သတိမထားမိတဲ့ မျိုးပွားခြင်းကို ထိခိုက်စေတဲ့ အကြောင်းရင်းများ
အိမ်ထောင်တစ်ခု ထူထောင်ပြီဆိုရင် သားရယ်၊သမီးရယ်ရှိမှ သံယောဇဉ်ကြိုးပိုမိုခိုင်မြဲတယ်လို့ ဆိုနိုင်ပါတယ်။ ကိုယ့်အနေအထိုင် အပြုအမူတွေက ကိုယ့်ရဲ့မိသားစုဘ၀ ထူထောင်ရာမှာ အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ သန္ဓေမအောင်နိုင်စေခြင်းများ ဖြစ်စေနိုင်တယ်ဆိုတာ သတိမပြုမိတတ်ကြပါဘူး။ မျိုးမပွားနိုင်တဲ့ အကြောင်းရင်းထဲမှာ အမျိုးသမီးရောဂါကြောင့်ချည်းပဲ မဟုတ်သလို အမျိုးသားတွေကြောင့် သားသမီး မရနိုင်တာကလည်း ၄၀%လောက်ရှိပါတယ်။ မျိုးအောင်ခြင်းကို ထိခိုက်စေနိုင်တဲ့ အကြောင်းလေးတွေကို သတိပြုရှောင်ရှားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
၁)အလင်းရောင် အတုများ
အမျိုးသမီး တစ်ဦးရဲ့ မမျိုးဥပျက်စီးမှုကနေ ကာကွယ်ပေးဖို့အတွက် အားကောင်းတဲ့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ မယ်လတိုနင်ဓာတ် ထွက်ရှိဖို့လိုအပ်ပါတယ်။ ဖုန်း၊တီဗီနဲ့ တက်ဘလက်တွေက ထွက်တဲ့ အလင်းတုတွေက မယ်လတိုနင် ဓာတ်ထွက်ရှိမှုကို ဟန့်တားနိုင်ပါတယ်။
၂)သွားဖုံးရောဂါ
ခံတွင်းနဲ့ မျိုးပွားအင်္ဂါဆိုတာ အဝေးကြီးဖြစ်တဲ့အတွက် သွားဖုံးရောင်ရောဂါက မျိုးပွားခြင်းကို ထိခိုက်စေတတ်တယ်ဆိုတာ လက်မခံနိုင်ဖြစ်တတ်ပါတယ်။ သွားဖုံးရောဂါဆိုတာ ပါးစပ်ထဲမှာ ဘက်တီးရီးယားပိုးတွေ များပြားလာခြင်းကြောင့် ဖြစ်ပါတယ်။ အဲ့ဒီထဲက ဘက်တီးရီးယားပိုးတွေက သွေးလှည့်စနစ်ထဲရောက်ရှိပြီး အဖျက်ရောဂါများစွာ ဖြစ်စေနိုင်ပါတယ်။သွားဖုံးရောဂါတွေကြောင့် ကျောက်ကပ်ရောဂါ၊အမျိုးအစား ၂ ဆီးချိုရောဂါ ၊နှလုံးရောဂါနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဆိုးရွားတဲ့ ပြဿနာများစွာ ဖြစ်စေပါတယ်။
၃)ကိုယ်အလေးချိန်
သုတေသနရလဒ်တွေအရ ပေါင်ချိန်မပြည့်ခြင်းနဲ့ အ၀လွန်ခြင်းတွေက မျိုးအောင်နိုင်ခြင်းကို ထိခိုက်စေနိုင်ကြောင်းတွေ့ရှိရပါတယ်။ အ၀လွန်ခြင်းကြောင့် မျိုးပွားနိုင်ဖို့ ဟော်မုန်းနဲ့ မျိုးဥကြွေတာ ကို နှောင့်ယှက်ပေးနိုင် ပါတယ်။ အသက် ၁၈ နှစ်အရွယ်မှာ အ၀လွန်နေတဲ့ မိန်းကလေးတွေက မျိုးမပွားနိုင်တဲ့ သားအိမ်ရောဂါဖြစ်ဖို့ အလားအလာ အလွန်များပါတယ်။ ပိန်လွန်းအားကြီးခြင်းကြောင့်လည်း ဓမ္မတာလာခြင်းနဲ့ သားဥကြွေခြင်းကို ထိခိုက်စေနိုင်ပါတယ်။
၎)ချောဆီ
လိင်ဆက်ဆံရာမှာ ချောမွေ့ အဆင်ပြေစေတဲ့ ချောဆီတွေက ဖိုမျိုးဥရဲ့ အစွမ်းကို လျော့နည်းစေတယ်လို့ဆိုပါတယ်။ ချောဆီက သုတ်ပိုးကောင်ရဲ့ ရွေ့လျားစေဖို့ ခဲယဉ်းစေတဲ့အတွက် မျိုးအောင်ဖို့ကို ထိခိုက်စေတာ ဖြစ်ပါတယ်။
Ref:bustle
No comments