အိမ်ထောင်သည်တွေ နေ့စဉ်ဘ၀တွေကို ငြီးငွေ့မသွားစေဖို့အတွက် နှစ်ဦးသား အတူလုပ်ဆောင်သင့်တဲ့ အချက်များ


အိမ်ထောင်ကျတဲ့အခါ သီးခြားစီ စိတ်ပါဝင်စားမှု၊ ဝါသနာတွေ ရရှိပိုင်ဆိုင်ထားခြင်းကလည်း အရေးကြီးပါတယ်။ ဝေမျှဝိုင်းဝန်း လုပ်ဆောင်တဲ့ ဆောင်ရွက်မှုတွေက မိမိအိမ်ထောင်ဘဝကို သစ်လွင်လတ်ဆတ်စေပြီး တစ်ဦးကိုတစ်ဦး ပိုရင်းနှီးမှု ဖြစ်စေနိုင်ပါတယ်။ အဲဒီအရာတွေက မိမိတို့ချစ်သူစုံတွဲဘဝကို ငြီးငွေ့ဖွယ် မဖြစ်အောင် ပြုပြင်ထိန်းသိမ်းပေးနေတဲ့  နည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။

အပြင်ထွက်ပါ။

တက်ကြွနေသေးတယ်ဆိုရင် လှေစီးခြင်း သို့မဟုတ် စုံတွဲရေခဲပြင် စကိတ်စီးခြင်း စတဲ့ မိမိစိတ်ဝင်စားတဲ့အရာတွေ လုပ်နိုင်ပါတယ်။

လက်မှုအတတ်ပညာဖြင့် ဖန်တီးမှုတွေပြုလုပ်ပါ။

ထမင်းချက်ခြင်း၊ ပန်းပင်စိုက်ခြင်း သို့မဟုတ် အိမ်မှာ ပျော်ရွှင်မှုပေးနိုင်တဲ့ အလုပ်တွေ မိမိကိုယ်တိုင် တီထွင်ဖန်တီးတဲ့ ဘယ်အရာမျိုးမဆို အမြဲတမ်း ပျော်ရွှင်စရာတွေဖြစ်ပါတယ်။

ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေ တက်ရောက်ပါ။

ပညာရှိတွေက ဒေသတွင်းရှိ တက္ကသိုလ်၊ ပြတိုက်များနဲ့ တခါတလေ စာကြည့်တိုက်တွေမှာ သြဝါဒ၊ သွန်သင်ချက်တွေ နာယူတတ်ကြတယ်လို့ ဆိုပါတယ်။

ဘာသာစကားသစ်တစ်ခု သင်ယူပါ။

ခရီးသွားဝါသနာထုံသူတွေဟာ ဘာသာစကားသင်တန်းတွေ အတူတူတက်ရောက်နိုင်ပြီး စိတ်ဝင်စားစရာ တစ်နေရာရာကို ခရီးထွက်လို့ ရပါတယ်။

ဘယ်ဝါသနာကိုပဲ ရွေးချယ်နေပါစေ။ အရေးကြီးတာက နှစ်ယောက်စလုံးအတွက် သံယောဇဉ်ပိုမိုခိုင်မြဲပြီး အပျင်းဖြေနေစေဖို့သာ အရေးကြီးပါတယ်။

trend

No comments

Powered by Blogger.