အိပ်မက်အရ အုတ်ဂူကို ပြန်လည် တူးဖော်ရာမှ ပုပ်သိုးခြင်းမရှိသည့် ဆရာတော်၏ ရုပ်ကလာပ်တော်အား လာရောက်ဖူးမြော်သူ များပြား အပြည့်အစုံသို့ ==



အိပ်မက်အရ အုတ်ဂူကို ပြန်လည် တူးဖော်ရာမှ ပုပ်သိုးခြင်းမရှိသည့် ဆရာတော်၏ ရုပ်ကလာပ်တော်အား လာရောက်ဖူးမြော်သူ များပြား အပြည့်အစုံသို့ ==== ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်တွင် ဂေါပကအဖွဲ့ဝင်တစ်ဦးအားအိပ်မက်ပေးသဖြင့် ဆရာတော်၏အုတ်ဂူအား ပြန်လည်တူးဖော်ဖွင့်ကြည့်ရာ ရုပ်ကလာပ်တော်မှာ ပုပ်သိုးဆွေးမြည့်ခြင်းမရှိဘဲ တောင့်တင်း မာကျောနေသည်ကို ဖူးတွေ့ရသဖြင့် အနယ်နယ်အရပ်ရပ်မှလာရောက် ဖူးမြော်သူများပြားလာကြောင်း သိရသည်။ တင်ဆိပ်အုပ်စု၊ မအူကုန်းကျေးရွာ ကျွန်းတော အောင်ဓမ္မရိပ်သာကျောင်း ဆရာတော်ဦးရေဝတသည် ၂ဝ၁၄ခုနှစ် မေ ၇ ရက်က ပျံလွန်တော်မူခဲ့သဖြင့် ဂူသွင်း မြှုပ်နှံထားခဲ့သည်ကို အိပ်မက်အရ အုတ်ဂူအား ပြန်လည်ပြုပြင်ရန် ဂေါပကအဖွဲ့ဝင်များနှင့် ကျေးရွာမှတာဝန်ရှိသူများညှိနှိုင်း တိုင်ပင်၍တူးဖော်ခဲ့ရာ ဆရာတော် ၏ ရုပ် ကလာပ်တော်သည် ပုပ်သိုးဆွေးမြည့်ခြင်းမရှိဘဲ တောင့်တင်းမာကျောနေသည်ကိုဖူး တွေ့ရသဖြင့် ဖူးမြင်ရသူများမှာ အံ့သြတကြီး ဖြစ်ခဲ့ကြသည်။''အထဲမှာနေရတာ မွန်းကျပ်နေလို့ သီးသန့်စံကျောင်းမှာ မှန်ခေါင်းနဲ့ထား ပေးပါတဲ့။ ၂ဝ၁၅ ခုနှစ် ကဆုန်လလောက်က အိပ်မက်ပေးခဲ့တာကို အဲဒီတုန်းက ငွေ ကြေးမတတ်နိုင်လို့ ဒီနှစ်မှ ပြုလုပ်နိုင်တာ ပါ''ဟု အိပ်မက်ပေးခံခဲ့ရသည့် ဆရာတော်ကြီး၏ ဒကာရင်းဖြစ်သူ ကိုထွန်းထွန်းဦးက ပြောကြားသည်။ ''ဧပြီ ၂၇ ရက် နံနက် ၈ နာရီ လောက်က ဂူကိုဖွင့်လိုက်တော့ ပုပ်သိုးနံ့ မရဘဲ စံပယ်ပန်းနံ့သင်းသင်းလေးကို အနံ့ ရခဲ့ကြတယ်။ သစ်သားခေါင်းပျဉ်ကတော့ ဆွေးပေမယ့် သင်္ကန်းကတော့ မဆွေးသလို ခန္ဓာကိုယ်ကတော့ မြင်ရတဲ့အတိုင်း မပုပ်မသိုးဖူးတွေ့ခဲ့ရတာပဲ''ဟုဆရာတော်၏ ဒကာတစ်ဦးဖြစ်သည့် ဂေါပကဥက္ကဋ္ဌ ဦး ဝင်းရှိန်က ပြောကြားသည်။ ''ပျံလွန်တော်မူစဉ်ကလဲ ငါးရက်ထားတာကို ပုပ်သိုးခြင်းမရှိဘဲ ခန္ဓာကိုယ်က ပျော့ပျော့ပျောင်းပျောင်းနဲ့ ခြေတွေ လက် တွေက ကွေးလို့ ဆန့်လို့ရနေလို့ ပျံလွန်တော်မူတာတောင် ဟုတ်ပါ့မလားလို့ ပြောမိခဲ့ကြတယ်''ဟု ဘုန်းကြီးကျောင်းအနီးမှ ဒကာဦးကြီးနွဲ့က ပြောကြားသည်။ ဆရာတော်ကြီးသည် ပျံလွန်တော်မူချိန်တွင် သက်တော် ၉၂ နှစ်၊ ဝါတော် ၄၇ ဝါ ရှိနေပြီဖြစ်ကာ လွန်ခဲ့သည့် ၁၇နှစ်ခန့်ကစတင်၍ အထက်ပါ နေရာသို့ကြွရောက်ကာ သီတင်းသုံးနေထိုင် ခဲ့ကြောင်း သိရသည်။ဆရာတော်သီတင်းသုံးရန်ရောက် ရှိစဉ်က ''ဒကာဘုန်းကြီးဒီနေရာမှာပဲ သီတင်းသုံးမယ်။ အစားမမက်တရားမက်လို့ ကျင့်ကြံအားထုတ်မှာဖြစ်လို့ ဆားနဲ့ ဆွမ်းနဲ့ကပ်ရင်လဲရတယ်''လို့ ဦးဝင်းရှိန်ကို မိန့် ကြားခဲ့ဖူးကြောင်း သိရသည်။ ''ဆရာတော်ကြီးကို မတ်တတ်ထားပြီး သင်္ကန်းတောင်လဲပေးလို့ရတာဆို တော့ ထူးခြားပါတယ်။ ဖြစ်စဉ်ကိုခရိုင်အုပ်ချုပ်ရေးမှူးရုံးကို တင်ပြထားပါတယ်''ဟု ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က ပြောကြားသည်။''လောဘ၊ ဒေါသ၊ မောဟ၊ မာနဆိုတဲ့ ကိလေသာတရားတွေနည်းပါးရင်လဲ မပုပ်မသိုးရှိတတ်ပါတယ်။ ဝိဇ္ဇာလိုင်းဘက်လဲ ပါဖူးတယ်လို့ထင်တယ်''ဟု နိုင်ငံတော်သြဝါဒစရိယအဖွဲ့မှ ဆရာတော် ဦးနန္ဒောဘာသ (သက်တော် ၉၆ နှစ်၊ ဝါတော် ၇၄ ဝါ)က မိန့်ကြားတော်မူသည်။ ဧပြီ ၃ဝရက် မှစ၍ ဆရာတော်၏ရုပ်ကလာပ်တော်အား စံကျောင်းတွင် မှန်ခေါင်းဖြင့် အပူဇော်ခံထားရှိခဲ့ရာ နံနက် ၅ နာရီခန့်မှစ၍ ည ၈နာရီခန့်အထိ လာရောက်ဖူးမြော်သူ တစ်ထောင် ကျော်ခန့်ရှိနေသဖြင့် အုတ်ဖိုမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များလည်း လာရောက်စောင့် ရှောက်ပေးနေပြီး ယာယီနားခိုဆောင်တစ်လုံး ဆောက် လုပ်ထားရသည်။ ဆရာတော် ကြီး၏ ထူးခြားသည့်ရုပ်ကလာပ်တော်အား သွားရောက်ဖူးမြော်လိုပါက ရန်ကုန်-ပြည် ကားလမ်းအတိုင်းလာရောက်ကာ အုတ်ဖို မြို့နယ် လင်းလွန်းပင်တံတားအဆင်းမှ အ ရှေ့ဘက်သို့ တစ်မိုင်နီးပါးသွားလျှင် ရောက် ရှိမည်ဖြစ်ပါသည်။ တင်ထွဋ် The Flower News
Powered by Blogger.