ဖုန်းကို ရင်သားကြားထဲထည့်ပြီး ရင်သားအရွယ်အစားကို တိုင်းပေးနိုင်မယ့် ထူးဆန်းတဲ့ ဂျပန် app ‘ChiChi’


ChiChi app ရေးဆွဲသူတွေကတော့ ဒီ app ဟာ ဖုန်းကင်မရာနဲ့ ဖုန်းအာရုံခံ ကိရိယာကိုအသုံးပြုပြီး အမျိုးသမီးရဲ့ ရင်သားကို တိုင်းတာပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဂျပန် နိုင်ငံက ရေးဆွဲခဲ့တဲ့ အဆိုပါ app ဟာ စမတ်ဖုန်းကို ရင်သားကြားထဲထည့်လိုက်ရုံနဲ့  အမျိုးသမီးတွေရဲ့ ဘရာစီယာဆိုက်နံပါတ်ကို ဖော်ပြပေးနိုင်တယ်လို့ သိရပါတယ်။

“ChiChi” app ကို ဇန်န၀ါရီလထဲ ထုတ်ဖို့ ရက်သတ်မှတ်ထားပါတယ်။ ဒီ app ကိုရေးဆွဲခဲ့တဲ့ developer တွေကလည်း ကမ္ဘာပေါ်က အမျိုးသမီး ၈၀ ရာခိုင်နှုန်းလောက်ဟာ ကိုယ်နဲ့ ကိုက်တဲ့ဘရာစီယာဆိုက်နံပါတ်ကို မ၀တ်ထားကြဘူးလို့ မှန်းဆပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံက အမျိုးသမီးတန်းတူအခွင့်အရေးရရေး လှုပ်ရှားတဲ့အဖွဲ့ တစ်ဖွဲ့ ကတော့ ChiChi app ကို ဝေဖန်ပြောဆိုထားပြီး အမျိုးသမီးတွေအတွက် တကယ်မလိုအပ်တဲ့ အရာတစ်ခုကို သက်သက်ပိုက်ဆံပေး ၀ယ်ဖို့ အမျိုးသားတွေ ဒီဇိုင်းဆွဲထားတဲ့ အရာတစ်ခုသာ ဖြစ်တယ်လို့ သမုတ်ထားပါတယ်။

“ အမျိုးသမီးတစ်ယောက်က ဘရာတော်လား၊မတော်ဘူးလားဆိုတာ အလိုလိုပြောနိုင်ပါတယ်။ ဘရာစီယာ ဆိုက်မှားနေလို့ ဘရာပွန်းတာ၊ ယားတာ၊ ကသိကအောက်ဖြစ်ရတယ်လို့ အမျိုးသမီးတွေ ညည်းတွားပြောတာမျိုး ဆရာဝန်တွေဆီကနေ သတင်းတွေ ရှင်လို့ ကြားဖူးလို့ လား” လို့ အဆိုပါ ဣထိယ၀ါဒီအဖွဲ့ က ပြောကြားခဲ့ပါတယ်။

‘ChiChi’ ဟာ အမျိုးသမီးရင်သားကို ခေါ်တဲ့ဂျပန်စကားလုံးတွေထဲက တစ်ခုဖြစ်ပြီး ယခုအခါမှာ ဒီ app ကို နောက်နှစ်၊ ဇန်န၀ါရီလထဲမထုတ်ခင် စမ်းသပ်ဖို့ အတွက် အမျိုးသမီးတွေကို ရှာဖွေလျက်ရှိပါတယ်။ ChiChi app ရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်မှာလည်း ဒီ app က အမျိုးသမီးရဲ့ရင်သားကို ဘယ်လိုဘယ်ပုံ တိုင်းတာတယ်ဆိုတာနဲ့ ပတ်သတ်ပြီး နည်းပညာအချက်အလက်အသေးစိတ်တွေ ဖော်ပြထားခြင်းမရှိပါဘူး။

Ref: Mirror 

No comments

Powered by Blogger.