တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ကျောက်မီးသွေးတွင်း ပိတ်မိနေသော လုပ်သားများ
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ကျောက်မီးသွေးတွင်းတခုမှာ တနင်္လာနေ့က ပေါက်ကွဲမှု တခုဖြစ်ပြီးနောက် ပိတ်မိနေတဲ့ အလုပ်သမား ၂ဝ ကို ကယ်ထုတ်ဖို့ အကြီးအကျယ် ကြိုးစားနေကြပါတယ်။ ရာနဲ့ချီတဲ့ မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးတွေ သုံးပြီး ချုံကျင်းမြို့နားက မိုင်းတွင်းတခုမှာ ကယ်ဖို့ ကြိုးစားနေတာပါ။ တွင်းထဲက အန္တရာယ်ရှိတဲ့ မီသိန်း ဓာတ်ငွေ့ကို အရင် ထုတ်ပစ်ပြီးမှ ဒီကယ်ဆယ်ရေးတွေ စနိုင်မယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ခုထိ အတည်ပြုလို့ရတဲ့ သဆုံးသူက ၁၃ ယောက် ရှိပြီ ဖြစ်ပါတယ်။ ဓာတ်ပုံ - AP