မိန်းမတွေကငွေမက်တယ် တဲ့လား သိချင်ရင် နိပ်ကြည့်နော်


______________________________ မချစ်နိုင်လို့  စွန့် သွားရင် လည်းကျေနပ်ပါတယ် မောင် မဖြစ်နိုင်လို့  လမ်းခွဲသွားရင်လည်း ကျေနပ်ပါတယ် ။ ဘဝနှစ်ခုပေါင်းစပ်ဖို့ ဆိုတာလွယ်မယောင်နဲ့ ခက်ခဲလွန်း တယ်ဆိုတာ အချစ်နဲ့ မကင်းလူတိုင်းသိပါတယ် ။ တကယ်တော့ ဘယ်လောက်ချစ်တဲ့သူတွေဖြစ်ပါစေ ဖူးစာကံနဲ့ မဆိုင်ဘူး ခြားနားမှုတွေရှိလာရင် ကျောခိုင်းရ စမြဲပါ ။ ကျွန်မတို့ တွေထပ်တူညီစွာချစ်ခဲ့ကြပါတယ် ။ ဘာကြောင့် ဝေးကွာခြင်းက လက်ကမ်းလာခဲ့တာလည်း မတူညီကြတဲ့ ဘဝနှစ်ခုဖြစ်နေကြလို့ ပဲ ။ ဘယ်သူဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူနဲ့  လက်ထပ်တဲ့ သူဆိုတာ တစ်ယောက်ထဲဖြစ်ချင်ကြတာပေါ့ ။ အချစ်တစ်ခုနဲ့  မပြီးတဲ့ လူ့ လောကသဘာဝကြောင့် လမ်းခွဲခြင်းတွေလက်ခံရချိန် အချစ်ဟာ ဘဝမဟုတ်ပါလား ဆိုတဲ့ အသိကို ရင်နဲ့ ရင်းပြီး လက်ခံခဲ့ရပါတယ် ။ မချစ်လို့  မဟုတ်ပဲလမ်းခွဲရချင်းက ခက်ခဲလွန်းပါတယ် ။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်ကို စချစ်ပြီဆိုထဲက ကိုယ်ချစ်တဲ့မိန်းကလေးတစ်ယောက်ရဲ့ ရှေ့ ရေးနဲ့ ဘဝကို ထည့်စဉ်းစားပေးရမဲ့ ဝတ္တရားကို အလေ့မမူတဲ့သူ မောင့် အတွက်တော့ နာကျည်းစရာဖြစ်လိမ့်မယ် ။ ကျွန်မအတွက်တော့ ကိုယ်အားကိုးတကြီး လှမ်းဆွဲလိုက်မိတဲ့ လက်က ကိုယ့်ဖက်ပြန်လဲကျမဲ့ အဖြစ်က တားစီးခွင့်ရလိုက် လို့  နှလုံးသွေးတွေဆူပွတ်နေပေမဲ့ မျက်ရည်တွေမကျစေခဲ့ဘူး ။ မိန်းမတွေက ငွေမက်တဲ့အမျိုး တဲ့လား စွတ်စွဲချက်တွေက ပြင်းထန်လွန်းပါတယ် ။ ဒီလိုခေတ်ကြီးထဲ မိန်းမတွေမှမဟုတ် ပါဘူး ယောက်ျားသားတွေတောင် ငွေဆိုတဲ့အရာကို ကြိုက်နေတာပဲမဟုတ်လား ။ မိန်းမသားတွေငွေမက်တယ် ပြောခံရလည်း နာစရာတော့မဟုတ်ပါဘူး ။ ဘယ်လောက်ချစ်တဲ့သူတွေဖြစ်ပါစေ တစ်အိုးတစ်အိမ် ထူထောင်ပြီးမှ စီးပွားရေးအဆင်မပြေလို့  ကွဲသွားကြတဲ့ လူတွေ ၊ တကျက်ကျက်စကားများနေကြတဲ့အိမ်ထောင်တွေ ကိုယ့်မျက်စိရှေ့ မြင်နေရတာအများသားလေ ။ ဒီလူတွေဟာချစ်သူဘဝမှာ ကိုယ်တွေလိုသိပ်ချစ်ခဲ့ကြတဲ့ လူတွေပေါ့ ။ အချစ်တွေဟာ အမုန်းဖြစ်ကုန်ကြပြီ ဒါကြောင့်ကျွန်မတို့ ရဲ့ အချိန်မှီလမ်းခွဲခြင်းအတွက် ကျေနပ်လိုက်ပါ မောင် ။ မိန်းမသားတစ်ယောက် ဘယ်လောက်ပဲ တော်နေပါစေ လင်ယူသားမွေးကိစ္စဖြစ်တဲ့ အိမ်ထောင်ပြုခြင်းနောက်ကွယ် မှာ လူမှုရေးဆုံးရှုံးမှုတွေအများကြီး ။ အဲ့လိုမျိုး အနှောက် အရှက်ဟာ ပြီးပြည့်စုံမှ အိမ်ထောင်ပြုကြသူတွေအတွက် ဘာမှမဖြစ်ပေမဲ့ မပြည့်စုံခင် လက်ထပ်လိုက်ရတဲ့ မိန်းမသား တွေအတွက် အတော်လေးတုန်လှုပ်စရာကောင်းတဲ့ အနောက်အယှက်ဖြစ်စေပါတယ် ။ ဒါကြောင့်အိမ်ထောင်ပြုမယ်ဆိုရင် မိမိဘဝလုံခြုံရေးကို ထည့်တွက်တဲ့ကျမဟာငွေမက်တဲ့ မိန်းမတစ်ယောက်ဖြစ်နေခဲ့ရင် မှားလား ။ မိန်းကလေးတစ်ယောက်ရဲ့ဘဝကို အချစ်တစ်ခုထဲချစ်နေရုံ နဲ့ မပြီးပါလား ဆိုတဲ့ အသိဝင်သွားရင် ကျွန်မကို ကမ္ဘာမကျေ မုန်းလိုက်ပါ ကျေနပ်ပါတယ် ။ လူတစ်ယောက်ကိုအသက်မကချစ်ပေမဲ့ မုန်းဟန်ဆောင်ပြီး ရင်ထဲက အချစ်တွေကို သိမ်းဆည်းနှလုံးသားကိုစတေး ပစ်လိုက်တဲ့ ကျွန်မကိုယ်ကျွန်မမုန်းမိပေမဲ့ အမုန်းခံဘဝမှာ ပျော်နေပါတယ် ။ ဘာလို့ လည်းဆိုတော့ ကိုယ့်ကြောင့်လူတစ်ယောက် ရဲ့ ဘဝပြုပြင်ပြောင်းလည်းသွားခဲ့လို့ ဘဲ ။ ဒါပေမဲ့ မောင်တစ်ခုသိထားရမှာက အချစ်ကိုလေးနက်စွာနဲ့  သိပ်ချစ်တတ်တဲ့ မိန်းမတွေဟာ သစ္စာတရားကို သေရာပါ ယူသွားတတ်ကြတယ်ဆိုတာလေးတစ်ခုပါ ။ ကြိုက်သလိုသာ မုန်းလိုက်ပါတော့ ။ #MayNoe်

No comments

Powered by Blogger.