မလေးရှား ယူအန်လက်မှတ်ကိုင် မြန်မာများ မူးယစ်ဆေးမှုဖြင့် အများဆုံး အဖမ်းခံရ


မလေးရှားနိုင်ငံ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) အသိအမှတ်ပြုကတ်ကိုင်ဆောင်ထားတဲ့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေဟာ မူးယစ်ဆေးဝါးမှုနဲ့ အများဆုံး အဖမ်းခံရတယ်လို့ မလေးရှား မူးယစ်ဆေးဝါး စုံစမ်းရေးဌာနက ပြောပါတယ်။

၂၀၁၅ မှာ ၆၀၃ ဦး၊ ၂၀၁၄ မှာ ၆၉၅ ဦး ဖမ်းဆီးခဲ့ပြီး ၈၀ ရာခိုင်နှုန်းဟာ ယူအန်အိပ်ခ်ျစီအာ ဒုက္ခသည် လက်မှတ်ကိုင်ဆောင်ထားတဲ့သူတွေ ဖြစ်တယ်လို့ ကွာလာလမ်ပူ မူးယစ်ဆေးဝါး ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးဌာနက အကြီးအကဲ ၀မ်အက်ဒူလာ အီဟတ်ကို ကိုးကားပြီး မလေးရှား ဘာနာမာသတင်းက ရေးပါတယ်။

ဖမ်းဆီးရမိသူ အများစုဟာ အမျိုးသားတွေဖြစ်ပြီး ဓာတ်ဆီဆိုင်နဲ့ လက်လီလက်ကားဈေးကွက်တွေမှာ လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့အထဲမှာ အမျိုးသမီးက ၀.၇ ရာခိုင်နှုန်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ်တခုတည်းမှာ မူးယစ်ဆေးဝါးကုန်ကူးမှုနဲ့ ၄၄ ဦး ဖမ်းဆီးနိုင်ပြီး စွဲဆိုထားတဲ့ မူးယစ်ဆေးဝါးမှုက သေဒဏ်အထိ အပြစ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

၂ နှစ်အတွင်း ဖမ်းဆီးထားတဲ့ စာရင်းဇယားတွေအရ  တခြားနိုင်ငံသားတွေထက် မြန်မာက ၃ ဆပိုများ နေသလို ဒုတိယက အင်ဒိုနီးရှားနဲ့ တတိယက ဗီယက်နမ် နိုင်ငံသားတွေလည်း ဖြစ်ပါတယ်။
ဒီဗွီဘီ

No comments

Powered by Blogger.