မီးခံသတ္တာ​ဖောက်​ထွင်းလူဟာအတွင်းလူဖြစ်​ဖို့များတယ်​ဟုဝန်​ကြီးချုပ်​ ​ပြောကြား. . မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်းရှိတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးရုံးခန်း ဖောက်ထွင်းခံရ *************************************************************************

* မန္တလးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်းရှိ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းကျော်ဇော၏ ရုံးခန်း ဖောက်ထွင်းခံထားရသည်ကို (၂၀၁၇)ခုနှစ် ဧပြီ(၂၄) ရက် နံနက်ပိုင်းက ဝန်ကြီးသည် ဘန်ကောက်ခရီးစဉ်မှာ ပြန်ရောက်လာစဉ်တွေ့ရှိခဲ့ကြောင်း သိရသည်။ '' ကျွန်တော်မီးခံသေတ္တာထားတယ်ဆိုတာက ဘာစာရွက်စာတမ်းမှ မထားထားပါဘူး၊ ကိုယ်ပိုင်တဲ့ စာရွက်စာတမ်းနဲ့ ကိုယ်ငွေပဲ ထားထားတာပါ၊ ကျွန်တော်က အစိုးရငွေလဲ မကိုင်ဘူး၊ သုံးလဲ မသုံးဘူး၊ အဲထဲမှာ အစိုးရငွေတစ်ခုမှ မပါပါဘူး။ အမှုဖွင့်မထားရသေးပါဘူး၊ ပျောက်ဆုံးခဲ့တဲ့ ပစ္စည်းစာရင်း ကြည့်ရပါအုန်းမယ်၊ အစိုးရပစ္စည်းပါတယ်ဆိုရင် ဖွင့်ရမှာပါ၊ ဒါပေမယ် အစိုးရပစ္စည်း၊ စာရင်းဇယားတွေ မပါတဲ့အတွက် ဖွင့်စရာ အကြောင်းမရှိပါဘူး '' ဟု မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောသည်။ ဖောက်ထွင်းသူသည် (၂၀၁၇)ခုနှစ် ဧပြီ(၂၀)ရက် နံနက်(၃)နာရီကျော်က မန္တလးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ ဓာတ်တိုင်တွင် တပ်ဆင်ထားသော CCTV ကင်မရာအား တုတ်ဖြင့်အပေါ်လန်က ဝင်ရောက်ဖောက်ထွင်းခြင်းဖြစ်ကြောင်း၊ ဖောက်ထွင်းသူသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးရုံးခန်းအား ပထမဝင်ရောက်ဖောက်ထွင်းပြီး တိုင်းရင်းသားရေးရာ ဝန်ကြီးရုံးခန်းအား ထပ်မံဖောက်ထွင်းကာ ရုံးခန်းအတွင်းရှိ မီးခံသေတ္တာအား ဖောက်ထွင်းသွားခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းအရ သိရသည်။ '' လုပ်တဲ့လူက အတွင်းလူ။ နီးစပ်တဲ့လူပဲ ဖြစ်မှာပေါ့၊ ဘာလိုလဲဆိုတော့ အတွင်းထဲက စီစီတီဗီတွေကို ၀ါးလုံးနဲ့ အပေါ်ကို ထောက်ထားတာကို ဒါက သုံးသပ်ချက်ပါ၊ စီစီတီဗီအကြောင်း နှံစပ်တဲ့ လူလည်း ဖြစ်နိုင်ပါတယ်၊ အခုတပ်ထားတဲ့ စီစီတီဗီ ကင်မရာတွေက သူနေရာနဲ့ သူ ချိန်ထားပြီးသား၊ ဒါပေမယ် စီစီတီဗီ ကင်မရာအားလုံးက မိုးပေါ် ထောင်ထားသလို ဖြစ်နေတယ်။ အတိအကျကတော့ ရဲတပ်ဖွဲ့ နှင့် CID က စစ်ဆေးချက်ပြီးရင် သိရမှာပါ '' ဟု မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောသည်။ ဖောက်ထွင်းခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဧပြီ(၂၄)ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းကျော်ဇော၏ ရုံးခန်းကို ရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေးဆောင်ရွက်ကာ တရားခံအမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိသည်။ ယခုနှစ် နှစ်ဆန်းပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် ကပ်လျက်ရှိသည့် တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးမှူးရုံးခန်း သော့ကို ဖျက်ခံခဲ့ရပြီး လက်ကိုင်ဖုန်းတစ်လုံး ပျောက်ဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ သတင်းထောက်-ရဲရင့်မာန်(မန္တလေး)(5Plus News) . Via လမ်းပြကြယ်​ဖြူ



No comments

Powered by Blogger.