သင့်အမျိုးသားကို လုံးဝ မပြောသင့်တဲ့ အချက် (၄) ချက်


လျို့ဝှက်ဖုံးကွယ်ထားမှုတွေ မရှိတာ ပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုအတွက် အဓိကသော့ချက်လို့ ဆိုပေမယ့် ဘဝမှာ အစစအရာရာကို ဝေမျှပြောဆိုလို့ မရပါ။ မိမိအကျိုးအလို့ငှာ မိမိဘာသာ မျိုသိပ် သိမ်းဆည်းထားရမယ့်အပိုင်းတွေ ရှိပါတယ်။ သင့်အမျိုးသားကို ဘယ်တော့မှ ပြောမပြသင့်တဲ့ အချက်တချို့ရှိပါတယ်။

သင့်အတွက် သူ မဖြစ်မနေလိုအပ်တယ်ဆိုတာ

ဒီအချက်ကို သတိရဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။ သင့် ဘဝမှာ သူဟာ မရှိမဖြစ်လိုအပ်ပြီး သူမရှိဘဲ သင်ဘာမှ မတတ်နိုင် ဆိုတာ လုံးဝ(လုံးဝ) မသိပါစေနဲ့။ အမှန်တရား ဖြစ်နိုင်ပေမယ့် ဒါကို သူသိစရာမလိုပါ။ အဲဒီအချက်က သူ့ကို အချစ်ရေးမှာ ဘဝင်သာ မြင့်စေပါလိမ့်မယ်။ နောက်ပြီး သင် စိတ်ခံစားချက်ပိုင်းဆိုင်ရာ အားပေးမှု လိုအပ်တဲ့အချိန်မှာ သင့်ကို ပိုအား ငယ်စေနိုင်ပါတယ်။

 ဈေးသွားဖို့ လိုတယ် ဆိုတာ

ဈေးဝယ်ရင် သူအဖော်လိုက်ပေးစေချင်သလား။ သူ့ကို အသိပေးစရာမလိုပါ။ တစ်ယောက်တည်း ဈေးဝယ်ထွက်ရသလောက် ကောင်းတာမရှိပါ။ ဘာကြောင့် အနေအခြေကို ခက်ခဲရှုပ်ထွေးအောင် ဖန်တီးပြီး သင့်ကို အဖော်မလိုက်ပေးတဲ့အတွက် အကြောင်းပြချက်များစွာ ပေးနေရမှာလဲ။ ဒီစကား မပြောမိအောင် ထိန်းထားလိုက်ရုံပါပဲ့။

မိမိအသက်မွေးမှုလုပ်ငန်းကိစ္စအဝဝ အကြောင်းတွေ

သူ သင့်အသက်မွေးဝမ်းကျောင်း အလုပ်ကိစ္စကို အရေးမပေးပါဘူး။ ကိုယ့်အလုပ်ကို ကိုယ်ပဲ အသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် သင့်လုပ်အကြောင်း အသေးစိတ်အချက်အလက် ပတ်သက်ပြီး သူ့ဆီ ထုတ်မပြောပါနဲ့။ အခြေအနေကို ခက်ခဲရှုပ်ထွေးစေရုံသာ ဖြစ်မှာမို့ အိမ်မှာ ဆွေးနွေးပြောဆိုတဲ့ အကြောင်းအရာထဲ ဒီအချက် မပါပါစေနဲ့။

သင့်မှာ သီးသန့်စုငွေတစ်ခုရှိနေတယ်ဆိုတာ

ဘာဖုံးကွယ်မှုမှလည်းမရှိ သင့်တို့အချင်းချင်း အရမ်းချစ်ခင်ကြပြီး နှစ်ယောက်အတူ စုငွေတွေထားရှိကြပေမယ့်လည်း အဆင်ပြေတဲ့အခါ သီးသန့်ငွေစုအကောင့်လေးတစ် ဖွင့်ထားပါ။ အရေးပေါ် အခြေအနေ၊ ငွေကြေးပြတ်လတ်သွားတဲ့ အခါမျိုးရှိခဲ့ရင် အရန်သင့်ထားရှိတာ အမြဲတမ်း ပိုမိုကောင်းမွန်ပါတယ်။ သူ့ခွင့်ပြုချက်အရင်တောင်းနေစရာမလိုဘဲ မိမိကြိုက်သလိုလည်း ရံဖန်ရံခါ အသုံးပြုနိုင်ပါတယ်။ 

Ref: TOI

No comments

Powered by Blogger.