Adele ရဲ့ “Hello” သီချင်းနားထောင်ပြီး အမျိုးသမီး ၆၄ ရာခိုင်နှုန်းလောက် အဆက်ဟောင်းကို ပြန်ဆက်သွယ်မိကြ


Adele ရဲ့ ဆင်ဂယ်လ်အသစ် “Hello” က အဆက်ဟောင်းနဲ့ အမှတ်တရလေးတွေကို  ပြန်တူးဆွ ပေးနေသလိုဖြစ်နေပါလား။ ဒါဆိုရင်တော့ ကျွန်တော်တို့ တွေပဲ ဒီလို ခံစားရတာမဟုတ်ပါဘူး။ အောင်သွယ်တော်ဝက်ဘ်ဆိုဒ် WhatsYourPrice.com က လူပေါင်း ၄၁၀၀၀ ကို စစ်တမ်းကောက်ယူခဲ့ရာမှာ အမျိုးသမီး ၆၄ ရာခိုင်နှုန်းလောက်ဟာ Adele ရဲ့ လွမ်းမောစရာကောင်းတဲ့ အချစ်သီချင်းကို နားထောင်ပြီးနောက် မှာ အဆက်ဟောင်း နဲ့ ပြန်ပေါင်းထုပ်ဖို့ အတွေးတွေ ၀င်လာမိကြောင်း တွေ့ ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အမျိုးသားတွေကတော့ သီချင်းကို ခံစားပုံ နည်းနည်းလေးကွာပါတယ်။ Hello သီချင်းကို နားထောင်ပြီးနောက်မှာ အမျိုးသား ၁၇ ရာခိုင်နှုန်းလောက်ပဲ အဆက်ဟောင်းကို ပြန်ဆက်သွယ်မိချင်တယ် လို့  ဖွင့်ဟပြောကြားခဲ့ပါတယ်။ အဆိုပါလေ့လာမှုအရပဲ၊ အမျိုးသမီးတွေဟာ သူတို့ ရဲ့ အချစ်ရေးမှာ ဘာတွေကများ မှားယွင်းခဲ့ရလဲ ဆိုတာကို ဆွေးနွေးဖို့ ပိုလိုလားကြတယ်လို့ ဆိုပြီး အမျိုးသားအများစုကတော့ ကိုယ့်ဘ၀နဲ့ ကိုယ်ပဲ ရှေ့ ဆက် လျှောက်လှမ်းသွားဖို့ ပိုလိုလားကြတယ်လို့ သိရပါတယ်။

Ref: womenshealthmag 

No comments

Powered by Blogger.