ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွက် ကိုရီးယားချေးငွေဖြင့် ရထားတွဲ ၁၀၀ ၀ယ်ယူမည်


လာမည့် ဘဏ္ဍာနှစ်အတွင်း ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွက် ကိုရီးယားချေး ငွေ ကန်ဒေါ်လာသန်းတစ်ရာဖြင့် ရထားတွဲ ၁၀၀ ၀ယ်ယူအသုံးပြုမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

မြန်မာ့မီးရထားက အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင် ရွက်ရာတွင် တစ်ခုအပါအ၀င်ဖြစ် သည့် မီးရထားတွဲဆိုင်းသစ်များ အစားထိုးပြေးဆွဲနိုင်ရန် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ကိုရီးယားနိုင်ငံမှ ချေးငွေအမေရိကန်ဒေါ်လာသန်းတစ်ရာဖြင့် ရထားတွဲအသစ်တစ်ရာကို ကိုရီးယားနိုင်ငံမှ မှာယူမည်ဟု မြန်မာ့မီးရထား (စီးပွားရေး)မှ အထွေထွေမန်နေဂျာ ဦးအောင်မြင့်လှိုင်က ပြောသည်။

‘‘ကိုရီးယားချေးငွေအတွက် လက်မှတ်ရေးထိုးပြီးသွားပြီ။ မ ကြာခင်မှာ ရထားတွဲအသစ်တွေမှာယူတော့မယ်။ ခရီးသည်အသွားအများဆုံးက ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းဖြစ်တဲ့အတွက် ပထမဆုံးအနေနဲ့ ရန်ကုန်-မန္တလေး လမ်းပိုင်းတွေမှာ အစားထိုးပြေးဆွဲပေးမယ်’’ဟု ၎င်းကပြောသည်။

အဆိုပါကိုရီးယားနိုင်ငံမှ မှာ ယူမည့် အဲကွန်းအထက်တန်းတွဲ ၂၀၊ အဲကွန်းမပါသော အထက် တန်းတွဲ ၂၀ နှင့် ရိုးရိုးတန်းတွဲ ၆၀ ကို ပထမအဆင့်အနေဖြင့် ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းတွင် ထည့်သွင်းပြေးဆွဲပြီးပါက မန္တလေး-မြစ်ကြီးနား၊ ရန်ကုန်-မော်လမြိုင် နှင့် ရန်ကုန်-ပြည် မီးရထားလမ်းပိုင်းတို့တွင် အဆင့်ဆင့်အစားထိုးပြေးဆွဲပေးမည်ဟု သိရသည်။

‘‘အခုရထားတွဲတွေက သီး သန့်ဒီဇိုင်းနဲ့ မှာယူရတာဆိုတော့ တစ်ခါမှာရင် အချိန်ခြောက်လ လောက်ကြာတယ်။ ဘာကြောင့် လဲဆိုတော့ ဒီမှာသုံးတဲ့လမ်းက ကမ္ဘာပေါ်မှာ နည်းသွားပြီ။ ဒါ ကြောင့် သီးသန့်မှာရတယ်။ ဈေး ကွက်ထဲက နိုင်ငံတကာသုံးတာဆို ရင် အခုသွားဝယ် အခုရတယ်’’ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

လက်ရှိတွင် မြန်မာ့မီးရထား ၌ အမြန်ရထား ၄၂ စီး၊ စာပို့ရထား ၆၆ စီး၊ လူစီးကုန်တင်ရထား ၆၄ စီး၊ ခရီးတိုရထား ၂၈ စီးနှင့် မြို့ပတ်ရထား ၂၁၅ စီးရှိပြီး မြန်မာနိုင်ငံ၌ ရထားစုစုပေါင်း ၄၁၅ စီးရှိသည်။

မြန်မာတစ်နိုင်ငံလုံးတွင် နေ့စဉ် ရထားစီးနင်းသူ တစ်သိန်းခွဲ ကျော်ရှိပြီး ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်း၌ နေ့စဉ်စီးနင်းလျက်ရှိ သော ခရီးသည် စုစုပေါင်း ခုနစ်သိန်းသုံးသောင်းနှင့် ခုနစ်သိန်းလေးသောင်းကြားရှိသည်။ မြို့ ပတ်ရထားလမ်းပိုင်း၌ တစ်ရက်လျှင် ၀င်ငွေ ကျပ် ၉၅ သိန်းနှင့် ကျပ်သိန်း ၁၀၀ ကြားရှိကြောင်း သတင်းရရှိသည်။

Ref;7daydaily

No comments

Powered by Blogger.