မီးဖွားပြီးနောက် စိတ်ဓာတ်ကျဝေဒနာကို ကာကွယ်ဖို့ အတွက် ကိုယ့် အချင်းကို ကိုယ်ပြန်စားသွားမယ့် Kim Kardashian
မကြာမီက သားလေး Saint ကို မွေးဖွားခဲ့တဲ့ Kim Kardashian ဟာ သူမရဲ့ အချင်းကို ဒီတစ်ခါလည်း ထပ်စားသွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၃၅ နှစ်အရွယ် Kim Kardashian ဟာ သူမရဲ့ အချင်းကို တာရှည်ခံအောင် အေးခဲခြောက်သွေ့ စေပြီး ဆေးလုံးတွေအဖြစ် ပြန်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကလေးအချင်းကနေ လုပ်ထားတဲ့ ဆေးလုံးတွေဟာ ကလေးမီးဖွားပြီးနောက် မိခင်ဖြစ်သူ စိတ်ဓာတ်ကျ၊အားငယ်မှုခံစားရတဲ့ဝေဒနာ (post-partum depression) မဖြစ်အောင် တားဆီးကာကွယ်နိုင်တယ်လို့ သူမ ယုံကြည်ထားကြောင်း သိရပါတယ်။
Kim ဟာ ပထမသမီးဦးကလေး North ကို မွေးဖွားပြီးနောက်လည်း၊ အချင်းကို ဆေးလုံးလုပ်ကာပြန်စားခဲ့ပြီး သူမရဲ့ ၀က်ဘ်ဆိုဒ်မှာလည်း “ အဲဒါ (အချင်း) ကို ခဲသွေ့ အောင်လုပ်ပြီး ဆေးလုံးလေးတွေလုပ်စားတာပါ။ အမဲသားကြော်သလိုကြော်ပြီး ၀ါးစားတာတော့ ဘယ်ဟုတ်မလဲ (ဒါနဲ့  ဒီလိုမျိုး တစ်ချို့ လူတွေလည်း လုပ်တယ်နော်)” လို့ ရေးသားခဲ့ဖူးပါတယ်။
“ ရလဒ်ကတော့ အံ့မခန်းပဲ။ အားအင်တွေပြည့်နေသလိုခံစားရပြီး၊ စိတ်ဓာတ်ကျ အားငယ်တဲ့လက္ခဏာ လည်း မပြဘူး။ ဒီတစ်ခါလည်း သေချာပေါက် ပြန်စားမှာပါ။ ဆေးတစ်လုံးသောက်လိုက်တိုင်း၊ အားအင်တွေ တစ်ဟုန်ထိုး ၀င်လာသလို ခံစားရပြီး နေလို့ ထိုင်လို့ တော်တော်ကောင်းပါတယ်။ လူတိုင်းလည်း ဒီလို စားကြည့်ဖို့ ကျွန်မ လုံးဝညွှန်းချင်ပါတယ်” လို့ Kim က ပြောပြခဲ့ပါတယ်။
Ref: Mirror
No comments