နေ့စဉ် ချစ်တင်းနှောခြင်း ရဲ့  သိပ္ပံနည်းကျ ကောင်းကျိုး (၇) ချက်


အိမ်ထောင်ရှင်တွေ နေ့စဉ် ချစ်တင်းနှောခြင်းအားဖြင့် သိပ္ပံနည်းကျ ကောင်းကျိုးများစွာ ရရှိစေမှာ ဖြစ်ပါတယ်။ အဲ့ဒီကောင်းကျိုးတွေကို ပြောပြရရင်တော့

၁။ အမျိုးသားအတွက် ပရောစတိတ်ကင်ဆာ ဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်

ဟားဗတ်ဒ်ဆေးကျောင်းက လေ့လာမှုတစ်ခုအရတော့ အမြဲတမ်းဆိုသလို သုတ်ရည်လွှတ်လေ့ ရှိသူ အမျိုးသားတွေဟာ သာမန်ထက် ပရောစတိတ်ကင်ဆာ ဖြစ်နိုင်ချေ ၂၂ ရာခိုင်နှုန်း လျော့နည်းစေနိုင်တယ်လို့ သိရပါတယ်။

၂။ နာမကျန်းဖြစ်ခြင်းကို လျော့နည်းလာစေပါတယ်

ပင်နီဆယ်လ်ဗီယား ပြည်နယ်မှာရှိတဲ့ ဝေလ်ကီစ် တက္ကသိုလ်က သုတေသီတွေ ရှာဖွေတွေ့ရှိ ခဲ့တာကတော့ တစ်ပတ်မှာ ၂ ကြိမ် ချစ်တင်းနှောကြာတဲ့ စုံတွဲတွေဟာ အအေးမိခြင်းနဲ့ ဖျားနာခြင်းတွေကို ရင်ဆိုင်တိုက်ထုတ်နိုင်တဲ့ အင်မြူနိုဂလိုဗြူလင် အေ ဆိုတဲ့ ပဋိဇာတ်တွေကို ပိုမိုထုတ်လွှတ်ပေးပါတယ်။ ဒါဟာ တစ်ပတ်မှာ ၂ ကြိမ်ပါ။ တစ်ပတ်မှာ ၇ ကြိမ်ဆိုရင်တော့ သင်ဘယ်လောက် ကျန်းမာနေမယ်ဆိုတာတွေးကြည့်လိုက်ပါတယ်။

၃။သင့်ကို ငယ်ရွယ်နုပျိုနေစေပြီး ယုံကြည်မှုရှိစေပါတယ်

အာရုံကြောနဲ့ဆိုင်တဲ့စိတ်ပညာ ကျွမ်းကျင်သူ David Weeks ဦးဆောင်တဲ့ စကော့တလန် သုတေသီတွေရဲ့  လေ့လာမှုအရတော့ တစ်ပတ်မှာ ၃ ကြိမ် ချစ်တင်းနှောလေ့ရှိတဲ့ ဥရောပ နဲ့ အမေရိကန် အမျိုးသား အမျိုးသမီး ၃၅၀၀ ဦးတို့ဟာ တစ်ပတ်ကို ၂ ကြိမ်သာ ချစ်တင်းနှောလေ့ ရှိသူတွေ ထက် ၇ နှစ်ကနေ ၁၂ နှစ်ခန့် နုပျိုနေတာကို တွေ့ရှိခဲ့ကြပါတယ်။ သူတို့ ထပ်မံ တွေ့ရှိခဲ့တာ ကတော့ အဲဒီလို နုပျိုနေသူတွေဟာ ပိုမို စိတ်သက်သာမှုရှိပြီး ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှု ရှိကြတယ် ဆိုတာပါပဲ။

၎။ အမျိုးသမီးတွေအတွက် ဓမ္မတာ မှန်စေပါတယ်

သက္ကရာဇစ် ၂၀၀၀ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရတော့ အမျိုးသမီး အယောက် ၁၉၀၀ မှာ ၉ ရာခိုင်နှုန်းခန့်ဟာ မိမိကိုယ်ကို စိတ်အာသာဖြေလေ့ရှိကြပြီး ထို ၉ ရာခိုင်နှုန်းသော အမျိုးသမီး တွေဟာ ဓမ္မတာ မမှန်တဲ့ ပြဿနာ မျိုးတွေ ကြုံတွေ့ရလေ့မရှိကြပါဘူး။

၅။ ကိုယ်ဝန်ရနိုင်ချေ ကို များပြားလာစေပါတယ်

မျိုးပွားခြင်းဆိုင်ရာ မဂ္ဂဇင်းတစ်ခုမှာ ဖော်ပြခဲ့တဲ့ လေ့လာမှုအသစ်တစ်ခုအရတော့ နေ့စဉ် ချစ်တင်းနှောခြင်းဟာ ကိုယ်ဝန်ဆောင်ဖို့အတွက်လိုအပ်တဲ့ ခုခံအားစနစ်ကို ပိုမို ကောင်းမွန်အောင် ကူညီပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ကလေး ရနိုင်ချေကို လည်း များပြားလာစေနိုင်ပါတယ်။

၆။ သွေးဖိအားတွေလျော့နည်းလာစေပြီး စိတ်ဖိစီးမှုတွေကို ပြေပျောက်စေနိုင်ပါတယ်၂၀၀၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုအရတော့ လိင်ဆက်ဆံလေ့ရှိသူတွေဟာ လိင်မဆက်ဆံပဲဆန္ဒဖြေဖျောက်သူ တွေထက် သွေးဖိအားလျော့နည်းပြီး စိတ်ဖိစီးမှုတွေ နည်းပါးတာကို တွေ့ရှိခဲ့ကြပါတယ်။

၇။ လိင်ဆက်ဆံခြင်းဟာ သင့်ကို ဥာဏ်ကြီးရှင်တစ်ယောက်ဖြစ်စေနိုင်ပါတယ်

မယ်ရီလန်း တက္ကသိုလ် နဲ့ တောင်ကိုရီးယားနိုင်ငံက ကွန်းကက် တက္ကသိုလ် တို့ကနေပြုလုပ်ခဲ့ကြတဲ့ လေ့လာမှု အသီးသီး အရတော့ သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ကြတာက မကြာခဏ လိင်ဆက်ဆံလေးရှိတဲ့ ကြွက်တွေဟာ စိတ်ဖိစီးမှုနည်းပါးတဲ့အတွက် ဦးနှောက်ကို ပိုမိုစွမ်းဆောင်ရည် မြင့်မားစေပြီး အတွေးအခေါ်တွေကောင်းမွန်စေနိုင်တယ်ဆိုတာပါပဲ။ ဒါကြောင့် သိပ္ပံနည်းကျ သီအိုရီအရတော့ နေ့စဉ် ချစ်တင်းနှောခြင်းဟာ သင့်ကို မျိုးပွားနိုင်စွမ်းကောင်းမွန်စေခြင်း ၊ အသက်ရှည်စေခြင်း ၊ ဖျားနာမှု မရှိစေခြင်း နဲ့ ဦးနှောက်ရဲ့  စွမ်းဆောင်ရည်ကို မြင့်မားစေခြင်းစတဲ့ ကောင်းကျိုးတွေကို ပေးစွမ်းနိုင်ပါတယ်။Ref:womansday

No comments

Powered by Blogger.