တယောက်ထည်းဆို မဖတ်ရ
လေပြင်းများ အဆက်မပြတ် တိုက်ခတ်ပြီး မိုးများသည်းထန်စွာရွာသွန်းနေသောကြောင့်
မိုးရာသီ၏အနှစ်သာရကို ကျွန်တော်အပြည့်အ၀ခံစားရပါသည်။
မိုးများတိတ်မည့်ပုံမပေါ်………အချိန်လည်းတဖြည်းဖြည်း မှောင်လာခဲ့သည်။
ညနေစာစားရင်း စိတ်အပန်းဖြေရာ ရုပ်မြင်သံကြားမှ ပြသနေတဲ့ဇာတ်လမ်းများကို
ကြည့်ကာ အချိန်ကိုကုန်လွန်စေခဲ့ပါသည်။
ထိုညက အိမ်တွင် ကျွန်တော် တယောက်တည်းသာရှိသောကြောင့်
တစ်အိမ်လုံးကိုမီးအမှောင်ချ ညလင်းမီးလုံးလေးများသာထွန်းထားပြီး စာအုပ်နှင့်
ဘောပင်ကိုယူကာ အပေါ်ထပ်ဝရန်တာ မီးရောင်အောက်တွင် ကျွန်တော်၏စာရေးခြင်း
လုပ်ငန်းကို စတင်ခဲ့ပါတော့သည်။
ရာသီဥတု၏ စွတ် စိုမှုကြောင့် အကောင်ငယ်မျိုးစုံတို့ အသံများဆူညံလျှက်ရှိ
နေသည့်အတွက် ကျွန်တော်အာရုံစူးစိုက်မှုမရရှိခဲ့။
ထို့ကြောင့် အိမ်အောက်ထပ်သို့ဆင်းကာ မီးဖိုခန်းထဲဝင်၍သောက်ကော်ဖီပူပူလေတစ်ခွက်ကိုသောက်ရန် ဖျော်လိုက်ပြီး အိမ်ပေါ်ထပ်သို့ ယူဆောင်လာခဲ့သည်။
ကျွန်တော် အောက်ထပ်သို့ဆင်းသွား ချိန်နှင့် အပေါ်သို့ ပြန်တက် လာချိန်သည် မိနစ်အနည်းငယ်မျှသည် ကွာသည် ဆိုပေမယ့်
ထူးဆန်းသည်က ဆူညံနေသည့်ဝန်းကျင်သည် ယခုအခါ
မည်သည့်အသံမျှမကြားရတော့ချေ။
အိမ်အပေါ်ထပ်ရှိ တိုင်ကပ်နာရီကိုကျွန်တော်ကြည့်လိုက်မိ၏
" ၁၂ နာရီတောင်ထိုးတော့မှာပါလား"
ပတ်ဝန်းကျင်တိတ်ဆိတ်မှုသည် ကျွန်တော့အတွက်စာရေးချင်၏
အထောက်အကူဖြစ်ပေသည်ဟုယူဆလျှက် ကော်ဖီတစ်ငုံသောက်ကာ
စာရေးခြင်းကို ပြန်လည်စတင်ခဲ့ပါသည်။
"ချပ်…….ချက်…..ချပ်…….ချက်"
ကျွန်တော် မည်မျှအထိ ဈာန်ဝင်သွားသည်မသိ။ပတ်ဝန်းကျင်သည် ပို၍ပင်တိတ်ဆိတ်
လာခဲ့သည်။တိုင်ကပ်နာရီ လက်တံရွေ့လျားနေသည့်အသံမျှလွဲ၍မည်သို့သောအသံမျှ
မကြားရပေ။
အချိန်ကား ၁ နာရီလွန်နေပြီဖြစ်သော်လည်း ကျွန်တော်အိပ်ချင်စိတ်မရှိသေး။
ခဏအကြာ ကျွန်တော်၏နောက်ကျောဘက်မှ တဖြည်းဖြည်းလျှောက်လာနေသော ခြေသံတခု ကိုကြားလိုက်ရသည်။
" ချွတ်……ချွတ်……ချတ်……ရှပ်….ရှပ်"
စာရေးနေသော ကျွန်တော်၏လက်ရပ်တန့်သွားမိပြီး ကျက်သိန်း ဖျန်းကနည်း ထသွားမိသည်။ ထို့နောက် အသံလာရာ အနောက်သို့ လှည့်ကြည့်မိသော်လည်း ဘယ်အရာမျှမတွေ့ပေ။ကျွန်တော်ပြုံးလိုက်မိသည်။
အကြောင်းမှာ…… ကျွန်တော်ယခုရေးနေသောဝတ္ထုကြောင့် စိတ်နည်းနည်း
လှုပ်ရှားသွားခြင်းဖြစ်ဟန်တူပေသည်
ကျွန်တော်သည် ပရလောကသားများအကြောင်းကိုစိတ်ဝင်းစားသူဖြစ်သဖြင့်
ထိုအခြင်းအရာနှင့်ပတ်သက်၍ အမြဲတမ်းရေးနေမိခဲ့သည်။ယခုလည်း
တစ္စေခြောက်သောည ဆိုတဲ့ ၀တ္ထုကိုရေးနေခြင်းဖြစ်သည်။
အချိန်လည်း
၁ နာရီခွဲကျော်လွန်နေပြီဖြစ်သဖြင့် ကျွန်တော်၏မျက်လုံးများတဖြည်းဖြည်းမှေးဆင်း လာခဲ့သည်။
သို့ပေမယ့် ပြီးခါနီး ၀တ္ထုကိုအဆုံးသတ်ချင်တာကြောင့် အမြန်ရေးနေခဲ့မိပါသည်။
ကွမ်းတညတ်ခန့်အကြာ........
လမ်းမပေါ်မှခွေးအူသံများ အဆက်မပြတ်ထွက်ပေါ်လာခြင်း
ကြောင့် ၀ရန်တာမှ လှမ်း၍ကဲကြည့်လိုက်မိသောအခါ
ရုတ်တရတ်....မြင်လိုက်ရသော အရာကြောင့်
ကျွန်တော်လန့်ဖြန့်သွားမိခဲ့သည်။
ကျွန်တော်၏အိမ်ရှေ့တည့်တည့်တွင်း
မည်းမည်း သဏ္ဍန်အရာတစ်ခုခုမားမားရပ်နေပြီး ကျွန်တော့အားကျောခိုင်းထားပေ
သည်။
ထိုအချိန် တွင် လေ တချက်ဝှေ့  ယမ်းတိုက်ခတ် လိုက်သောကြောင့် ချမ်းစိမ့် စိမ့် အရာသာကို ခံစားမိ၏။
ကျွန်တော်ကြက်သီးများထမိပြီး ကျောချမ်းသောကြောင့် ရုတ်တရက်အနောက်သို့ ဖျတ်ခနဲလှည့်ကြည့်
လိုက်မိသောအခါ ကျွန်တော့် အနောက်ဘက်တွင်ရှိသော တံခါးပေါက်မှ အရိပ်မည်းသဏ္ဍန် အရာတစ်ခုအိမ်ထဲသို့ဝင်သွားခြင်း
ဖြစ်သည်။
ကျွန်တော်၏စိတ်များယောက်ယက်ခတ်သွားခဲ့ပြီး
တဖန်ခြံရှေ့သို့ပြန်လှည့်လိုက်သောအခါ မြင်တွေ ခဲ့ သော မည်းမည်းသဏ္ဍန်အရာကို မတွေ့ရတော့ပေ။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်သည် ကြောက်ရွံ့တတ်သူမဟုတ်
သောကြောင့် ဂရုမစိုက်ဘဲ ရေးလက်စ ၀တ္ထုကိုအဆုံးသတ်နိုင်ခဲ့ပါသည်။
ခဏတာလေညင်းခံရင်း အိပ်တော့မည်ဟုဆုံးဖြတ်ကာ ၀ရန်တာမှနေ၍
အိမ်ထဲသို့ဝင်ခဲ့ပါသည်။လက်ကျန်ကော်ဖီကိုဆက်မသောက်တော့ဘဲ…..
အပေါ့အပါးသွားရန် အောက်ထပ်သို့ဆင်းခဲ့ပါသည်။အချိန်မှာ ၂ နာရီကျော်လွန်ခဲ့ပြီ။
ကိစ္စများပြီးသောအခါ အိပ်ဖို့သာကျန်ရှိတော့သည့်အတွက် အိမ်အပေါ်ထပ်သို့
ပြန်လည်တက်လာခဲ့ပြီး ဘုရားခန်းနှင့် မနီးမဝေးမှာပဲဖြစ်သလိုအိပ်ယာ
ခင်းလိုက်ပါသည်။
ခဏအကြာ…….အောက်ထပ်မှတစ်စုံတစ်ဦး၏လမ်းလျှောက်သံများကို
ကြားနေရပါသည်။
အရင်က….ယခုအိမ်သည် သရဲခြောက်တဲ့အိမ်တစ်အိမ်ဖြစ်ခဲ့သလို၊
့ဝယ်ပြီးသည့်နောက်ပိုင်း အိမ်ပြင်ဆောက်ကာ ပရိတ်၊ပဌာန်းများလည်း
ရွတ်ခဲ့ပြီးပါပြီ။အဲ့နောက်ပိုင်းတွင်မူ မည်သည့်အသံမျှမကြားရသည်မှာ ယနေ့ထိတိုင်။
သို့ပေမယ့် ယခုညကား ကျွန်တော်၏စိတ်ခြောက်ခြားတာလား၊သို့မဟုတ် ကျွန်တော်
ရေးတဲ့ဝတ္ထုကိုပြန်ပြီးစွဲလမ်းနေတာလား ဝေခွဲမရပါ။တွေးတောနေတာတွေကိုရပ်ပြီး
ကျွန်တော်အိပ်ယာ ထက်တွင်လှဲလျှောင်းလိုက်စဉ်...ရုတ်တရက်မီးပြတ်သွားသောကြောင့်
ခြင်ထောင်အပြင် ဘက် တွင် မငြိမ်မသက် လှုပ်လှုပ်ရှားရှား ရှိနေသည့် အရာများကို
ကျွန်တော် မြင်တွေ လိုက်ရသည်...။ ကျွန်တော် နှင့် မနီးမဝေး မှ အရာတခု သည်... တဖြည်းဖြည်း အနား ကပ်လာဟန်တူသည်....
"ဘုရားရေ………….ငါဘယ်လိုလုပ်ရမလဲ"
စိတ်မှရေရွတ်လိုက်သော်လည်း ကျွန်တော်ကျက်သေသေသွားမိသည်။
ကျွန်တော်ဘာဆက်လုပ်ရတော့မည်နည်း။
စဉ်းစားနေစဉ် မီးပြန်လာသောကြောင့်
ညလင်းမီးများ ဖြတ်ခနဲ့ပြန်လင်းလာသည့်အခါ ကျွန်တော့မျက်စိရှေ့မှမြင်နေရသည့်
အရာများပျောက်ချင်းမလှပျောက်သွားခဲ့ပါသည်။
သို့သော်….ကျွန်တော်အိပ်ရန်စိတ်မဖြောင့်ပေမယ့်
အချိန်လည်းတော်
လေးညဥ့်နက်နေသည်မို့ဝရန်တာဘက်သို့မျက်နှာမူရင်း အိပ်ရာထက်တွင်လဲလျောင်း
လိုက်ပါသည်။
မျက်ခွံများတဖြည်းဖြည်းလေးလာပြီး မှေ;ကနဲ အိပ်ပျော်သွားခဲ့ပါသည်။
၁ ၅ မိနစ်အကြာတွင် ရုတ်တရက် အိပ်မက်ဆိုးမက်သောကြောင့် အလန့်တကြား
ကျွန်တော်နိုးထလာခဲ့ပါသည်။
ကျွန်တော့်စိတ်တွေ ယောက်ယှက်ခတ်နေပြီး...ကြောက်စိတ် လည်း ၀င်လာခဲ့မိပါသည်..။
ခဏအကြာ….
ကြမ်းပြင်နှင့်ကျွန်တော့နားကပ်နေသည်မို့ လူတစ်ယောက်လမ်းလျှောက်လာသော
ခြေသံကို အတိုင်းသာကြားနေရပါသည်။
" ရှပ်….ရှပ်….ချွတ်…….ချွတ်"
ကျွန်တော်မျက်မှောင်တချက်ကြုံ့လိုက်ပြီး
တောက် ! ဘယ်အရာက ငါ့စိတ်ကို ခြောက်ခြားအောင်လုပ်နေသနည်း။
မိမိကိုယ်ကို မေးခွန်းထုတ်နေမိပါသည်။ထို့အတွက် …. နောက်ဘက်သို့ဖျက်ကနဲ
လှည့်ကြည့်လိုက်ပါသည်။
ဟင်………
ကျွန်တော်အကြံအိုက်သွားခဲ့သည်။ မည်သည့်မအရာမျှမတွေ့ရပေ။
ငါ့စိတ်တွေခြောက်ခြားတာနေမှာပါ ကိုယ့်ကိုကိုယ်ပြန်အားပေးမိရင်း မျက်စိ
ကိုစုံမှိတ်ကာ ကြောက်ရွံ့မှုကို ဖယ်ရှားနေခဲ့မိပါသည်။
ဂီး………ဂီး…………ဂီ……
ရုတ်တရက်ငှက်ဆိုးထိုးသံကြောင့် ကျွန်တော်မျက်စိကို ဆတ်ကနဲဖွင့်လိုက်ပြီး
ငှက်ကိုအပြစ်ပြောမည်အပြု…
တောက်………ငှက်စုတ်ကလဲတမှောက်…….မှောက်….သ…ရဲ ရဲ….
သရဲ…….သရဲ…..သ……သ……….သ ….
ကျွန်တော့အသံများ တိမ်ဝင်သွားပြီး.....အတန့်ငြိမ်သက်သွားမိ၏။
ကျွန်တော်သေသေချာချာမြင်နေရသည်ကာ…….ကျွန်တော်၏အနီးကပ်….
ခြင်ထောင်အပေါ်တွင် မသဲမကွဲ အရာတခု ရှိနေသော်ကြောင့် ခြင်ထောင် အနည်းငယ် အောက်သို့ နိမ့်ကျနေပေသည်..။။
ကျွန်တော်ဘာဆက်လုပ်ရမည်နည်း။
မျက်စိကိုပြန်မှိတ်ကာ ဘုရားစာများကိုစိတ်ကရေရွတ်နေခဲ့မိပါသည်။
တဖန်.............
မရဲတရဲနှင့် မျက်စိကိုပြန်ဖွင့်ကြည့်လိုက်သောအခါ ခုနကမြင်နေသောအရာ
မရှိတော့ချေ။
ဟူး………..စိတ်သက်သာရာနည်းနည်းရသွားသောကြောင့် ကြောက်စိတ်များ
ကိုရှိုက်သံနှင့်အတူပြန်၍မှုတ်ထုတ်လိုက်မိပါတော့သည်။
***************************
တီ…တီ….တီတီ…..တီ…..တီ
ညကပေးထားသည့် နှိုးစက်လေးအသံကြောင့် ကျွန်တော်နိုးလာကာ နှိုးစက်ကိုပိတ်၍
နာရီကိုကြည့်လိုက်မိ၏
"၀ါး……….........၆ နာရီခွဲပြီပဲ"
ပြန်၍နှပ်မနေတော့ဘဲ
မျက်နှာသစ်ရန် ရေချိုးခန်းသို့ဝင်ခဲ့ပါသည်။ပြီးလျှင် နွားနို့ ပူပူလေးတစ်ခွက်ကိုဖျော်သောက်ရင်း စိတ်ကိုလန်းဆန်းစေခဲ့ပါသည်။
ညကအဖြစ်အပျက်တွေကို သတိရပြီး သေချာစဉ်းစားနေခဲ့သော်လည်း
အိပ်မက်လား တကယ်လားဆိုတာကိုတော့ ကျွန်တော်သဲသဲကွဲကွဲမသိတော့ချေ။
ပြန်တွေးရင်း ကြောက်ရွံ့နေပေမယ့် အိမ်ကသူတွေ့ပြန်မလာခင်အချိန်ထိတယောက်တည်း
ဆက်နေရင်း ထိုကဲ့သို့သောညမျိုးတွေကိုမည်ကဲ့သို့ ဖြတ်သန်းရမည်နည်း။
သို့ပေမယ့် ထိုနေ့ညမှလွဲ၍ ကျန်သောညများတွင် ပကတိတိတ်ဆိတ်
ငြိမ်သက်နေခဲ့ပေသည်။ထို့ကြောင့် ထိုညက အဖြစ်အပျက်ကို အိပ်မက်ဟုသာ ထင်မြင်
မိပါတော့သည်
credit;sithuwin
No comments