သရဲစာအုပ်လေးဖတ်ကြအောင် တဲ့ မလေးရှားနိုင်ငံက ဖြစ်ရပ်မှန်

ကလေးသရဲအဆောင်လက်ဖွဲ့လေးများကို Kuman Thong လို့ခေါ်ပါတယ် ....။
ကျွန်မတို့ သူငယ်ချင်းတွေဟာ မလေးရှားနိုင်ငံရဲ့ မြို့လေးတစ်ခုမှာ မြန်မာပြည်ကနေ သွားရောက်

အလုပ်လုပ်ကိုင်ကြပါတယ်..။
ကျွန်မတို့ ငှားနေတဲ့ အိမ်မှာ ယောက်ျားက တရုတ်၊မိန်းမက ယိုးဒယားသူပါ..။ ကျွန်မ

ရောက်ရောက်ချင်းမှာတော့
သူငယ်ချင်းတွေပြောပြလို့ သူတို့လင်မယားဟာ ကလေးသရဲလေး တစ်ကောင် မွေးထားတယ်ဆိုတာ ပဲ

ကြားမိပါတယ် ..။
ကိုယ်တိုင်တော့ မကြုံဖူးပါဘူး..။ ကျွန်မတို့အလုပ်ကလဲ ညဘက်ဆင်းတာဆိုတော့ အိမ်မှာညဘက်ဆို

မရှိတာများပါတယ်.။
တစ်ရက်.... သူငယ်ချင်းတွေ အလုပ်သွားတော့ ကျွန်မတစ်ယောက်ထဲ အိမ်ထဲမှာ ကျန်ခဲ့တာပေါ့..။

အလုပ်နားတဲ့ နေ့ပါ..။
အလုပ်ကပုံမှန် ညဘက်ဆင်းကြရတာဆိုတော့ တစ်ယောက်ထဲ အိမ်မှာ

ရုပ်ရှင်ကြည့်ရင်းကျန်ခဲ့ပါတယ်..။ ည
ဆယ်နာရီခွဲလောက်လဲ ရောက်ရော ရုပ်ရှင်ကြည့်ရင်းအိပ်ချင်လာလို့ အခန်းထဲဝင်အိပ်ပါတော့တယ်...။
ခဏလောက်အိပ်ရာပေါ်မှာလှဲမိတဲ့အခါ..။
"ရှပ်..ရှပ်...ရှပ်..ရှပ်...ဒုန်းဒုန်းဒုန်း.. " ဆိုပြီး အခန်းအပြင်ဘက် ဧည့်ခန်းမှာ

ကလေးတစ်ယောက်ဆော့နေတဲ့
အသံကိုကြားရတယ်..။ ကျွန်မစိတ်ထဲမှာ ဒက် ကနဲသိလိုက်ပါတယ်.။ ဒါ...သူငယ်ချင်းတွေပြောထားတဲ့

ကလေးသရဲ
ဆိုတာပေါ့..။ အဲ့ဒီ့ကလေး သရဲက ညဆိုရင် ပုံမှန်ဆော့နေကြတဲ့...။ စစချင်းတော့ အံ့သြတာပေါ့..။
ကြောက်တာတော့မကြောက်ပါဘူး...။ ဒါကြောင့်ကျွန်မလဲ စိတ်ထဲကနေ အဲ့ဒီ့ ကလေးသရဲ ဆော့နေတဲ့

နေရာလေးကို မှန်းပြီး
"ကလေး...နင်လိုချင်တာရှိရင် အိပ်မက်ထဲလာပြောပါ.. အနှောက်အယှက်မပေးပါနဲ့..ငါအိပ်ချင်လို့ပါ.."

လို့ ပြောလိုက်တယ်..။
ထူးခြားစွာပဲ..ခဏလောက်ကြာတော့ ဘာသံမှ မကြားရတော့ပါဘူး..။ကျွန်မပြောတာကို နားလည်တဲ့

သဘောပေါ့...။
ဒီလိုနဲ့ ကျွန်မ အိပ်ပျော်သွားပါတယ်..။ အိပ်မက်ထဲလဲကျရော ကလေးလေးတစ်ယောက်

အကျီအဖြူလေးနဲ့
မျက်နှာလေးကတော့ ပြုံးရွှင်နေပြီး ထီနံပါတ်တွေလာပေးတယ်..။ စကားပြောတယ်ဆိုတာထက်

သူပြောတဲ့ စကားတွေကို
ကျွန်မအလိုလို သိနေတာမျိုးပါ..။ ပါးစပ်လှုပ်စရာတောင်မလိုဘူး..။စိတ်နဲ့ ပြောတာမျိုးပေါ့..။

ထူးခြားတာက သူပြောတဲ့
ဂဏန်းလေးတွေကို ကျွန်မ ခေါင်းထဲမှာစွဲထားသလို အသေမှတ်မိနေတာပါပဲ...။ ကျွန်မက ထီထိုးတာ

ဝါသနာမပါတော့
မထိုးဖြစ်ပါဘူး..။ အဲ့ဒီနေ့က ထီထွက်တော့ သူပြောတဲ့နံပါတ် ကွက်တိပါပဲ.....။
နောက်နေ့ကျတော့ ဒီလိုလိမ္မာတဲ့ကလေးသရဲလေးကို စေတနာပေါက်တာနဲ့ ကျွန်မ အရုပ်လေးတွေ

အ၀တ်အစားလေးတွေ
ဝယ်ပေးပါတယ်..။ ကားအရုပ်လေးနဲ့ ခုနှစ်နှစ် အရွယ်ကလေးဝတ်တာလေးတွေပေါ့..။အ၀တ်

အထည်အတိုင်းကတော့ သူ့
အဖေအမေတွေ ၀ယ်ဝယ်လာတာကိုမြင်ပြီး သူတို့ ၀ယ်တဲ့ size လေးပဲဝယ်ပေးတာပါ..။ ၀ယ်ပြီး သူတို့

အမေလက်ထဲကို
ပဲထည့်ပေးလိုက်ပါတယ်.။ သူတို့ အမေကတော့ မအံ့သြပါဘူး သူတို့မွေးထားတဲ့ ကလေးက

ဒီလိုပဲတစ်ခါတစ်ခါသူချစ်တဲ့သူဆို
အဲ့ဒီလို ပေးတတ်ပါတယ်တဲ့..။အဲ့ဒီ့ အကြောင်းကို သူငယ်ချင်းတွေကိုပြန်ပြောပြတော့ ..သူတို့ကိုတော့
ထီဂဏန်းတွေမပေးပါဘူးတဲ့. ည ဘက်အိမ်သာသွားချိန်တွေမှာတော့ ခုနှစ်နှစ်အရွယ် ကလေးလေး

ဖြတ်ဖြတ်ပြေးသွားတာ
တွေ့ရပါတယ်တဲ့...။
အဲ့ဒီလို မွေးစားလို့ ရတဲ့ ကလေးသရဲကို ယိုးဒယားတွေက (ကူမှန်)လို့ ခေါ်ပါတယ်..။ ဒီလို မွေးစားတဲ့

ကလေးတွေကို
ဘယ်ကရလဲ ဆိုတော့ ယိုးဒယားမှာရှိတဲ့ လောကီအစီ အရင်တွေကို တစ်ဖတ်ကမ်းခတ်ကျွမ်းကျင်တဲ့

ဘုန်းကြီးတစ်ပါးထိုင်
တဲ့ကျောင်းထဲကရတာပါတဲ့..။ ရဖို့လဲ ခဲယဉ်းပါတယ်..။ လိုချင်တဲ့ သူတွေက ဘုန်းကြီးကျောင်းသွားပြီး

အဲ့ဒီဘုန်းကြီး
ဆီကတောင်းကြရပါတယ်..။ ယူသွားတဲ့သူက ကောင်းရင် ကလေးကလဲ သရဲကောင်းလေးပေါ့..

ပိုင်ရှင်မကောင်းရင်တော့
ကလေးကလဲ သရဲဆိုးလေး ဖြစ်ပါတယ်တဲ့...။ အရင်ခေတ်ကတော့ ယိုးဒယား တွေ စစ်တိုက်ရင် အဲ့ဒီလို

ကလေးသရဲလေးတွေ
ကိုပါ ထည့်ပြီး တိုက်ခိုင်းလေ့ရှိပါတယ်...တဲ့..။
တစ်နေ့တော့ ကျွန်မတို့ အိမ်ပိုင်ရှင်က တစ်နေ့ သူငယ်ချင်းအိမ်ဖဲသွားရိုက်တာ ကလေးသရဲလေးကို

ခေါ်သွားတယ်.။
အိမ်ကထွက်တော့---
" အမေ ဖဲသွားရိုက်တော့မယ် လိုက်ခဲ့...အမေဖဲနိုင်ရင် အိမ်မက်ထဲလာပြော လိုချင်တာ ၀ယ်ပေးမယ်.."

လို့ပြောသွားပါတယ်တဲ့.။
အိမ်ပြန်တဲ့ အချိန်မှာတော့ သူလည်းဖဲနိုင်တဲ့ ဇောနဲ့သူ ကလေးသရဲကို ပြန်ခေါ်ဖို့ မေ့သွားပါတယ်..။

အမှန်တော့ ပြန်မယ်ဆိုရင်
--
"အမေအိမ်ပြန်တော့မယ် လိုက်ခဲ့တော့..." လို့ပြော၇တာပါ..။
အဲ့ဒီလို ပြောဖို့ မေ့သွားတော့ သူငယ်ချင်းအိမ်မှာ ကျန်ခဲ့တာပေါ့ ကလေးသရဲလေးက..။

ညလည်းကျရော ပိုင်ရှင်ရဲ့
သူငယ်ချင်းကဒေါကြီးမောကြီးနဲ့ ဖုန်းဆက်ပါလေရော...။
"နင်ငါ့ အိမ်ကို ဘာယူလာတာလဲ.. အခုအိမ်မှာ နေရာအနှံ ကလေးငိုသံကြားနေရတယ်"...

လို့ပြောတော့မှ
တောင်းတောင်းပန်ပန်နဲ့ ညဘက် ကားမောင်းပြီးပြန်သွားခေါ်လာရပါတယ်..။
မနက်မိုးလင်းတော့ ကလေးသရဲ အတွက် နို့နဲ့ အချိုရည် အနီရောင်ကို ကလေးသရဲလေး အတွက်

ဝယ်ပါတယ်..။ ပြီးတော့
သူ့အတွက် အမွှေးတိုင်ထွန်းပေး..။ ညနေဘက် ကျတော့ ကလေးသရဲ အတွက် ကစားစရာနဲ့

အ၀တ်အစား ပသပေးတာပေါ့.။
ပသပေးတယ်ဆို တာ .. ဒါလေးကတော့ ဘာအရုပ်လေး ဒီအကျိလေးက တော့လှတယ်..။

စသည်ဖြင့်ပေါ့
ကလေးချော့သလိုလေး ပြောကြတာပါ..။
ဒီလိုနေလာရင်း တစ်ရက်တော့ ကျွန်မတို့ နေတာက အခန်း ၃ ခန်း ရှိပါတယ်..။ အခန်းတစ်ခန်းက

လွတ်နေပါတယ်..။
အဲ့ဒီ့ညမှာပဲ လွတ်နေတဲ့ အခန်းကို ယိုးဒယားမတစ်ယောက်ပြောင်းလာပါတယ်..။ တာချီလိတ်သူတဲ့

ယိုးဒယားနယ်စပ်ကနေ
ပြောင်းလာတာ.တဲ့..။ အတူတူတွေ့ အတူနေကြတော့ လဲ ခင်သွားကြတာပေါ့နော်..။ ဒီလိုနဲ့

မြို့ထဲသွားလည်တဲ့ နေရောက်တော့
ကားငှားတာပေါ့..။ သူကားအပေါ် တက်ခါနီးကျတော့ ... " ကလေး ကားပေါ်တက်

သွားလည်ကြမယ်..." ဆိုပြီး
ယိုးဒယားလိုပြောပါတယ်..။ ကျွန်မတို့ အားလုံးလည်း အံသြကုန်ကြတာပေါ့...။ ပြီးတော့ ထမင်းစားမယ့်

အချိန်ရောက်တော့လဲ
" ကလေး..ထမင်းစား..." ဆိုပြီး ခေါ်တယ်..။သူဘာစားစား ကလေးစား ဆိုပြီးပြောစားတယ်..။

သူ့ကိုသူ တော့ မယ်တော်..
ဟိုသရဲလေးက ကူမှန်း(ကလေးသရဲ) ပါတဲ့..။ ကျွန်မတို့ အားလုံးလဲ သဘောပေါက်ပါတယ်..။

အိမ်ရှင်ကလဲ မွေးထားတာကိုးးးး။
အတူနေလာကြတာ သုံးလေးလလောက်တော့ ရှိပြီ တခြားထူးခြားတာတော့ ဘာမှ ထပ်မဖြစ်ပါဘူး...။

ပုံမှန် ကလေးသရဲ
လေးတွေ ဆော့တာပြုတာလောက်ပဲရှိပါတယ်..။ ဒီလိုနဲ့ သင်္ကြန်ရောက်တော့ အိမ်ပိုင်ရှင်နဲ့

ဟိုယိုးဒယားမ အလည်ပြန်ကြတော့
ကလေးသရဲတွေကို ခေါ်မသွားကြဘူး..။ ကျွန်မတို့လဲ မသိဘူးလေ သူခေါ်သွားတယ်ထင်တာပေါ့..။

တစ်နေ့ည သူငယ်ချင်းတွေ
အလုပ်သွားလုပ်ကြတယ်..။ ကျွန်မတစ်ယောက်ထည်း နေမကောင်းလို့ ယိုးဒယားသရဲကား

ထိုင်ကြည့်နေမိတယ်.။
ခဏလည်းနေရော အိမ်ထဲမှာ ကလေးရယ်သံ ကလေးငိုသံကြားရတော့ ကျွန်မလဲလန့်ပြီး အခန်းထဲ
ပြေးသွားပြီးတော့အခန်းမီးဖွင့်ထားလိုက်တယ်..။ အခန်းတံခါးကို ပိတ် စောင်နဲ့ ခေါင်းပြီးခြုံပြီးနေနေတုန်း
သူငယ်ချင်းဖုန်းလာတယ်..။ သူချင်းကို သရဲခြောက်တယ်လို့ ပြောပြလိုက်မိတယ်.။ သူငယ်ချင်းကလဲ

ဘယ်လိုခြောက်တာလဲ
ပြောပြပါတဲ့..။ ကျွန်မလဲ သရဲကားကြည့်နေတုန်း ကလေးငိုသံ ကလေးရယ်သံတွေကြားရတယ် လို့
သူငယ်ချင်းကိုပြောပြလိုက်မိတယ်..။ သူက ရယ်ပြီးပြောတယ် အဲ့ဒါ သူ့ဖုန်းရဲ့ Ringtone ပါတဲ့...။

သူဖုန်းအားသွင်းထားတယ်
ဆိုဖာအောက်က ထိုင်ခုံထဲမှာတယ်..။ ဟီ...ဟိ....။ ဒီက ကျွန်မကလဲ သရဲကားကြည့်နေတော့

မလန့်ပဲရှိမလား..။ ဒါနဲ့ ကျွန်မ လဲ
မကြောက်တော့ပဲ ခဏအခန်းရှေ့ထွက်ပြီး သရဲကားကို ဆက်ကြည့်တယ်..။ ကြည့်လည်းပြီးသွားရော tv

ကိုပိတ်ပြီး ဆိုဖာမှီပြီး
ခဏထိုင်နေတာပေါ့..။ နာရီကိုကြည့်လိုက်တော့ ည ၁ ခွဲ ရှိပြီ..။ ကျွန်မ ခဏမှီရင်းနဲ့ tv

ကိုလှမ်းကြည့်လိုက်တော့ ..... အား
လား...လား.....tv ထဲမှာ ကလေးသရဲလေးနှစ်ကောင် က အကျီ အဖြူရောင်လေးတွေနဲ့

လက်ကလေးတွေ
မြောက်ကာမြောက်ကာ လုပ်ပြီး ကျွန်မကို tv ထဲမှာ လာပြီးကပြနေကြတယ်..။ ကျွန်မလဲ ငူ ပြီး

တစ်ချက်ကြည့်နေပြီးမှ လန့်ပြီး
အခန်းထဲ ပြေးတာပေါ့...။ ခဏနေတော့ ရေအရမ်းဆာလာတာနဲ့ ကိုယ့်စိတ်ကိုတင်းပြီး

ရေထွက်သောက်တာပေါ့..။
ရေအေးအေးလေး သောက်ရအောင် ရေခဲသေတ္တာဆီကိုသွားပါတယ်..။ရေခဲသေတ္တာကိုဖွင့်ပြီး

ရေသောက်ပြီးတော့ ရေဗူးကို
ရေခဲသေတ္တာထဲထည့်လိုက်ပါတယ်..။ ရေဗူးပြန်ထည့်တဲ့ အချိန်မှာတော့ ရေခဲသေတ္တာရဲ့တံခါးမှာ

အရိပ်မဲမဲလေးပေါ်နေတာကို
တွေ့ရတယ်..။ ကလေး size လေး..။ အနောက်ဘက်ကို ချက်ချင်းပြန်လှည့်ကြည့်တော့ မရှိတော့ဘူး..။

ဒီတစ်ခါလဲ ကျွန်မလဲ
အခန်းထဲကိုပြေးတော့တာပေါ့...။
ခဏလောက် စောင်ခြုံထဲမှာ ကွေးနေမိတယ်..။ တစ်အောင့်လောက်နေတော့

အိမ်ရှေ့တံခါးဖွင့်သံကြားရတာနဲ့
ဝမ်းသာအားရနဲ့ သူငယ်ချင်းပြန်လာတယ်ဆိုပြီး ပြေးထွက်သွားမိတယ်..။ ပြတင်းပေါက်ကနေ ချောင်းလဲ

ကြည့်လိုက်ရော
အဘိုးကြီးတစ်ယောက် ခါးကုန်းကုန်းကြီး နဲ့ တံခါးအရှေ့မှာ သွားလိုက်လာလိုက်လုပ်နေပါတယ်..။

လိုက်ကာ
ပိတ်ထားတော့မျက်နှာတော့ သိပ်မမြင်ရဘူးလေ..။ အဘိုးကြီးက ကျွန်မ မျက်စိရှေ့မှာ

တင်ပေါ်လိုက်ပျောက်လိုက်ပါ..။
ခေါက်တုံ့ ခေါက်ပြန် တံခါးရှေ့မှာ သွားနေတာ ဆယ်ခါထက်မနည်းဘူး...။ ဖျတ်ကနဲ ဖျတ်ကနဲ

ကိုနေပါတယ်..။ ပြေးရပြန်ရော
ကျွန်မ ...... အခန်းထဲကို....။ သူငယ်ချင်းတွေပြန်လာတော့ ကျွန်မမျက်နှာဖြူဖတ်ဖြူရော်နဲ့

သွေးတောင်မရှိတော့ဘူး..။
ပိုးစိုးပက်စက်ကို ခြောက်ပေးကြတာကိုးးးးး..။ ဟင့်......။ သူငယ်ချင်းတွေကို အကြောင်းအစုံပြောပြတော့

သူငယ်ချင်းတွေလဲ
အိမ်ရှင်ရှိတဲ့ ယိုးဒယားကို ဖုန်းဆက်ပြီးညက ဖြစ်ခဲ့ တဲ့ အဖြစ်အပျက်ကို အကြောင်းစုံပြောပြကြတယ်..။
အိမ်ပိုင်ရှင်က... "မကြောက်ပါနဲ့ ကလေးသရဲတွေ စားစရာမရှိလို့ စားစရာထွက်ရှာပြီး စားကြတဲ့

အကြောင်းအိမ်ရှေ့တွေ့
တာက အိမ်စောင့်တဲ့ ဘိုးဘိုး ပါတဲ့ သူတို့ အစောင့်ထားခဲ့တာပါတဲ့..." ဆိုပြီး

မကြောက်ကြဖို့ပြောပြပါတယ်...။ ကျွန်မတို့လည်း
ကျွန်မတို့ကို မခြောက်လှန့် မမြင်ရအောင် ပြောထားပေးပါဆိုပြီး ၀ိုင်းတိုင်ကြပါတယ်..။ ဒီလိုနဲ့ သူတို့

ပြန်လာတဲ့ အခါမှာတော့
ကလေးသရဲကိုကော အိမ်စောင့်ဘိုးဘိုးကိုကော သူတို့ တောင်းပန်ထားကြလို့ ဒီနေ့ အထိ ဘာမှ

ထပ်တော့
မတွေ့ရသေးပါဘူးရှင်.....။
credit;sithuwin

No comments

Powered by Blogger.