လေယာဉ်ဘီးခွစီး၍ အသက်နဲ့ရင်းပြီးပိုက်ဆံရှာလိုတဲ့လူငယ်လေးတွေ


#အသက်နဲ့ရင်းပြီးပိုက်ဆံရှာလိုတဲ့လူငယ်လေးတွေ လေယာဉ်ဘီးခွစီး၍ စင်္ကာပူ နိုင်ငံသို့  ၀င်ရောက်ရန် ကြိုးစား ခဲ့သည့် လူငယ်နှစ်ဦး ၁၁-၃-၂၀၁၇ ယခုရက်ပိုင်းအတွင်းမှာ စင်္ကာပူ နိုင်ငံကို နယ်စပ်ဂိတ်ကနေ ၀င်ခဲ့တဲ့ မျောက် မိသားစုရဲ့  ဖြစ်ရပ်နဲ့  တဆက်ထဲမှာ မတ်လ(၁၀)ရက်နေ့ က အင်ဒိုနီးရှားနိုင်ငံ Soekarno-Hatta နိုင်ငံတကာ လေဆိပ် အတွင်းကို ခိုးဝင်ပြီး စင်္ကာပူ ကိုထွက်ခွာမယ့် ဘိုးရင်းလေယာဉ်ကြီးရဲ့ အောက်က ဘီးကိုဖက်တွယ်လိုက်ဘို့  လုပ်နေကြတဲ့ လူငယ်နှစ်ဦးကို လေဆိပ် ၀န်ထမ်းတွေက အချိန်မှီ တွေ့  သွားခဲ့ကြပါတယ်။ အန်ဒရေ အသက်(၂၀) နဲ့  ရာဒီယမ်ဆပ် (၁၇)နှစ်တို့ ကို လေဆိပ်ရဲတွေ က ဖမ်းဆီး စစ်ဆေးနေကြရာမှာ ပိုမိုကောင်းမွန်းတဲ့ ဘ၀ရဘို့  စင်္ကာပူမှာ အလုပ်လုပ်ကိုင်ချင်တာကြောင့် ခုလို့  လုပ်ခဲ့ကြတာဆို သိရပါတယ်။ အာရှက ဆင်းရဲမွဲတေနေတဲ့ နိုင်ငံတွေက လူငယ်တွေဟာ မိမိနိုင်ငံမှာ အလုပ်ကိုင်ရှားပါး- လူနေမှု နိမ့်ကျလွန်းပြီး ဆင်းရဲချမ်းသာ ကွာခြားနေတာ မြင့်မာလာနေပါတယ်၊ အများစုက လူမှုဘ၀ နိမ့်ကျတဲ့ အခြေအနေမှာ နေထိုင် နေကြရပါတယ်။ နိုင်ငံတကာကနေ အတိုး-အတိုးမဲ့ ရနေတဲ့ ခြေးငွေတွေထိုင်းသုံးပြီး အစိုးရကို ဟန်မပျက်လည်ပါတ်နေကြတဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာ တိုင်း ပြည်စီးပွားရေး တိုးတက်လာအောင် ဘာတခုမှုမှ လုပ်မပေးနိုင်တာကြောင့် လူငယ်တွေဟာ ထိုင်ဝမ်-ဟောင်ကောင်-တောင်ကိုရီးယား-စင်္ကာပူ -မလေးရှား စတဲ့နိုင်ငံတွေကိုနည်းမျိုးစုံနဲ့ ဝင်ရောက်ပြီးရရာအလုပ်လုပ်ကိုင်နေကြပါတယ်။ ယခုလိုနည်းမျိုးနဲ့ ခိုးဝင်တာဟာ အလွန်အန္တရယ်ကြီးပြီး သေဆုံးသွားတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ SAW Officers from Aviation Security at Soekarno-Hatta International Airport thwarted a desperate attempt by two men who tried to fly to Singapore by hiding in the wheel well of an aircraft. The officers found the men, Andreas, 20, and Rendiansyah, 17, on the airport’s apron.Soekarno-Hatta International Airport spokesman Dewandono Prasetyo said the two men had sneaked through the airport’s perimeter fence to get onto the apron. They were found by security officers of PT Cardig Aero Services. #SAW.



No comments

Powered by Blogger.