ရက်ပိုင်းအတွင်း တစ်နိုင်ငံလုံး အအေးပိုမည်


တရုတ်နိုင်ငံမှ လာမည့် လေအေးများကြောင့် ဖေဖော်ဝါရီ ၁၁ ရက်မှစတင်၍ တစ်နိုင်ငံလုံး ညအပူချိန်လျော့ကာ အအေးအနည်းငယ်ပိုလာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးကျော်မိုးဦးက ပြောသည်။

တရုတ်နိုင်ငံရှိ လေဖိအား များရပ်ဝန်းကြောင့် မြန်မာနိုင်ငံသို့ လေပြင်းများနှင့် လေအေးများ ၀င်ရောက်လာနေသော်လည်း ဘင်္ဂ လားပင်လယ်အော်ဘက်မှ တက် လာသည့် တိမ်တိုက်များကြောင့် မိုးရွာသွန်းခြင်း၊ တိမ်ထူထပ်ခြင်း ဖြစ်ကာ အပူချိန်အနည်းငယ်မြင့် လာခြင်းဖြစ်ကြောင်း ၎င်းကပြော သည်။

‘‘လေအေးတွေက ဘင်္ဂလား ပင်လယ်အော်ဘက်က တိမ်တွေ တက်လာတာနဲ့ တွေ့သွားတယ်။ ရေငွေ့ပါတဲ့ တိမ်တွေနဲ့ လေအေး တွေ့တော့ မိုးရွာတယ်။ အဲဒီ့မိုးရွာ မယ့်ကာလပြီးရင်တော့ လေအေး တွေကြောင့် အအေးဓာတ်ပြန်ရဖို့ ရှိတယ်’’ဟု ဦးကျော်မိုးဦးက ပြော သည်။

အီကွေတာအနီးတွင် လေဖိအားနည်းရပ်ဝန်းငယ်တစ်ခု ဖြစ်ပေါ်နေပြီး အဆိုပါရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်အတွင်း သို့ ရောက်ရှိနိုင်ခြေရှိသည်ဟု နိုင်ငံတကာမိုးလေ၀သဌာနများက ခန့်မှန်းထားကြကြောင်း ဦးကျော်မိုးဦးက ဆို သည်။ သို့သော်အဆိုပါရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်တွင်သာ အားပျော့ပျက်ပြယ်သွားဖွယ်ရှိပြီး မြန်မာနိုင်ငံသို့ သက်ရောက်နိုင်ခြေနည်း ကြောင်းလည်း ခန့်မှန်းထားကြ သည်ဟု ၎င်းက ပြောသည်။

‘‘လေဖိအားနည်းရပ်ဝန်းက မြန်မာနိုင်ငံကို သက်ရောက်ရင် တော့ မိုးရွာနိုင်သေးတယ်။ အ အေးလျော့မယ်။ မသက်ရောက်ဖို့ ကတော့ များတယ်။ ဖေဖော်ဝါရီ လထဲမှာ ဘင်္ဂလားပင်လယ်အော် က လေဖိအားနည်းရပ်ဝန်းအား ကောင်းလာတာ အရမ်းဖြစ်ခဲ တယ်။ သမိုင်းမှာ နှစ်ကြိမ်ပဲဖြစ် ဖူးတယ်’’ဟု ၎င်းက ပြောသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း နှင့် အရှေ့ပိုင်း)နှင့် ကယားပြည် နယ်တို့တွင် ဖေဖော်ဝါရီ၏ ပျမ်းမျှ အပူချိန်တို့ထက် ၃ ဒီဂရီစင်တီဂ ရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်အထိ ပိုတိုးလာခဲ့ကြောင်း ဖေဖော်ဝါရီ ၇ ရက်တွင်  မိုးဇလကထုတ်ပြန်သည်။ ယင်းမှာ မိုးရွာသွန်းမှုများနှင့် တိမ်ဖြစ်ထွန်းမှုများကြောင့်ဖြစ်ကြောင်းဦးကျော်မိုးဦးက ဆိုသည်။ ကျန်တိုင်းနှင့် ပြည်နယ်များတွင် ဖေဖော်ဝါရီ၏ ပျမ်းမျှအပူ ချိန်ခန့်သာရှိခဲ့ကြောင်း မိုးဇလကဆိုသည်။

ဖေဖော်ဝါရီ ၈ ရက်က ထူး ခြားသည့် ညအပူချိန်များမှာ နမ့် စန်မြို့တွင် ၅ ဒီဂရီစင်တီဂရိတ်၊ ဟားခါးမြို့တွင် ၇ ဒီဂရီစင်တီဂ ရိတ်နှင့် ပြင်ဦးလွင်မြို့တွင် ၈ ဒီဂ ရီစင်တီဂရိတ်တို့ဖြစ်ကြောင်း မိုး ဇလက ထုတ်ပြန်သည်။

တနင်္သာရီတိုင်းနှင့် ကချင် ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးအနည်းငယ် ထစ်ချုန်းရွာရန် ရာခိုင်နှုန်း ၆၀ ရှိနေကြောင်း မိုး ဇလဌာနက ဖေဖော်ဝါရီ ၈ ရက် တွင် ခန့်မှန်းသည်။ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်  တိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင်  တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်ဒေသများ၌ အများအားဖြင့် သာယာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊မွန်-တနင်္သာရီကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် တစ်ခါတစ်ရံအရှေ့ ဘက်မှ လေပြင်းများ တိုက်ခတ်ပြီးလှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်ကြောင်း မိုးဇလက ထုတ်ပြန် ထားသည်။ လေပြင်းများ တိုက် စဉ် ရေပြင်၊ မြေပြင်လေမှာ တစ် နာရီမိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက် ခတ်နိုင်ကြောင်း ဖော်ပြထားသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။
Ref;7daydaily

No comments

Powered by Blogger.