ဝေဖန်တာနဲ့ပတ်သက်လို့ ဖွင့်ချလိုက်သော ~ မြန်မာပြည်သိန်းတန် နှိပ်ကြည့်ရန်


************************************************************************** Myanmar Idol မှာဒိုင်အဖြစ် ဆောင်ရွက်နေတဲ့ မြန်မာပြည် သိန်းတန်ရဲ့ comment တွေအပေါ် ပရိသတ်တွေက ဝေဖန်တာတွေရှိ လာခဲ့တဲ့အတွက် ဒီလိုဝေဖန်မှုတွေ အပေါ် မြန်မာပြည်သိန်းတန်က'' အန်ကယ်ကတော့ ဘာမှမပြောချင် ပါဘူး။ ပြောဖို့လည်း မလိုဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ပရိသတ် တိုင်းက အန်ကယ်တို့ရဲ့ ကျေးဇူးရှင် တွေပါ ဝေဖန်တာနဲ့ပတ်သက်လို့ ဘာမှမပြောချင်ပါဘူး။ အန်ကယ် ထက်ငယ်တဲ့ ပရိသတ်လည်း အန်ကယ့်ကျေးဇူးရှင်ပဲ အန်ကယ့် ထက်ကြီးတဲ့ ပရိသတ်လည်း အန် ကယ့်ကျေးဇူးရှင်ပါပဲ။ အန်ကယ်နဲ့ ရွယ်တူလည်း ကျေးဇူးရှင်ပါပဲ။ အန်ကယ်တို့က အနုပညာသမားဖြစ် တဲ့အတွက် ပရိသတ်ဆိုတာ မိဘ လိုပါပဲ။ မိဘဆိုတာက သူပြောချင် တာ သူခေါင်းထဲမှန်တယ် ထင်တဲ့ ဟာတော့ပြောမှာပဲ။ သူဆုံးမစရာရှိ ရင် လည်းဆုံးမမှာပဲ။ အန်ကယ်တို့ အနေနဲ့က နားထောင်ရမှာပါပဲ။ ဆုံးမတာကိုနာခံပြီးတော့ ဆုံးမတဲ့ ဟာတွေထဲက ယူသင့်တဲ့ဟာလေး တွေ ယူပေါ့။ ပြီးတော့သည်းလည်း ခံရမှာပေါ့နော်။ သူတို့မှာ သူတို့မှန် တယ်ထင်တဲ့ဟာကို ပြောပိုင်ခွင့် ရှိတယ်။ လွတ်လပ်စွာ ပြောပိုင် ခွင့်ရှိတယ်။ သူတို့ဘာသာသူတို့ လွတ်လပ်စွာ ပြောပါစေ။ အန်ကယ် တို့အနေနဲ့ကစိတ်ထဲမှာ ဘာမှ မငြိုငြင်ပါဘူး။ သူတို့ကို မိဘ သဖွယ်ပဲ သဘောထားပါတယ်''လို့ မြန်မာပြည်သိန်းတန်က ပြောခဲ့ ပါတယ်။c redit; TDP 8 DAYS

No comments

Powered by Blogger.