အင်းလေးကန်ခန်းခြောက်မှု ပိုဆိုး၇ွားမလာစေရေး ရေကျနှုန်းထိန်းသိမ်းရန်လိုအပ်


အင်းလေးကန် ဖောင်တော်ဦးဘုရား အနီးရှိ ဖောင်တော်ဆိပ်ကို ဇန်န၀ါရီ ၈ ရက်ကတွေ့မြင်ရစဉ် (ဓာတ်ပုံ − နေမျိုးသူရိန်)
ရှမ်းပြည်နယ်တောင် ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်း လေးကန်၏ လက်ရှိရေကျနှုန်းကို  ထိန်းသိမ်းရန်လိုအပ်နေကြောင်း အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လေ့လာစောင့်ကြည့်ရေးလုပ်ငန်းဆောင်ရွက်နေသည့် စိမ်းလှနန္ဒာအသင်း ဥက္ကဋ္ဌ ဦးသာဒိုးက ပြောသည်။

လက်ရှိ အင်းလေးကန်၏ ရေကျနှုန်းမှာ တစ်လလျှင် သုံး လက်မ လေးလက်မခန့် လျော့ ကျနေပြီး ယင်းပမာဏထက် ကျော်လွန်ကာ ခြောက်လက်မ၊ ခြောက်လက်မထက် လျော့နည်းလာပါက စိုးရိမ်ဖွယ်အခြေအ နေဖြစ်၍ ရေကျနှုန်းမထိန်းသိမ်း နိုင်ပါက ယခင်နှစ်တွင် ရေခန်းခြောက်မှုမျိုးနှင့် ကြုံတွေ့နိုင်သည်ဟု ဆိုသည်။

‘‘အခုချိန်က မိုးရာသီလည်း ကုန်ပြီဆိုတော့ အင်းလေးကန်ထဲ ရေ၀င်ရောက်မှုမရှိတော့ဘူး။ တစ်လကို ဒီပမာဏလောက်ပဲရေ ကျတယ်ဆိုတာကို ဆက်လက် ထိန်းသိမ်းထားဖို့လိုတယ်။ဒီထက် ပိုပြီး ရေကျနှုန်းပမာဏပိုများလာ မယ်ဆိုရင် ယခင်နှစ်အခြေအနေ ထက်ကို ဆိုးဆိုးရွားရွားဖြစ်ပေါ် လာနိုင်တယ်’’ဟု ဦးသာဒိုးက ပြော သည်။ အင်းလေးကန်ထိန်းသိမ်း ရေးလုပ်ငန်းများကို အရပ်ဘက် အဖွဲ့အစည်းအချို့နှင့် ဆည် မြောင်းဦးစီးဌာနတို့က ၎င်းတို့အစီ အစဉ်များဖြင့် ဆောင်ရွက်နေပြီး ထိရောက်မှုရှိ၊ မရှိကိုစောင့်ကြည့် ရမည့်အနေအထားဖြစ်သည်ဟု ဆိုသည်။

‘‘ခါတိုင်းလည်း ဒီအချိန်ဆို ရေစကျနေတဲ့အချိန်ပါပဲ။ မတ်၊ ဧပြီလတွေတော့ အဆိုးဆုံးအချိန် ပေါ့။ ရေမကျအောင်လို့ လက်ရှိ ဆည်ခြောက်ခုကို ညောင်ရွှေမြို့ နယ် အထွေထွေအုပ်ချုပ်ရေးအစီ အစဉ်နဲ့ ဆောင်ရွက်ပေးနေတယ်’’ ဟု အင်းတိုင်းရင်းသားရေးရာဝန် ကြီး ဦးဝင်းမြင့်က ပြောသည်။

အင်းလေးကန်၏ အနောက် ဘက်ခြမ်းရှိ အင်းတိန်ချောင်းနံရံ မှာလည်း ပြိုကျပျက်စီးနေပြီး ပြု ပြင်ထိန်းသိမ်းမှုများပြုလုပ်ရန် စီ စဉ်နေကြောင်း အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။အင်းလေးကန်သည် ရှမ်း ပြည်နယ်တောင်ပိုင်း ညောင်ရွှေ မြို့နယ်တွင် တည်ရှိပြီး ကုန်းမြင့်ရေကန်ဖြစ်ကာ ကန်အတွင်းကျေးရွာပေါင်း ၄၀၀ ကျော်ရှိသည်။

အင်းလေးကန်သည် မြန်မာ နိုင်ငံတွင် ဒုတိယအကြီးဆုံးရေ ကန်ဖြစ်ပြီး ဆောင်းခိုငှက်တို့ နား ခိုရာနေရာတစ်ခုဖြစ်သည့်အပြင် ကမ္ဘာလှည့်ခရီးသွားဧည့်သည် များ အထူးစိတ်ဝင်စားသည့်ဒေသ တစ်ခုလည်းဖြစ်သည်ဟု ရှမ်း ပြည်နယ်ဟိုတယ်နှင့် ခရီးသွားဝန် ကြီးဌာနမှတ်တမ်းများ၌ ဖော်ပြ ထားသည်။

အင်းလေးကန်သည် ယူနက် စကိုအဖွဲ့၏ ကမ္ဘာ့အမွေအနှစ်စာ ရင်းဝင်ဒေသလည်းဖြစ်သည်။
7daynews

No comments

Powered by Blogger.