ကင်ဂျုံအန်းအစ်ကိုအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် အမျိုးသမီး ၂ ဦး၏ စီစီတီဗွီမှတ်တမ်း ထွက်ပေါ်


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အစ်ကိုဖြစ်သူ ကင်ဂျုံနမ်ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်ထဲမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးနောက်မှာ သူ့ကို လုပ်ကြံခဲ့တဲ့ အမျိုးသမီး ၂ ဦးရဲ့ စီစီတီဗွီ ရုပ်သံမှတ်တမ်း ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတဦးဟာ LOL စာတမ်းပါ အပေါ်အင်္ကျီကို ဝတ်ဆင်ထားခဲ့ပြီး အပြာရောင်ဘောင်းဘီတိုနဲ့ ဆလင်းဘက်အိတ်တလုံးကို လွယ်ထားခဲ့တာဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အာရှသူလို့ ယူဆနိုင်တဲ့ ဒီအမျိုးသမီးတွေရဲ့ ပုံတွေဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့ပြီး ဒီလုပ်ကြံမှုဟာ မြောက်ကိုရီးယားရဲ့ လုပ်ကြံမှုလို့ ယူဆနေကြတာပါ။ ဂျပန်အခြေစိုက် ကျိုဒိုသတင်းဌာနကတော့ သူတို့ ၂ ဦးလုံးဟာ သေဆုံးသွားခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်နေကြောင်း ဖော်ပြခဲ့ပါတယ်။ အဲဒီအမျိုးသမီး ၂ ဦးဟာ မြောက်ကိုရီးယားကနေ စေလွှတ်ထားခဲ့တဲ့ သူလျှိုအမျိုးသမီးတွေဖြစ်နိုင်ပြီး အရင်တုန်းက တိုက်ခိုက်မှုတွေမှာလည်း ပစ်မှတ်ထိပြီးရင် ကိုယ့်ကိုယ်ကိုယ် သတ်သေတာ၊ ဒါမှမဟုတ် အသတ်ခံရတာမျိုးတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၈၇ ခုနှစ်တုန်းက ခရီးသည် ၁၁၅ ဦး သေဆုံးခဲ့ရတဲ့ တောင်ကိုရီးယားလေကြောင်းလိုင်း အသေခံ ဗုံးဖောက်ခွဲမှုမှာလည်း တရားခံ ကင်မ်ဟွန်ဟီးဟာ သေဆုံးသွားခဲ့တာပါ။ ခုဖြစ်စဉ်မှာတော့ ကင်ဂျုံနမ်ဟာ လေဆိပ်တွင်း မကာအိုကိုထွက်ခွာမယ့် လေယာဉ်ကို စောင့်ဆိုင်းနေချိန်မှာ အမျိုးသမီး ၂ ဦးက နောက်ကဖမ်းချုပ်ပြီး အဆိပ်နဲ့တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့တာပါ။ credit;ဒီဗွီဘီ

No comments

Powered by Blogger.