾကာ လူကုန္ကူး ခံရၿပီး အမ်ိဳးသားႏွစ္ဦးန႔ဲ လက္ထပ္ခဲ့ရတဲ့ ျမန္မာအမ်ိဳးသမီး


သက္ (၁၇)ႏွစ္ခန္႔က ေနရပ္မွ ေမာ္လၿမိဳင္ၿမိဳ႕သို႔ ရထားနဲ႔သြားေရာက္စဥ္ ရထားေပၚမွာ ေတြ႕ခဲ့တဲ့ အမ်ိဳးသမီးတစ္ဦးက အိပ္ေဆးခတ္ ေခၚေဆာင္သြားခဲ့တယ္။ တ႐ုတ္ႏုိုင္ငံမွာ ၁၃ ႏွစ္ ၾကာ လူကုန္ကူးခံခဲ့ရကာ တ႐ုတ္အမ်ိဳးသားႏွစ္ဦးန႔ဲ လက္ထပ္ခဲ့ရၿပီး ကေလးႏွစ္ဦး ေမြးခဲ့ရတဲ့ ျမန္မာအမ်ိဳးသမီးတစ္ဦးကို တရုတ္ရဲတပ္ဖြဲ႕ရဲ႕ အကူအညီနဲ႔ ကယ္တင္ခဲ့တယ္လို႔ သိရပါတယ္။ မြန္ျပည္နယ္ဇာတိျဖစ္တဲ့ အမ်ိဳးသမီးဟာ တရုတ္အမ်ိဳးသားႏွစ္ဦးနဲ႔ ေပါင္းသင္းကာ ကေလးႏွစ္ဦးရွိတဲ့အျပင္ ကိုယ္ဝန္လည္း လြယ္ထားရတာျဖစ္ပါတယ္။ အဆုိပါ အမ်ိဳးသမီးကို ျမန္မာႏုိင္ငံလူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕၊ ၈၈ မ်ိဳးဆက္ ေက်ာင္းသားအခ်ိဳ႕နဲ႔ တ႐ုတ္ႏုိင္ငံ ေရႊလီရဲတပ္ဖဲြ႕တို႔ ခ်ိတ္ဆက္ကာ ဧၿပီ ၂၁ ရက္က ျမန္မာႏုိင္ငံသို႔ ျပန္လည္ေခၚယူခဲ့ေၾကာင္း လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖဲြ႕မွ ရဲအရာရွိ တစ္ဦးက ေျပာၾကားထားတယ္လို႔ 7Day Daily ရဲ႕ သတင္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။ ‘‘မူဆယ္နဲ႔ ေမာ္လၿမိဳင္ လူကုန္တားရဲတပ္ဖဲြ႕ရယ္၊ လူမႈ၀န္ ထမ္းဦးစီးဌာနရယ္ ဦးေဆာင္ၿပီး ကေလးမေလး မိဘေတြဆီ ျပန္ပို႔ႏုိင္ေရး ေဆာင္ရြက္ခဲ့ၾကတာပါ။ သူ (လူကုန္ကူးခံရသူအမ်ိဳးသမီး) (၁၇)ႏွစ္အရြယ္က လူကုန္ကူးခံခဲ့ရတာျဖစ္ၿပီး အခုဆို အသက္ (၃၀) ရွိပါၿပီ’’ လို႔ အဆုိပါ ရဲအရာရွိက ေျပာၾကားထားတာ ျဖစ္ပါတယ္။ အမ်ိဳးသမီးဟာ အသက္ (၁၇)ႏွစ္ခန္႔က ေနရပ္မွ ေမာ္လၿမိဳင္ၿမိဳ႕သို႔ ရထားနဲ႔သြားေရာက္စဥ္ ရထားေပၚမွာ ေတြ႕ခဲ့တဲ့ အမ်ိဳးသမီးတစ္ဦးက အိပ္ေဆးခတ္ ေခၚေဆာင္သြားၿပီး တ႐ုတ္ႏုိင္ငံသို႔ လူကုန္ကူးခဲ့တာ ျဖစ္တယ္လို႔ ရဲတပ္ဖဲြ႕ထံ ထြက္ဆုိထားေၾကာင္း သတင္းမွာ ေဖာ္ျပပါတယ္။ တ႐ုတ္ႏုိင္ငံမွာ ေနထိုင္ခဲ့စဥ္ တ႐ုတ္အမ်ိဳးသားႏွစ္ဦးနဲ႔ လက္ထပ္ခဲ့ရၿပီး ပထမအိမ္ေထာင္နဲ႔ ကေလးႏွစ္ဦး ေမြးဖြားခဲ့ရကာ ဒုတိယအိမ္ေထာင္နဲ႔ ကိုယ္၀န္ေဆာင္ထားရေၾကာင္း အဆိုပါအမ်ိဳးသမီးနဲ႔ ေတြ႕ဆံုသူတစ္ဦးက ေျပာၾကားထားပါတယ္။ လူကုန္ကူးခံရသူအမ်ိဳးသမီးကို မိဘေနအိမ္သုိ႔ ျပန္လည္ပို႔ေဆာင္ခဲ့ေၾကာင္း မြန္ျပည္နယ္ ရဲတပ္ဖဲြ႕ ရဲမွဴးႀကီး ဘုိဘိုဦးက ဧၿပီ ၂၃ ရက္က ေျပာထားျပီး လူကုန္ကူးခဲ့တဲ့ အမ်ိဳးသမီးကို ရဲတပ္ဖဲြ႕က ဖမ္းမမိေသးဘဲ စံုစမ္းေနဆဲ ျဖစ္ေၾကာင္းလည္း သိရပါတယ္။ Source: 7Day Daily Credit: Duwun သက် (၁၇)နှစ်ခန့်က နေရပ်မှ မော်လမြိုင်မြို့သို့ ရထားနဲ့သွားရောက်စဉ် ရထားပေါ်မှာ တွေ့ခဲ့တဲ့ အမျိုးသမီးတစ်ဦးက အိပ်ဆေးခတ် ခေါ်ဆောင်သွားခဲ့တယ်။ တရုတ်နိုုင်ငံမှာ ၁၃ နှစ် ကြာ လူကုန်ကူးခံခဲ့ရကာ တရုတ်အမျိုးသားနှစ်ဦးနဲ့ လက်ထပ်ခဲ့ရပြီး ကလေးနှစ်ဦး မွေးခဲ့ရတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို တရုတ်ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ ကယ်တင်ခဲ့တယ်လို့ သိရပါတယ်။ မွန်ပြည်နယ်ဇာတိဖြစ်တဲ့ အမျိုးသမီးဟာ တရုတ်အမျိုးသားနှစ်ဦးနဲ့ ပေါင်းသင်းကာ ကလေးနှစ်ဦးရှိတဲ့အပြင် ကိုယ်ဝန်လည်း လွယ်ထားရတာဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးကို မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ၈၈ မျိုးဆက် ကျောင်းသားအချို့နဲ့ တရုတ်နိုင်ငံ ရွှေလီရဲတပ်ဖွဲ့တို့ ချိတ်ဆက်ကာ ဧပြီ ၂၁ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ‘‘မူဆယ်နဲ့ မော်လမြိုင် လူကုန်တားရဲတပ်ဖွဲ့ရယ်၊ လူမှုဝန် ထမ်းဦးစီးဌာနရယ် ဦးဆောင်ပြီး ကလေးမလေး မိဘတွေဆီ ပြန်ပို့နိုင်ရေး ဆောင်ရွက်ခဲ့ကြတာပါ။ သူ (လူကုန်ကူးခံရသူအမျိုးသမီး) (၁၇)နှစ်အရွယ်က လူကုန်ကူးခံခဲ့ရတာဖြစ်ပြီး အခုဆို အသက် (၃၀) ရှိပါပြီ’’ လို့ အဆိုပါ ရဲအရာရှိက ပြောကြားထားတာ ဖြစ်ပါတယ်။ အမျိုးသမီးဟာ အသက် (၁၇)နှစ်ခန့်က နေရပ်မှ မော်လမြိုင်မြို့သို့ ရထားနဲ့သွားရောက်စဉ် ရထားပေါ်မှာ တွေ့ခဲ့တဲ့ အမျိုးသမီးတစ်ဦးက အိပ်ဆေးခတ် ခေါ်ဆောင်သွားပြီး တရုတ်နိုင်ငံသို့ လူကုန်ကူးခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံမှာ နေထိုင်ခဲ့စဉ် တရုတ်အမျိုးသားနှစ်ဦးနဲ့ လက်ထပ်ခဲ့ရပြီး ပထမအိမ်ထောင်နဲ့ ကလေးနှစ်ဦး မွေးဖွားခဲ့ရကာ ဒုတိယအိမ်ထောင်နဲ့ ကိုယ်ဝန်ဆောင်ထားရကြောင်း အဆိုပါအမျိုးသမီးနဲ့ တွေ့ဆုံသူတစ်ဦးက ပြောကြားထားပါတယ်။ လူကုန်ကူးခံရသူအမျိုးသမီးကို မိဘနေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး ဘိုဘိုဦးက ဧပြီ ၂၃ ရက်က ပြောထားပြီး လူကုန်ကူးခဲ့တဲ့ အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းမမိသေးဘဲ စုံစမ်းနေဆဲ ဖြစ်ကြောင်းလည်း သိရပါတယ်။ Source: 7Day Daily Credit: Duwun

No comments

Powered by Blogger.