သမီးကိုသတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့ အမျိုးသားက Facebook မှာ Live လွှင့်.


သမီးကိုသတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့ အမျိုးသားက Facebook မှာ Live လွှင့်.
=====÷ ထိုင်းအမျိုးသား ဝတ်တီဆန်နဲ့ သမီးဖြစ်သူ ထိုင်းနိုင်ငံမှာ အမျိုးသားတစ်ဦးက သမီးဖြစ်သူကို သတ်ဖြတ်နေတဲ့ Live ဗီဒီယို Facebook မှာ လွှင့်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (ဧပြီ ၂၅ ရက်) ပြောပါတယ်။ သမီးဖြစ်သူကို သတ်ဖြတ်နေတဲ့ Live ဗီဒီယို ကို Facebook မှာ လွှင့်တင်ခဲ့အပြီး ၂၄ နာရီနီးပါးအကြာမှာ ရဲတပ်ဖွဲ့က သိရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ဗီဒီယိုကို ယနေ့ညနေ ဘန်ကောက်စံတော်ချိန် ၅ နာရီဝန်းကျင်မှာ ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။ ဝတ်တီဆန် မိသားစု ဝတ်တီဆန်အမည်ရှိ အသက် ၂၁ နှစ်အရွယ် ထိုင်းအမျိုးသားက အသက် ၁၁ လအရွယ် ၎င်းရဲ့သမီးကို ဖူးခက်ကျွန်းရှိ ဧည့်သည်တည်းခိုမှုမရှိတဲ့ ဟိုတယ်တစ်ခုမှာ ကြိုးဆွဲချသတ်ဖြတ်ခဲ့ပြီး သတ်ဖြတ်နေစဉ် Facebook မှာ Live ဗီဒီယို လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ Facebook က ယခု Live ဗီဒီယိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး မိသားစုထံ ဝမ်းနည်းကြောင်းပြောကြားခဲ့ပြီး ဗီဒီယိုကို ဖယ်ရှားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ယခုလအတွင်းက အမေရိကန်မှာလည်း သတ်ဖြတ်မှုကျူးလွန်သူက Facebook Live ဗီဒီယို လွှင့်တင်ခဲ့မှုဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် Facebook က Live ဗီဒီယိုနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်မှု ပြုလုပ်မယ်လို့ ကတိပြုထားပါတယ်။ သမီးဖြစ်သူကို သတ်ဖြတ်နေတဲ့ ဗီဒီယိုဟာ YouTube မှာလည်း ပျံ့နှံ့ခဲ့သေးပြီး နောက်ပိုင်းမှာတော့ ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။ သမီးကိုသတ်နေတဲ့ Facebook Live ဗီဒီယိုကို အဆိုပါ ထိုင်းအမျိုးသားရဲ့ ဆွေမျိုးသားချင်းတွေက တွေ့ရှိခဲ့ကြပြီးနောက် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အလျင်အမြန် သွားရောက်ခဲ့ပေမဲ့ ထိုင်းအမျိုးသားနဲ့ သမီးဖြစ်သူတို့ကို အချိန်မီကယ်တင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ထိုင်းအမျိုးသားက သမီးဖြစ်သူရဲ့ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး အမြင့်နေရာမှ ပစ်ချခဲ့တာကို Live ဗီဒီယိုမှာ မြင်တွေ့ခဲ့ရပါတယ်။ ထို့နောက် ကလေးအလောင်းကို ပွေ့ချီယူသွားတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ယခု Live ဗီဒီယိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး "ဒါဟာ ဆိုးရွားတဲ့ ဖြစ်ရပ်ပါပဲ၊ သေဆုံးသူတွေရဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်၊ Facebook မှာ ဒီလိုအရာတွေ လုံးဝမရှိစေရပါဘူး၊ ဒီ ဗီဒီယိုကို ဖယ်ရှားပစ်လိုက်ပါပြီ" လို့ Facebook ပြောခွင့်ရပုဂ္ဂိုလ်က ကြေညာချက် ထုတ်ပြန်ပြောကြားပါတယ်။ အဆိုပါ ဗီဒီယိုဟာ YouTube မှာလည်း လွှင့်တင်မှုရှိခဲ့ပေမဲ့ အကြောင်းကြားမှု လက်ခံရရှိအပြီး ၁၅ မိနစ်အကြာမှာ ဖယ်ရှားပစ်ခဲ့ကြောင်း YouTube က ပြောပါတယ်။ Facebook မှာ မသင့်လျော်တဲ့ Live ဗီဒီယို လွှင့်တင်မှုတွေအပေါ် အငြင်းပွား ဝေဖန်မှုတွေလည်း ရှိနေကြောင်း သိရပါတယ်။ Source & Photo: The Nation, Bangkok Post Via Nurhad




No comments

Powered by Blogger.