ဖောက်ပြန်ပြီး ချစ်တင်းနှောနေတဲ့စုံတွဲ ပြန်ခွာမရ ဖြစ်နေသဖြင့် အိပ်ယာလိပ်နှင့်ပတ်ကာ နတ်ဆရာထံ ပို့ခဲ့ရ
သူမရဲ့ ခင်ပွန်းက နတ်ဆရာထံက အကူအညီရယူပြီး အဖြစ်မှန်ပေါ်ပေါက်အောင် လုပ်ခဲ့တာလို့ ဒေသခံ မီဒီယာတွေက ဆိုပါတယ်။
အိမ်ထောင်ရှိအမျိုးသမီးတစ်ဦးခင်ပွန်းသည်
မရှိခိုက်မှာ အခြားအမျိုးသားတစ်ဦးနဲ့ အတူအိပ်နေစဉ် နှစ်ဦးသား
ပူးကပ်နေရာက ပြန်ခွာမရတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားသွားခဲ့ပါတယ်။
အိမ်ခန်းထဲမှာ
ချစ်တင်းနှောနေတဲ့သူတို့ စုံတွဲဟာ ရုတ်တရက်ဆိုသလို ပြန်ခွာမရ
ဖြစ်သွားခဲ့ပြီး အလွန်နာကျင်တဲ့ ဝေဒနာကို နှစ်ဦးလုံး ခံစားခဲ့ရတာကြောင့်
ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခဲ့ရပါတယ်။ သူတို့ရဲ့အသံကိုကြားသွားတဲ့
အနီးက လူတွေက အခန်းထဲဝင်လာတဲ့အချိန်မှာ အိပ်ယာပေါ်မှာ ခွာလို့မရဖြစ်နေတဲ့
စုံတွဲကို တွေ့လိုက်ရတာပါ။ ကင်ညာနိုင်ငံအနောက်ပိုင်း ကိုင်ဆီအရပ်က
ဒါရာဂျာအမ်ဘီလီဆိုတဲ့ ဒေသလေးမှာ ဖြစ်ပွားခဲ့တာပါ။
သူတို့စုံတွဲကို
အိပ်ယာခင်းနဲ့ ရစ်ပတ်ပြီး ဒီအတိုင်း အပြင်ကိုထုတ်လာခဲ့ရပါတယ်။
ပြည်တွင်းမီဒီယာတွေရဲ့ အဆိုအရ အိမ်ထောင်ရှင်အမျိုးသမီးရဲ့ ခင်ပွန်းဟာ
သူ့ရဲ့ဇနီးဖောက်ပြန်နေတာကို သိသွားတဲ့အတွက် နတ်ဆရာပေးလိုက်တဲ့ အစီအရင်
မိန်းမဖြစ်သူမသိအောင် ထည့်ပေးထားခဲ့တာလို့ ဆိုပါတယ်။ ဒီအစီအရင်ကြောင့်ပဲ
ဖောက်ပြန်ကြတဲ့ စုံတွဲဟာ အိပ်ယာပေါ်မှာ ရှိနေစဉ် ပြန်ခွာလို့မရတဲ့ အဖြစ်ကို
ကြုံခဲ့ရတာလို့ သိရပါတယ်။
အဲဒီနောက် အဆိုပါအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက နတ်ဆရာထံသွားဖို့
ညွှန်ကြားခဲ့လို့ နတ်ဆရာထံ ရောက်သွားမှသာ ပူးကပ်နေတဲ့ ခန္ဓာကိုယ်နှစ်ခုကို
ပြန်ခွာလို့ ရခဲ့ကြောင်း ကင်ညာမီဒီယာတွေက ရေးသားကြပါတယ်။ ဖောက်ပြန်တဲ့
စုံတွဲကို ပြန်မခွာပေးမီမှာ နတ်ဆရာက ဒဏ်ငွေတပ်ခဲ့ကြောင်းလည်း သိရပါတယ်။