>> တဏှာကား အပြာကား ဆန်ဆန် ဆိုတာ ဘယ်ဇာတ်ဝင်ခန်း ဘယ်ဇာတ်လမ်း


>> တဏှာကား အပြာကား ဆန်ဆန် ဆိုတာ ဘယ်ဇာတ်ဝင်ခန်း ဘယ်ဇာတ်လမ်းကိုပြောတာလဲ တိတိပပသိချင်ပါတယ် လူမင်း << ဂျာနယ်တစ်စောင်မှာဖြေကြားခဲ့တဲ့ ဒါရိုက်တာ မောင်မျိုးမင်းရဲ့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌတစ်ယောက်အနေနဲ့ တဏှာကားဆန်ဆန် အပြာကားဆန်ဆန်ရိုက်ကူးနေတယ်ဆိုတဲ့စကားရပ်အပေါ် အစည်းအရုံးဥက္ကဌ သရုပ်ဆောင်လူမင်းက ဒါရိုက်တာမောင်းမျိုးမင်းအား ၇ရက်အတွင်းပြန်လည်တောင်းပန်ရန် Notice စာပို့ခဲ့ပေမယ့် ဒါရိုက်တာမောင်မျိုးမင်းက ဆက်လက်ရင်ဆိုင်သွားမယ်လို့သိရပါတယ်။ အစည်းအရုံးဥက္ကဌသရုပ်ဆောင်လူမင်းအား ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ "၇ရက်အတွင်း ပြန်လည်တောင်းပန်ဖို့ပြောခဲ့တာ ခုရက်လည်းကျော်သွားပြီ ကြားက၀င်ဖြန်ဖြေသူတွေရှိပေမယ့်လည်း ဘာမှ အကြောင်းပြန်မလာလို့ တရားဥပဒေအတိုင်းဆက်လက်လုပ်ဆောင်သွားပါမယ် ။ဘယ်လိုပုံစံတောင်းပန်စေချင်လဲဆိုတာမှာတော့ လူကိုယ်တိုင်ပဲ တောင်းပန်မှမဟုတ်ဘူး စာနဲ့သော်လည်းကောင်း တောင်းပန်မယ် ကျေအေးပေးပါဆိုရင်တော့လည်း ကိုယ့်ဘက်ကကျေအေး ပေးရမှာပါပဲ ။ကိုယ်ရုပ်ရှင်အစည်းအရုံးဥက္ကဌလုပ်ကတည်းက ကိုယ့်ကို တရားစွဲခဲ့တာချည်းပါပဲခုထိလည်းရင်ဆိုင်နေရတာတွေရှိပါတယ် ။ခုကတော့ ကိုယ်က ပြန်ပြီးတရားစွဲမယ်လို့Notice စာပို့ခဲ့တာ အများကြီးစဉ်းစားပါတယ်။ ရုပ်ရှင်အစည်းအရုံးနာယက အဖွဲ့ဝင်တွေနဲ့တိုင်ပင်ပြီးမှလုပ်ခဲ့တာပါ ။ကိုယ့်ကိုပြောတဲ့ တဏှာ ကားဆန်ဆန် အပြာကားဆန်ဆန် ရိုက်တယ်ဆိုတဲ့ စကားပေါ်မှာ ဘယ်ကားကိုပြောတာပါလဲ ဘယ်ဇာတ်ဝင်ခန်းကိုပြောတာပါလဲလို့မေးချင်ပါတယ်။ကိုယ်သရုပ်ဆောင်ခဲ့တဲ့ ကားတွေအတွက်ကိုယ်လိပ်ပြာလုံပါတယ် ။ကိုယ်အစည်းအရုံးဥက္ကဌ စလုပ်ကတည်းက ဒီနေရာ ရာထူးသည် ကိုယ့်သရုပ်ဆောင်မှုအပေါ်လွှမ်းမိုးမှုမရှိစေရလို့ ခံယူထားတာပါ ။ခုကျတော့ အစည်းအရုံးဥက္ကဌနဲ့သရုပ်ဆောင်လူမင်းဆိုတာကိုရောထွေးမြင်နေကြတယ် ။လူမင်းက သရုပ်ဆောင်တဲ့နေရာမှာ သူဌေး ၊ဆင်းရဲသား ၊လူကြမ်း ပုံစံစုံသရုပ်ဆောင်ရမှာပဲ။ ဥက္ကဌဆိုတာကတော့ အစည်းအရုံးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကြိုးစားရမှာ ကိုယ်ကတော့ဒီစိတ်နဲ့ ပဲအလုပ်လုပ်ပါတယ်။ ဒီလို အဆဲခံအဝေဖန်ခံနေရတဲ့ကြားကပဲ မကြာခင်မှာအကယ်ဒမီပေးပွဲကြီးကိုကျင်းပရပါအုံးမယ် "လို့ဖြေကြားခဲ့ပါတယ်။ credit;မြန်မာဆယ်လီတော်>> တဏှာကား အပြာကား ဆန်ဆန် ဆိုတာ ဘယ်ဇာတ်ဝင်ခန်း ဘယ်ဇာတ်လမ်းကိုပြောတာလဲ တိတိပပသိချင်ပါတယ် လူမင်း << ဂျာနယ်တစ်စောင်မှာဖြေကြားခဲ့တဲ့ ဒါရိုက်တာ မောင်မျိုးမင်းရဲ့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌတစ်ယောက်အနေနဲ့ တဏှာကားဆန်ဆန် အပြာကားဆန်ဆန်ရိုက်ကူးနေတယ်ဆိုတဲ့စကားရပ်အပေါ် အစည်းအရုံးဥက္ကဌ သရုပ်ဆောင်လူမင်းက ဒါရိုက်တာမောင်းမျိုးမင်းအား ၇ရက်အတွင်းပြန်လည်တောင်းပန်ရန် Notice စာပို့ခဲ့ပေမယ့် ဒါရိုက်တာမောင်မျိုးမင်းက ဆက်လက်ရင်ဆိုင်သွားမယ်လို့သိရပါတယ်။ အစည်းအရုံးဥက္ကဌသရုပ်ဆောင်လူမင်းအား ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ "၇ရက်အတွင်း ပြန်လည်တောင်းပန်ဖို့ပြောခဲ့တာ ခုရက်လည်းကျော်သွားပြီ ကြားက၀င်ဖြန်ဖြေသူတွေရှိပေမယ့်လည်း ဘာမှ အကြောင်းပြန်မလာလို့ တရားဥပဒေအတိုင်းဆက်လက်လုပ်ဆောင်သွားပါမယ် ။ဘယ်လိုပုံစံတောင်းပန်စေချင်လဲဆိုတာမှာတော့ လူကိုယ်တိုင်ပဲ တောင်းပန်မှမဟုတ်ဘူး စာနဲ့သော်လည်းကောင်း တောင်းပန်မယ် ကျေအေးပေးပါဆိုရင်တော့လည်း ကိုယ့်ဘက်ကကျေအေး ပေးရမှာပါပဲ ။ကိုယ်ရုပ်ရှင်အစည်းအရုံးဥက္ကဌလုပ်ကတည်းက ကိုယ့်ကို တရားစွဲခဲ့တာချည်းပါပဲခုထိလည်းရင်ဆိုင်နေရတာတွေရှိပါတယ် ။ခုကတော့ ကိုယ်က ပြန်ပြီးတရားစွဲမယ်လို့Notice စာပို့ခဲ့တာ အများကြီးစဉ်းစားပါတယ်။ ရုပ်ရှင်အစည်းအရုံးနာယက အဖွဲ့ဝင်တွေနဲ့တိုင်ပင်ပြီးမှလုပ်ခဲ့တာပါ ။ကိုယ့်ကိုပြောတဲ့ တဏှာ ကားဆန်ဆန် အပြာကားဆန်ဆန် ရိုက်တယ်ဆိုတဲ့ စကားပေါ်မှာ ဘယ်ကားကိုပြောတာပါလဲ ဘယ်ဇာတ်ဝင်ခန်းကိုပြောတာပါလဲလို့မေးချင်ပါတယ်။ကိုယ်သရုပ်ဆောင်ခဲ့တဲ့ ကားတွေအတွက်ကိုယ်လိပ်ပြာလုံပါတယ် ။ကိုယ်အစည်းအရုံးဥက္ကဌ စလုပ်ကတည်းက ဒီနေရာ ရာထူးသည် ကိုယ့်သရုပ်ဆောင်မှုအပေါ်လွှမ်းမိုးမှုမရှိစေရလို့ ခံယူထားတာပါ ။ခုကျတော့ အစည်းအရုံးဥက္ကဌနဲ့သရုပ်ဆောင်လူမင်းဆိုတာကိုရောထွေးမြင်နေကြတယ် ။လူမင်းက သရုပ်ဆောင်တဲ့နေရာမှာ သူဌေး ၊ဆင်းရဲသား ၊လူကြမ်း ပုံစံစုံသရုပ်ဆောင်ရမှာပဲ။ ဥက္ကဌဆိုတာကတော့ အစည်းအရုံးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကြိုးစားရမှာ ကိုယ်ကတော့ဒီစိတ်နဲ့ ပဲအလုပ်လုပ်ပါတယ်။ ဒီလို အဆဲခံအဝေဖန်ခံနေရတဲ့ကြားကပဲ မကြာခင်မှာအကယ်ဒမီပေးပွဲကြီးကိုကျင်းပရပါအုံးမယ် "လို့ဖြေကြားခဲ့ပါတယ်။
credit;မြန်မာဆယ်လီ
Powered by Blogger.