ဘဝမပျက်လိုလျင် ဤ Post လေးတော့ အရေးတကြီး ကြည့်စေချင်သည် အလိုလိုက်ခြင်းရဲ့နောက်ကွယ်မှာ


******************************* စာရေးသူ-မင်းသွေးငယ်(ရာမညမြေ) သမီးက ၃ လ တည်းပါ ဖျက်ချပေးပါရှင့် ကျွန်တော့်ကောင်မလေးက ၄ လတည်းပါ အဖြစ်နိုင်ဆုံး လျှောခနဲ ကျအောင် ဖျောခနဲ ချပေးပါဆရာ ဘယ်လောက်ကုန်ကုန် ဒီအမိုက်မ ခွေးဇာတ်ခင်းခဲ့တဲ့ ဟာမ သမီးလို့တောင် ခေါ်ရမှာ ရှက်တယ် မွေးခဲ့ရတာ ဝမ်းရည်စပ်လွန်းလို့ပါဆရာ သူက ကျွန်မ သမီးအငယ်ဆုံးလေးပါ အဆင်ပြေအောင် လုပ်ပေးပါနော် ဘုရား ဘုရား သြော် လူတွေ လူတွေ ဆေးရုံ/ ဆေးခန်းကို သားသတ်ရုံများ အောက်မေ့နေရော့သလား ဥပဒေနဲ့ ဆေးပညာရှင်တွေရဲ့ ကျင့်ဝတ်ကိုတောင် မထောက်ထား တောင်းဆိုနေလိုက်ကြတာများ တရားရစရာပါလေ မမှားခင်က ဆရာရေ ဒါမျိုး ကျွန်မ လုပ်သင့်/မလုပ်သင့် ဘယ်သူကများ တထင့်ထင့် တိုင်ပင်ခဲ့ဖူးလဲ အခုတော့ လွဲပြီပေါ့ အရင်းစစ်တော့ အမြစ်မြေက ဆိုသလို ဒီသား ဒီသမီး ကိုယ့်လက်ထဲ ကြီးလာသူတွေ လက်ဦးဆရာက မိဘကိုယ်ဆိုတာ မေ့များ မေ့နေရော့သလား ခေတ်ကြောင့် ဖြစ်တာလား စနစ်ကြောင့် ဖြစ်တာလား အချစ်ကြောင့်ဖြစ်တာလား သေချာတာတော့ ကာယကံရှင်အစစ်ကြောင့် ဖြစ်နေတယ်ဆိုတာ ရှင်းနေတာပါပဲ သုတေသနတောင် လုပ်စရာမလိုပါဘူး သားရေ သမီးရေ ထန်းရေဆိုင် အရက်ဆိုင်သွား မင်းတို့လေးတွေအတွက် အစဉ်ထာဝရ ဂုဏ်ယူဝင့်ကြွားလျက်ပါဆိုပြီး ဘယ်မိဘ/ဘယ်ဆရာသမား ဘယ်အကြီးအကဲများကမှ မတော်မတည့် ပဲ့ရွဲ့စွေစောင်းတဲ့မဟုတ်မဟတ်လမ်းကြောင်းကိုဝမ်းသာအားရ လမ်းညွှန်မှာမဟုတ် ဆင်ခြေပေးလိမ့်မယ် လူငယ်ဆိုတာ Innovative Creature စူးစမ်းတတ်တဲ့ သတ္တဝါ အကုန်လုပ်ဖူးရမယ် မှန်ပါတယ် ဘာမှ မငြင်းလိုပါ ဒါပေမယ့် စမ်းအပ်တာနဲ့ မစမ်းအပ်တာ ခွဲခြားတတ်ရမှာလေ ပြီးတော့ ဘယ်အရာမှာမဆို Limit ဆိုတာ ရှိတယ် တောရော မြို့ပါ မိဘတွေခမျာမှာတော့ ကျုပ်သား/ကျုပ်သမီး ပညာတတ်ကြီးဖြစ်ပါစေတော့ဆိုတဲ့မျှော်လင့်ချက် တွေနဲ့ ရှိစုမဲ့စုလေးတွေ ခြစ်ခြုပ်ကုပ်ကပ်ပြီး နှစ်ပေါင်းများစွာ သင်ပေးလိုက်ရတဲ့ပညာတွေ အိပ်ယာဝင်တိုင်း မမောနိုင်မပန်းနိုင် ပြောပြလိုက်ရတဲ့ အလိမ္မာပုံပြင်တွေ အမြုပ်တစီစီ နားတဝီဝီ ဖြစ်အောင် ပြောပြလိုက်ရတဲ့ ဆုံးမစကားတွေ အိမ်မှာရော ကျောင်းမှာရော တက္ကသိုလ်မှာပါဖတ်လိုက်ရတဲ့စည်းမျဉ်း စည်းကမ်းတွေ ဒါတွေ ဒါတွေအားလုံးက ဦးနှောက်တိုးယိုပေါက်နဲ့ သင်ပြီး မေ့ပျောက်ဖို့မဟုတ်ဘူးလေ လက်တွေ့နယ်ပယ်မှာ ကျင့်သုံးဖို့ လူကောင်း/လူတော်မဖြစ်ချင်နေ မတော်မတတ်ချင်နေ ဘွဲ့ ဒီဂရီ MSc PhD မရချင်နေ ဗလ ငါးတန်လုံး မပြည့်ချင်နေပါစေ ကောင်းမွန်တဲ့ ကိုယ်ကျင့်သီလ/စာရိတ္တဆိုတဲ့ ဗလလေး တစ်တန်တော့ ပြည့်ပေးဖို့လိုလိမ့်မယ် ယနေ့ မြန်မာမှာရော/ကမ္ဘာမှာပါ အညှာလွယ်လို့ အိပ်ယာဝင်တိုင်း မျက်ရည်တွေဝိုင်းနေရတဲ့နိုးတစ်ဝက်အိပ်ပျက်ညတွေအတိုး/အရင်းပေါင်းခံစားနေရတဲ့ မိန်းမသားပေါင်း သန်းနဲ့ချီ ရှိတယ် ဒီ အိပ်ပျက်ညတွေ ဘယ်သူဖန်တီးခဲ့သလဲ သိက္ခာထက် တဏှာရိက္ခာသယ်ခဲ့တဲ့ကိုယ့်အမှား သူများကို ဆဲချင်နေပါသေးလား ကံကို ပုံချ မရမက စွပ်စွဲချင်သေးလား သေချာစဉ်းစား တကယ်တော့ ဘဝကိုယ်ခံအားကောင်းသူ တစ်ယောက်ဟာကိုယ့်သိက္ခာကို ဘယ်လို လူ့လောကစည်းစိမ်နဲ့မှ မတန်မရာ စတေးလေ့မရှိဘူး နှုတ်မရတဲ့ နောင်တဆူးတွေ မြင်လို့ပေါ့ ဘယ်လို ဖြားယောင်းမှုမျိုးနဲ့မှဆုံဆုံ မချစ်ဖူးသေးလို့ အချစ်ဆူးဆူးပြီး အချစ်ရူးရူးနေရပါတယ်ဆိုတဲ့ ဆင်ခြေ ပရပွနဲ့ ဘယ်လို Love Shock မျိုးနဲ့ပဲ ကြုံကြုံ ကိုယ့်ဘက်က ခံလိုက်ရတာ ကိုယ်ညံ့လို့ ကိုနဲ့ချစ်တို့ အချစ်ငွေ့တထောင်းထောင်းထ ချစ်စိတ်လေးတွေ ကြွစေဖို့ ရှက်စိတ်လေးကုန် မှားကောင်းရုံဆိုပြီး ရဲဆေးစုံစုံ အနားမှာပုံ မူးယစ်သေစာ/ထန်းရည်နံ့/အရက်နံ့တွေ ကော်နံ့တွေ ဟုံလို့ အသိစိတ်ကုန် အချစ်ဆိပ်ထုံလို့ သွေးသားခန္ဓာတစ်ခုလုံး ပုံပေးမိတာမျိုးမဖြစ်စေနဲ့ တစ်သက်လုံး ဒူးနဲ့ မျက်ရည်သုတ် ဘဝမည်းညစ်ပုတ်သိုးမှာ စိုးလို့ပါ အခုကြည့်ပါလေ ချစ်သူကောင်လေး သောက်စားရင်တောင် ထိန်းရမယ့်အပျိုလေးတွေ ထိန်းဖို့နေနေသာ ကိုယ်တိုင် ထဘီမနိုင်ပုဝါမနိုင် သောက်စားမူးယစ်နေတဲ့အဖြစ် ရာဇဝင်တော့ မဲညစ်တော့မည်ထင်ပါရဲ့ အဲဒါ တော်လေးဝဝင်တွေ အိမ်ရှင်မကောင်းတွေ မိခင်ကောင်းတွေဖြစ်လာမယ့်သူတွေ သူတို့တွေရဲ့အနာဂတ်ရှေ့ရေး တွေးရင်း ရင်လေးမိသည်တော့အမှန် မူးနေတုန်း ဘယ်သူ့လက်ချက်မိသွားသည်မသိ အဖေမရှိ မွေးခဲ့တဲ့ ကလေးပေါင်း ဆေးရုံမှာ ထောင်သောင်းမက ရှိခဲ့ဖူးပြီ ပေးဆပ်ရတာခြင်းတူခဲ့ရင်တောင် ကျားနဲ့မ ဘဝ ဘယ်သူပိုနာရလဲ သဲကွဲပါတော့ စွဲမြဲပါတော့ ညီမလေးတို့ No---No--Absolutely not! It is not our job. ဆေးရုံ ဆေးခန်းက ကျင့် ဝတ်အရ ခေါင်းခါ ငြင်းပယ်တဲ့ ပုံရိပ်တွေ လူနာခုတင်ထက်က အပြစ်မဲ့ ငိုရှိုက်သံတွေ အပြစ်ရှိတဲ့ မသေမရှင် ငိုညည်းသံတွေ လူငယ်တွေရဲ့ လွယ်အိတ်ထဲ ကျောင်းစာအုပ်အစား Condom တွေ Sex Pill တွေ Stimulus itemတွေ နေရာယူနေတဲ့ဖြစ်စဉ်ပေါင်း သောင်းခြောက်ထောင် အပျိုတန်မဲ့ တားဆေးတွေ အတိုင်းအဆမဲ့ တစွတ်စွတ်ခိုးသောက် သားအိမ်မှာအကြိတ်ပေါက်တဲ့ ဖြစ်စဉ်တွေ "အမိုက်မရေ ညည်းက အရှက်ကို အသက်နဲ့လဲ ခဲ့တာပေါ့လေ အီး ဟီး ဟီး"ဆိုတဲ့ မိဘတွေရဲ့ ရင်ဘတ်စည်တီး ငိုဟည်းနေတဲ့အသံတွေ အရွယ်ငယ်ငယ်နဲ့ သုသာန်တစပြင်က အုတ်ဂူဖွေးဖွေးမှာ ကွေးခဲ့ရတဲ့ ပွင့်ပန်းနုဖတ်လေးတွေ အချစ်ဆစ်ပိုးထိုး ညှိုးခဲ့ရတဲ့ ပန်းခြောက်လေးတွေ အိုးးး သုသေတနအရ ပြောမကုန် စုံလို့ပါပဲ အချစ်ဘရိတ်လေး အချိန်မီ အုပ်ကြပါကွယ်တို့ ဒီအချိန် ဒီလိုနေရာမျိုးမှာ ဥပုသ်စောင့်သူတော်ကောင်း ရှိ/မရှိ တော့ မသေချာဘူး အေး သေချာတာတစ်ခုတော့ ရီဝေယစ်မူး တဏှာကြူးလာရင် ကိုယ့်ဘဝ ကိုယ့်အလှလေး အမည်မသိ ခိုးသား ၅၀၀လက်ချက်ဘေးနဲ့ ကွေးခနဲ မိသွားနိုင်ပါတယ် ဆိုတဲ့ အကြောင်း နောင်တမဦးခင် အသိဦးစေရေး စေတနာကောင်းနဲ့ သတိပေးလိုက်ပါရစေနော် ************************************* ချစ်သူခေါ်ရာ သေရွာပင်ဖြစ်ဖြစ်မဖြစ်/ ဖြစ်အောင် လိုက်မည်ဆိုသည့် အချစ်Hero မလေးများအတွက် သတိလေးချပ်နိုင်စေရေးအလေးထား Share ပေးကြပါကုန် ************************************* စာရေးသူ မင်းသွေးငယ်(ရာမညမြေ) နိုင်ငံတော်နှင့် အာဆီယံအဆင့်စာပေဆုများရှင် ရောဂါဗေဒဌာန



No comments

Powered by Blogger.