နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့တွင် ချုပ်နှောင်ထားသော လူ ၅ဦးမှ လက်​နက်​နှင့်​ဆက်​စပ်​ပစ္စည်းများလုယူထွက်​​ပြေး ‗


‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗ မောင်​တောမြို့နယ်​နယ်​​မြေ(၂) ​အောင်​ဇံရွာတွင်​ ဆိုင်​ကယ် ၅ စီးဖြင့်​တရားမဝင်​ပစ္စည်းများတင်​​ဆောင်​လာ​​ကြောင်း မတ် ၁၁ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင်​ရွာသားတစ်​ဦး၏ သတင်း​ပေးချက်​အရ ​အောင်​ဇံရဲကင်းမှုးနှင့်အဖွဲ့ဝင်များသည်​သွား​ရောက်​စစ်​​ဆေးခဲ့သည်​။ . ဆိုင်​ကယ်​စီးလာသည့် ဒိုင်းနက်လူမျိုးဟုယူဆရသည့်ငါးဦးအား ​အောင်​ဇံရဲကင်းသို့​ခေါ်၍ ၎င်းတို့နှင့်​အတူပါလာသည့်​ဆာလာအိတ်၊ ကျောပိုးအိတ်​များကို စစ်​​ဆေးရာ ဘီယာဗူး၊ ဆားကစ်​ပြားနှင့်​ ရီမုများကိုရှာ​ဖွေ​တွေ့ရှိခဲ့သည်​။ . စစ်​​ဆေး​နေစဉ်​ ၎င်းတို့ငါးဦးမှရဲတပ်​ဖွဲ့ဝင်​ငါးဦးအားလုံး​ထွေး၍ ရဲကင်းမှBA 94 (၂)​လက်​၊ (ကျည်​အိမ်​ကျည်​မပါ)နှင့်​ BA 63၁ လက်​၊ (ကျည်​အိမ်​တစ်​ခု ကျည်​ဆံ ၁၅ ​တောင့်​)တို့အားလုယူ၍ နယ်​စပ်​မှတ်​တိုင်​ ၄၃ ဘက်​သို့ထွက်​ပြေးသွားခဲ့သည်။ လက်​နက်​များလုယူထွက်​​ပြေးသွားသူများအား နယ်​ခြား​​စောင့်​ရဲတပ်​ဖွဲ့ဝင်​များက လိုက်​လံရှင်းလင်းလျက်​ရှိပြီး ဖြစ်​စဉ်​အား စကားပြန်​မှတစ်​ဆင့်​ ဘင်္ဂလား​ဒေရှ့်​နိုင်​ငံ နယ်​ခြား​စောင့်​တပ်​သို့ ကူညီဖမ်းဆီး​ပေးရန်​ အ​ကြောင်းကြားထား​ကြောင်းသိရှိရသည်​။ . Ref : State Counsellor Information Office Comittee

No comments

Powered by Blogger.