ဦးကိုနီလုပ်ကြံခံရမှုတွင် သေဆုံးခဲ့ရသည့် ဦးနေ၀င်း၏မိဘနှစ်ပါးကို နာရေး ကူညီမှုအသင်း ဦးကျော်သူ ပြောလိုက်သည့် စကား


ဦးကိုနီလုပ်ကြံခံရမှုတွင် သေဆုံးခဲ့ရသည့် ဦးနေ၀င်း၏မိဘနှစ်ပါးကို နာရေး ကူညီမှုအသင်း(ရန်ကုန်)က ရာသက်ပန်ကျန်းမာရေးစောင့်ရှောက်ပေး မည် ဦးကိုနီ လုပ်ကြံခံရမှုတွင် သေဆုံးသွားခဲ့သော ဦးနေ၀င်း၏ ကျန်ရစ်ခဲ့သောမိဘနှစ် ပါးကို နာရေးကူညီမှုအသင်းမှ ရာ သက်ပန်ကျန်းမာရေးစောင့်ရှောက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ နာရေးကူညီမှုအသင်းမှ ဦးနေ ၀င်း၏မိဘနှစ်ပါးထံ ဖေဖော်ဝါရီ ၁၁ ရက်က "သူရဲကောင်းဂုဏ်ပြုလွှာ" နှင့် ဦးနေ၀င်း၏ မိခင်ဖြစ်သူအတွက် တစ်လစာဆေးဖိုး ပေး အပ်လှူဒါန်း ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ကိုလည်း ရာသက်ပန်ပြုလုပ်ပေး သွား မည်ဖြစ်ကြောင်း နာရေးကူညီမှုအ သင်း၏ ပညာရေးအကြံပေးဖြစ်သူ ဒေါ်နီလာက ဒီမိုကရေစီတူဒေး သို့ ဖေဖော်ဝါရီ ၁၁ ရက်ကပြောသည်။ "အဘိုးနဲ့အဘွားက သား တစ်ယောက်ဆုံးရှုံးတယ်။ ပြီးတော့ ကလေးလေးတွေ က အဖေတစ် ယောက်ကိုဆုံးရှုံးတယ်။ ဆရာမတို့ က နေရာအပြည့်တော့ယူလို့တော့ မရဘူး။ သူတို့ကို ဆရာမတို့အသင်း က ဘာဖြည့်ဆည်းပေးနိုင်လဲ။ အဲဒါ ကိုဖြည့်ဆည်းတာ။ သူတို့ရဲ့ဆုံးရှုံးမှု ကတော့ တိုင်းတာလို့မရဘူးပေါ့။ ဒါ ပေမဲ့ အသင်းဘက်ကနေပြီးတော့ အဘိုးနဲ့အဘွားကိုကျန်း မာရေးစောင့် ရှောက်ပေး မယ် " ဟု ၎င်း ကပြောသည်။ နာရေးကူညီမှုအသင်းသည် ယင်းအကူ အညီများအပြင် ကျန်ရစ်ခဲ့သည့်ကလေးငယ် များကိုလည်း ကျန်းမာရေး၊ ပညာရေးစောင့် ရှောက်မှုများကို ပြုလုပ်ပေးသွားမှာဖြစ်ကြောင်း သိရသည်။ "ဆရာမတို့ကူညီတာကတော့ ကိုယ့်ခြေ ထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ အထိ ကူညီ ပေးသွားမှာပါ။ နို့မို့ဆိုရင် ကလေးတွေက ကိုယ့် ကိုယ်ကိုယ်ယုံကြည် မှုအားနည်းသွားမယ်။ အဲ ဒီတော့ အဖေမရှိပေမယ့် ကိုယ့်ကိုယ်ကိုယ်ယုံကြည် မှုအပြည့်နဲ့ ရှေ့ ဆက်နိုင်အောင်၊ အသက်မွေး ၀မ်းကျောင်း မှန်မှန်ကန်ကန်ဖြစ်သွားအောင်၊ လမ်းကြောင်းမှန်မှန်လေးနဲ့ ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ်တည်နိုင်အောင်ထိပေါ့ " ဟု ဒေါ်နီ လာက ပြောသည်။ လက်ရှိအချိန်တွင် ဦးနေ၀င်းဖခင်သည် လသာမြို့နယ်တွင် မိခင်နှင့်နေထိုင်လျက်ရှိပြီး ယခုကဲ့သို့ အကူအညီပေးသည့်အတွက် များစွာ ကျေးဇူးတင်ရှိကြောင်း မိခင်ဖြစ်သူ ဒေါ်လူငွေ ဟောင်းက ပြောသည်




No comments

Powered by Blogger.