သက်တမ်းကုန် အနှိပ်ခန်းရဲဝင်ဖမ်း မြန်မာနိုင်ငံသူများပါဝင် =========================




သက်တမ်းကုန် အနှိပ်ခန်းရဲဝင်ဖမ်း မြန်မာနိုင်ငံသူများပါဝင် ========================= ဘန်ကောက်မြို့  ဟွေ့ ခွမ် မချာအူထစ် လမ်းမကြီးမှာဖွင့်ထားတဲ့ လေးထပ် တိုက် နံမည်ကြီးအနှိပ်ခန်းကို စုပေါငျး ရဲတပ်ဖွဲ့ ဝင်တွေ က မနေ့ ည (၁၀)နာရီမှာ ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ အဆောက်အဦးအတွင်းမှာ ထိုင်းနိုင်ငံသူ (၁၃)ဦး မြန်မာ(၁၈)ဦးနဲ့  လာအို နိုင်ငံသူ တစ်ဦးကို အလုပ်လုပ်ခွင့် သက်တမ်းကုန် လိုင်စဉ်ကိုင်ဆောင် ထား တာကြောင့် ဖမ်းဆီးခဲ့တယ်လို့ သိပါတယ်။ ဖမ်းလိုက်တဲ့အမျိုးသမီးတွေမှာ မြန်မာနိုင်ငံသူတစ်ဦးဟာ အသက်(၁၈)နှစ် မပြည်သေးတာတွေ့ ရကြောင်း ၊ ယခုလို အနှိပ်ခန်းနဲ့  ကာရာအိုကေလုပ် ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့အသား ဖြူဖြူချောမောလှပတဲ့ မြန်မာနိုင် ငံသူတွေက မြောက်ပိုင်း ချင်းမိုင်း ချင်းရိုင်ဖက်ကနေ ၀င်ရောက် လာ တာ ရှမ်းတိုင်းရင်းသူတွေ အများစုဖြစ်ကြပါတယ်။ ခုလိုနာမည်ကြီးအနှိပ်ခန်းတွေမှာ လုပ်ကိုင်နေသူတွေအတွက် ၀င်ငွေဟာ ဧည့်သည်တစ်ဦးကို ဘတ်ငွေ ၁၇၀၀(ကျပ် ၆၀၀၀၀ ) မှ(ကျောင်းသူ-မော်ဒယ်နဲ့ -အသက် ငယ်သူတွေဆို ရင် ဘတ်ငွေ၅၀၀၀(ကျပ် နှစ်သိန်းနီးပါး) အထိ ပေးပြီးပျော်ပါးနေကြတာပါ။ ထိုင်းနိုင်ငံသူတွေကတော့ ရလာတဲ့ငွေကို အခန်းကြေးနုတ်ပြီး ပိုင်ရှင်နဲ့  တယောက်တ၀က် ခွဲယူရ သလို မြန်မာနိုင်သူတွေအတွက် ဈေးနိမ်ပြီး ဧည့်သည်တစ်ဦးကို ဘတ် ငွေ(၅၀၀)သာ ပေးကြကြောင်းသိရပါတယ်။ ဖမ်းဆီးခံရသူတွေကို ရဲစခန်းမှာဘဲ ပိုင်ရှင်က လာရောက်ရွေးကြသလို့  တချို့ လည်း လူဝင်မှုကြီးကြပ်ရေး ထိမ်းသိမ်းစခန်းကနေ ထိုင်းမြန်မာနယ် စပ် မဲဆိုင်ဘက်ကို ပြန်ပို့ ခံရပါတယ်။ SAW Boost Unavailable


No comments

Powered by Blogger.