နားသန့်ရှင်းရေး လုပ်ဖို့ အကောင်းဆုံး နည်းလမ်း


လူအများစုက နားသန့်ရှင်းရေး နေ့တိုင်းလုပ်ဖို့ကို မေ့နေတတ်ကြပါတယ်။ အကြားအာရုံ နည်းနည်း မကောင်းလာမှသာ နားသန့်ရှင်းရေး လုပ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ နားထိုးတဲ့ ဂွမ်းတံတွေက နားသန့်ရှင်းရေးလုပ်ဖို့ အကောင်းဆုံး ပစ္စည်းတွေ မဟုတ်ပါဘူး။ နားသန့်ရှင်းရေးလုပ်နိုင်တဲ့ ဆေးရည်တွေကို ဆေးဆိုင်တွေမှာ ၀ယ်ယူရရှိနိုင်ပေမဲ့ အခုဖော်ပြမယ့် နည်းလမ်းကတော့ အိမ်မှာတင်ပဲ အလွယ်တကူ သဘာဝအတိုင်း သန့်ရှင်းရေးလုပ်လို့ရတဲ့ နည်းလေးပါ။

လိုအပ်တဲ့ ပစ္စည်းလေးတွေက ရှာလကာရည် အဖြူ (white vinegar)နဲ့ အရက်ပြန် (rubbing alchol)တို့ပဲ ဖြစ်ပါတယ်။ အရက်ပြန်က ဘက်တီးရီးယား ၈၅%ကို ဖယ်ရှားနိုင်တဲ့ အကောင်းဆုံး ပိုးမွှားသန့်ဆေး ဖြစ်ပါတယ်။ ရှာလကာရည်အဖြူကလည်း အစွမ်းထက်ပြီး ကူးစက်ပိုးဝင်ခြင်းကို ဟန့်တားပေးနိုင်ပါတယ်။

ပြုလုပ်ပုံကတော့ ရှာလကာရည်နဲ့ အရက်ပြန်အစက် အနည်းငယ်ကို နားထဲလောင်းချပြီး ခေါင်းကို စောင်းပြီး ခဏထားရပါမယ်။ ပြီးသွားရင် နားထဲမှာ ခြောက်သွေ့သွားသလို ခံစားရပြီး နှာဖားချေးတွေ ကွာကျလာပါလိမ့်မယ်။ နာကျင်တာ၊မသက်မသာ ဖြစ်တာမျိုးတွေ မဖြစ်နိုင်ပါဘူး။ ဒီနည်းကို အပျော့စား နားတွင်းပိုးကူးစက်မှုတွေ အတွက်လည်း သုံးလို့ရပါတယ်။ ဒါပေမဲ့ ပြင်းထန်တဲ့ ပြဿနာဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ပြုလုပ်ပါ။

Ref:idealist4ever 

No comments

Powered by Blogger.