မင်းသား ဟိန်းဝေယံ ဒါရိုက်တာ ဘာကြောင့်လုပ် ?????????


သရုပ်ဆောင် ဒါရိုက်တာ ဟိန်းဝေယံ ရန်ကုန်၊ ဧပြီ ၂၃ – ကိုယ်တိုင်စဉ်းစားထားတဲ့ ကိုယ်ပိုင်ဇာတ်လမ်းကို ဒါရိုက်တာအနေနဲ့ ဟိန်းဝေယံက ပထမဆုံးရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။ သရုပ်ဆောင် ဒါရိုက်တာ ဟိန်းဝေယံက မာယာကကြိုးရုပ်ရှင် ဇာတ်ကားကြီးကို ဇေရဲထက်၊ ရတနာဗို၊ ဆုထက်ကုဋေ၊ အကယ်ဒမီ မေသန်းနု၊အကယ်ဒမီမေသဉ္ဇာ ဦးအပါအဝင် အခြားအနုပညာရှင်တွေနဲ့ အတူ ကိုယ်တိုင်လည်း မင်းသားအဖြစ်ပါဝင်ရိုက်ကူးပုံဖော်သွား မယ်လို့ ဆိုပါတယ်။ ‘ကျွန်တော်ကိုယ်တိုင်လဲ ဇာတ်လမ်းလေးကိုကြိုက်လို့ပါ၊ ကျွန်တော်ကိုယ်တိုင်စဉ်းစားထားတဲ့ ကိုယ်ပိုင်ဇာတ်လမ်းလေးပါ၊ အဲဒါကြောင့် ကျွန်တော်ကိုယ်တိုင် ရိုက်ကူးပုံဖော်ချင်တဲ့အတွက် ဒါရိုက်တာအနေနဲ့ ရိုက်ကူးချင်တာပါ၊ ဇာတ်လမ်းကတော့ ရိုမန့်ပါ။ ဇာတ်လမ်းလေးကလဲ ထူးခြားပါတယ်၊ ထူးခြားတယ်ဆိုတာက ကျွန်တော်ရိုက်ဖူးနေကျပုံစံမဟုတ်ဘူး၊ ကာရိုက်တာကတော့ တစ်ခုချင်းစီပါပဲ၊ အဓိကတော့ ဘယ်အရာမဆိုအငြိုးထားပြီး ကလဲ့စားချေတာမျိုး လက်တုံ့ပြန်တာတွေကမကောင်းဘူး၊ မဖြစ်သင့်ဘူးဆိုတာမျိုးလေးပါ၊  ဇာတ်လမ်းထဲမှာလဲ ထူးခြားတာက ဖြတ်ဖောက်ချုပ်ပုံစံမျိုးကို ကျွန်တော်စဉ်းစားထားပါတယ်လို့ ဟိန်းဝေယံက သူ့ရဲ့ဇာတ်ကား အကြောင်းရှင်းပြပါတယ်။ မာယာကကြိုး ရုပ်ရှင်ဇာတ်လမ်းကို ရေးသားခဲ့တာလေးလခန့် ကြာမြင့်ခဲ့ပြီလို့ဆိုပြီး  အရင်က ဇာတ်လမ်းတွေရေးသားခဲ့ပေမဲ့ အခုမှ ပထမဆုံး  အကောင်အထည်ဖော်ရိုက်ကူးခဲ့တာဖြစ်တယ်လို့ သိရတယ်။ ဒါ့အပြင် သည်ဇာတ် လမ်းနဲ့လိုက်ဖက်တဲ့ သရုပ်ဆောင် ကိုဇေရဲထက်နဲ့ လိုက်ဖက်တာကြောင့် ရွေးချယ်ခဲ့တာဖြစ်တယ်လို့ လည်းသိရပါတယ်။ ‘ဒီဇာတ်လေးကို ကိုဇေရဲထက်လဲသဘောကျပါတယ်၊ ပြီးတော့ သူကိုယ်တိုင်လဲရိုက်ချင်တာလဲပါပါတယ်၊ အဲဒီကာရိုက်တာ အတွက် ဇေရဲထက်နဲ့လိုက်မယ်ထင်တယ်၊ အဲဒါကြောင့် ရွေးချယ်ဖြစ် သွားတာပါ၊ သူနဲ့လဲလိုက်ဖက်မယ်လဲ ထင်လို့ပါ၊ သူနဲ့ပဲရိုက်ဖို့စီစဉ် လိုက်တာပါ၊ ကျွန်တော်ကိုယ်တိုင်လဲ သရုပ်ဆောင်ရော၊ ဒါရိုက် တာရောလုပ်မှာပါလို့ ဟိန်းဝေယံက ပြောပါတယ်။ Author – ခတ္တာဖြူ

No comments

Powered by Blogger.