"ကျောက်စိမ်းကုမ္ပဏီတစ်ခုကို KIA လက်နက်ကိုင် ၂၀ ခန့် မိုင်းခွဲဖျက်ဆီး " ++++++++++++++++


"ကျောက်စိမ်းကုမ္ပဏီတစ်ခုကို KIA လက်နက်ကိုင် ၂၀ ခန့် မိုင်းခွဲဖျက်ဆီး " +++++++++++++++++++++++++++++++++++++++++++++++ ဖားကန့်တွင် ကျောက်စိမ်းကုမ္မဏီတစ်ခုကို အမျိုးသမီးနှစ်ဦးပါဝင်သည့် KIA လက်နက်ကိုင် ၂၀ခန့်က မိုင်းခွဲမီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာရှိ ရတနာရောင်ခြည်ကျောက်စိမ်းကုမ္မဏီကို အမျိုးသမီး၂ ဦးနှင့် အမျိုးသား ၁၈ဦးပါ KIA လက်နက်ကိုင်အဖွဲ့က နိုဝင်ဘာလ ၂ရက် ည ၇ နာရီခန့်တွင် လာရောက် မိုင်းခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ကပြောသည်။ အကြမ်းဖက် ဖျကိဆီးခံရချိန်တွင် ကုမ္မဏီဝန်ထမ်း ၃၀ဦးခန့် ရှိနေပြီး ၄င်းတို့ကို ကြမ်းပြင်တွင် ဝမ်းလျှားမှောက်ခိုင်းကာ ကုမ္မဏီဝင်းအတွင်းရှိ တာယာများထားသည့် တန်းလျားနှင့် ယန္တရား သုံးစီးကို မိုင်းခွဲဖျက်ဆီးပြီး မီးရှို့ခဲ့ကြသည်ဟု ကုမ္မဏီဝန်ထမ်များက ရဲတပ်ဖွဲ့ထံ အသိပေးခဲ့သည်။ ကုမ္မဏီဝန်ထမ်းနှစ်ဦးကိုလည်း ထုရိုက်သွား၍ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးပြီးနောက် ပြန်လည်ထွက်ခွာသွားကြင်္ပြီး ဒေသတွင်း လုံခြုံရေးယူထားသော မြန်မာ့တပ်မတော် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၇)က လိုက်လံရှင်းလင်းခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူးကြီး တစ်ဦးကပြောသည်။ မီးလောင်မှုမှာ ည ၇နာရီခန့်မှ စတင်ပြီး ည ၁၀နာရီ မိနစ်၃၀ခန့်မှသာ အပြီးသတ် ငြိမ်းသတ်နိုင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူအချို့က ပြောသည်။ 7day news journal
Powered by Blogger.