ဆယ်ကျော်အရွယ် မီးဖွားခြင်းက လူလတ်ပိုင်းအရွယ်မှာ ကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်


ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းကို လုံးဝခွင့်မပြုတဲ့ အရာတစ်ခုလို့ သိထားကြချိန်မှာပဲ အသက် ၂၀ အရွယ် စောပိုင်းကာလမှာ ကိုယ်ဝန်လွယ်ခြင်းကို အားမပေးတော့ကြောင်း လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။ လူလတ်ပိုင်းအရွယ်ရှိ အမျိုးသမီးများရဲ့ ကျန်းမာရေးက ကလေးဦးမွေးတဲ့အချိန်နဲ့ အိမ်ထောင်ရှိမှု၊ မရှိမှုနဲ့ ဆက်နွယ်ကြောင်း သုတေသီများက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဆယ်ကျော်သက်အရွယ် မီးဖွားခြင်းရဲ့ ဆိုးကျိုးများပေါ် ကျွန်ုပ်တို့ အလေးပေး လေ့လာခဲ့တယ်လို့ အမေရိကနိုင်ငံ အိုဟိုင်းအိုးပြည်နယ်တက္ကသိုလ်မှ ယင်းလေ့လာမှုဦးဆောင်သူ Kristi Williams ဆိုပါတယ်။ စောင့်ကြည့်တာက ပိုမိုကောင်းမွန်ပါလိမ့်မယ်လို့ ယူဆပါတယ်။ ဒါပေမယ့် မိခင်များရဲ့ နောက်ပိုင်းကျန်းမာရေးနဲ့ ပတ်သက်လာရင် အမြဲတော့ မမှန်ကန်ပါဘူး လို့ Williams ထပ်မံပြောဆိုခဲ့ပါတယ်။

ယင်းလေ့လာမှုက အသက် ၁၅ နဲ့ ၃၅ နှစ်ကြား ပထမ ရင်သွေးမွေးဖွားခဲ့သူများနဲ့ ၄၀ အရွယ်မှာ ကျန်းမာရေးချို့တဲ့အရာကနေ ဒေါင်ဒေါင်မြည်တဲ့ အခြေအနေသို့ ရောက်သွားကြတဲ့ အမျိုးသမီး ၃၃၄၈ ဦးဆီမှ အချက်အလက်ကို အသုံးပြုထားပါတယ်။ ဆယ်ကျော်သက် (၁၅- ၁၉ ကြားအရွယ်) အဖြစ် ပထဆုံးအကြိမ် ကလေးမွေးတဲ့ အမျိုးသမီးများ၊ အရွယ်ရောက်ပြီးခါစ (၂၀- ၂၄ အရွယ်) နဲ့ ထိုထက် ပိုရင့်တဲ့အချိန် (၂၅- ၃၅ အရွယ်) မှာ ပထမဆုံးကလေးမွေးတဲ့ အမျိုးသမီးများကို သုတေသီများက နှိုင်းယှဉ်ကြပါတယ်။

ယင်းလေ့လာမှုရလဒ်အဖြေမှာ အသက် ၂၅- ၃၅ အရွယ်အမျိုးသမီးများက သူတို့အသက် ၄၀ အရွယ်မှာ ပိုငယ်တဲ့အုပ်စုနှစ်စုထက် ကျန်းမာရေးပိုကောင်း ဖော်ပြထားပါတယ်။ 

Ref: Indianexpress

No comments

Powered by Blogger.