ဒါတွေ စားသုံးပြီး ဆံပင်ကျွတ်ခြင်း ပြသနာကို ကာကွယ်ကြမယ်


ရေချိုးတဲ့အခါ မိမိဆံပင်တွေ ပုံမှန်ထက် ကျွတ်နေပါသလား။ ဒီလိုဆိုရင်တော့ မိမိနေ့စဉ်ပုံမှန်စားသုံးတဲ့ အစားအစာကို ပြန်လည် ဆန်းစစ်ဖို့ လိုကောင်းလိုပါလိမ့်မယ်။

သံဓာတ်နည်းပြီး ဗီတာမင်-ဒီ လုံလောက်မှုမရှိတဲ့ အချက်တွေက ဆံပင်အားနည်းရတဲ့ အကြောင်းအရင်း ဖြစ်နိုင်ပါတယ်။

ကိုင်ရိုတက္ကသိုလ်မှာ ပြုလုပ်တဲ့ သုတေသနပြုချက်တစ်ခုက ဆံပင်ကျွတ်ပြသနာ ရင်ဆိုင်နေတဲ့ အမျိုးသမီးတွေဟာ ဗီတာမင်-ဒီတူး (Vitamin-D2) နဲ့ သံဓာတ် နည်းနေခြင်းဖြစ်ပြီး ဒီအရာတွေ ပိုနည်းပါးလာခြင်းကြောင့် ဆံပင်ကျွတ်မှု ပိုမိုဆိုးရွားလာတာကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဆံပင်ကျွတ်ခြင်းနဲ့ ပတ်သက်လို့ ဗီတာမင်-ဒီ ရဲ့ အခန်းကဏ္ဍကို အလေးပေးဖော်ပြခဲ့တာ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ပုံမှန်ဆံပင်မွေးညှင်းပေါက်ကြီးထွားမှု ပိုမိုကောင်းမွန်စေတဲ့ မျိုးရိုးဗီဇကို ပုံမှန်ဖြစ်အောင် ထိန်းပေးပါတယ်။

ဗီတာမင်-ဒီ အနည်းဆုံး 600 IU နေ့စဉ် စားသုံးသင့်ပါတယ်။ သို့သော် အသက် ၇၀ ကျော်ရောက်နေပါက အနည်းဆုံး 800 သောက်ပေးသင့်ပါတယ်။

မိမိနေ့စဉ်အစားအစာထဲမှာ ဗီတာမင်-ဒီ လုံလောက်စွာ ရရှိဖို့အတွက် 450 IU ပါဝင်တဲ့ ဆာမွန်ငါး ရွေးချယ်စားသုံးနိုင်ပါတယ်။ နွားနို့ သို့မဟုတ် လိမ္မော်သီးဖျော်ရည်မှာ 115 မှ 135 IU အထိ ပါဝင်ပါတယ်။ ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ အရိုးအက်ခြင်းပြသနာတွေ ကြိုတင်ကာကွယ်ဖို့ ဗီတာမင်-ဒီ ဖြည့်စွက်ပေးခြင်းကိုလည်း စဉ်းစားပေးနိုင်ပါတယ်။ 

Ref: 1mhealthtips

No comments

Powered by Blogger.