"ပုဂံခေတ်ဝတ်စုံနဲ့မြန်မာလိုမင်္ဂလာဆောင်တဲ့ ရုရှားစုံတွဲ"


"ပုဂံခေတ်ဝတ်စုံနဲ့မြန်မာလိုမင်္ဂလာဆောင်တဲ့ ရုရှားစုံတွဲ" (ရန်ကုန် -ဖေဖော်ဝါရီ မြန်မာနိုင်ငံကိုနှစ်စဉ်လာရောက်လည်ပတ်လေ့ရှိတဲ့ ရုရှားမောင်နှံနှစ်ဦးဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေပိုင်းက ပုဂံမြို့မှာပုဂံခေတ်ဝတ်စုံတွေဆင်ယင်ပြီး မင်္ဂလာပွဲပြုလုပ်ခဲ့ပါတယ် ။ သတို့သား Gubanov Alexey နဲ့ သတို့သမီး Malykh Ekaterina တို့ဟာ တောင်ဘီရွာက ကံမဘုန်းကြီးကျောင်းမှာ မြန်မာလူမျိုးတွေ ရဲ့ဓလေ့ထုံးစံအတိုင်း စုလျားရစ်ပတ် လက်ထပ်ထိမ်းမြားပွဲကိုပြုလုပ်ခဲ့တာဖြစ်ပြီး ကြွရောက်လာ တဲ့မြန်မာ ပရိတ်သတ်များကိုမြန်မာ့ဆိုင်းဝိုင်း ၊ မင်္ဂလာညစာ များနဲ့ဧည့်ခံခဲ့တယ် လို့သိရပါတယ် ။ အဆိုပါမင်္ဂလာပွဲကို ဦးဆောင်ပြုလုပ်ပေးခဲ့တဲ့ Nature Dream ခရီးသွားလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာဒေါ်စပယ်အောင်က " သတို့သားနဲ့မိသားစုက ပုဂံဝတ်စုံဝတ်ပြီး ဒီလိုမျိုးဆောင်ချင် တယ်ဆိုပြီးတောင်းဆိုလို့ စီစဉ်ပေးတာပါ ၊ အရံတွေအကုန်လုံး ကလည်းရုရှားလူမျိုးတွေပါပဲ " လို့ပြောပါတယ် ။ သတို့သားနဲ့မိသားစုဟာမြန်မာပြည်ကိုလာရောက်လည်ပတ်တာ ယခုနှစ်နဲ့ဆိုရင်ဆယ်ကြိမ်မြောက် ရှိပြီဖြစ်ပြီး နှစ်စဉ် ရုရှား ခရီးသွားတွေကို စုစည်းပြီးမြန်မာပြည်ကို လာရောက် လည်ပတ်လေ့ရှိ သူများဖြစ်တယ်လို့ ဒေါ်စပယ်အောင်ကပြောပါတယ် ။ MZ photo -Nature Dream #Via. Popular News Journal.





No comments

Powered by Blogger.