ကိုယ်ကာယလှုပ်ရှားမှုလုပ်တဲ့ အမျိုးသမီးတွေဟာ သာမာန်အမျိုးသမီးတွေထက် ပိုမို ချစ်ရည်လူးနိုင်ကြတာ
သင့်ရဲ့ကာမခံစားလိုစိတ်ကို တင်ပဆုံကြွက်သားများသန်မာစေတဲ့လေ့ကျင့်ခန်း (Kegels) တစ်ခုတည်းမှ လှုံ့ဆော်ပေးတာ မဟုတ်ပါဘူး။ အင်အားသုံးရ တဲ့ လေ့ကျင့်ခန်းများ၊ နှလုံးခုခံအားကောင်းစေတဲ့လေ့ကျင့် ခန်း၊ နှင့် ယောဂကျင့်စဉ်လေ့ကျင့်ခန်းလိုမျိုး ကာယလေ့ကျင့်ခန်းများ အစရှိတဲ့—သင့်ခန္ဓာကိုယ် တစ်ခုလုံးကို လေ့ကျင့်ခန်းပြုလုပ်ပေးတဲ့ခြင်းက—ကာမစွမ်းအားတွေနှင့်အဲ့ဒီကဏ္ဍတွေမှာ ပိုမိုစွမ်းဆောင်တယ်လို့ သုတေသနတစ်ရပ်က ဖော်ပြထားပါ တယ်။ အိပ်ရာမဝင်မီ ရင်ခုန်စေတဲ့ လေ့ကျင့်ခန်း ၅ မျိုးကို လေ့လာကြည့်ပါ။
၁. ယုံကြည်မှု မြှင့်တက်စေခြင်း
ယုံကြည်မှုဟာ ကိုယ့်ကိုယ်ကိုဖြည့်ဆည်းပေးရတဲ့ အရာတစ်ခုပါ- (ကာမဆက်ဆံမှု အပါအဝင်) ကိစ္စတစ်ခုခုမှာ ပိုမိုစွမ်း ဆောင်နိုင်တယ်လို့ မိမိကိုယ်မိမိယူဆရင် ပိုမိုစွမ်းဆောင်နိုင်ပါလိမ့်မယ်။ ကျန်းမာရေးကောင်းမွန်တဲ့ သူတွေဟာ သူတို့ကိုယ် သူတို့အရမ်းလန်းပြီး အချစ်ရည် လူးရာတွင်လည်း ပိုမိုစွမ်းဆောင်နိုင်တယ်လို့ အာကန်ဆက်စ်တက္ကသိုလ်သုတေသနက ဖော်ပြလိုက်ပါတယ်။ ဆိုကြပါစို့ တစ်ပတ်မှာ လေ့ကျင့်ခန်း ၄၊ ၅ ရက် လုပ်တဲ့ အမျိုးသမီး ၆၀ ရာနှုန်းက သာမန်ထက်ပိုဆွဲဆောင်မှု ရှိတယ်လို့ပြောဆိုပြီး ၈၀ ရာနှုန်းက အချစ်ရည်လူးရာတွင် သာမန်ထက်စွမ်းဆောင်နိုင် တယ်လို့ လေ့လာမှုတစ်ခုကဆိုပါတယ်။
၂. ကာမစိတ်ကို လှုံ့ဆော်ခြင်း
အင်အားကုန်ခန်းတဲ့လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါတိုင်း ကြွက်သားတွေကို ပိုမိုကြံ့ခိုင်စွာပြုပြင်တည်ဆောက်ရန်အတွက် ဝှေးစေ့မှထွက်တဲ့ဟော်မုန်းဓါတ်တွေကို သင့်ခန္ဓာက ထုတ်လုပ်ပေးပါတယ်။ ကိုယ်လက်လှုပ်ရှား အားကစားနှင့် အမျိုးသားတွေရဲ့ လိင်ဟော်မုန်းဓါတ်က သင့်ရဲ့ကာမစိတ်၊ ကျေနပ်စိတ်ကို မြှင့်တက်စေပါတယ်လို့ လိင်မှုဗေဒပညာရှင် ပေါက်မောက္ခ ဒေါက်တာ Ava Cadell ကပြောပါတယ်။ (နှလုံးခု ခံအား ကောင်းစေတဲ့ လေ့ကျင့်ခန်းမှာ ကောင်းကျိုးတရားအချို့ရှိပြီး၊ အင်အားသုံးရတဲ့လေ့ကျင့်ခန်းကတော့ ဝှေးစေ့မှထွက်တဲ့ဟော်မုန်းဓါတ်ထုတ်လုပ်ရာတွင် သက်ရောက်မှုအရှိဆုံးဖြစ်ပြီး—ကာမစွမ်းရည်သာမက ကြွက်သားတွေကိုလည်း သန်မာစေပါတယ်။)
၃. စိတ်ဖိစီးမှုကို တိုက်ထုတ်ခြင်း
အခုအချိန်မှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေက စိတ်ဖိစီးမှုဒါဏ်ကို တိုက်ထုတ်ပေးတယ်ဆိုတာ သင်သိမှာပါ။ သင်ဟာ မည်သည့်ကာမထိတွေ့မှုမျိုးမှ မရှိသေးပါက ကာမစိတ်ပိုမိုအားကြီးတယ်။ ကင်ဆဲးတက္ကသိုလ် သုတေသနတစ်ခုအရ အမျိုးသမီးတွေရဲ့ကာမစိတ် ဟာ အမျိုးသားတွေထက် ခံစားချက်ပိုမိုကြီးမားတယ်လို့ သိရပါတယ်။ လိင်စိတ်မရှိတဲ့အခါ/နည်းနေတဲ့အခါ အာရုံကြောများနှင့် ဦးဏှောက်အတွင်းရှိ ဟော်မုန်းဓါတ်တွေကို လှုံ့ဆော်ကာ ပုံမှန်ကိုယ်လက်လှုပ်ရှားခြင်းဖြင့် သင့်ရဲ့ကာမ/လိင်စိတ်ကို မြှင့်တက်စေတဲ့အပြင် အတူရှိနေတဲ့အခိုက်အတန့်လေးကို စဉ်းစားစေပါတယ်ဟု Cadell က ပြောပါတယ်။
၎. သွေးလည်ပတ်မှုကို လှုံ့ဆော်ပေးခြင်း
အော်စတင်ပြည်နယ် တက်စီ (Texis) တက္ကသိုလ်သုတေသနပညာရှင်များက မိနစ် ၂၀ ခန့် စက်ဘီးစီးထား သော အမျိုးသမီးများနှင့် စက်ဘီးမစီးတဲ့အမျိုးသမီးများကို မတူညီတဲ့အခြေအနေနှစ်ရပ်ဖြင့် ကာမဆက်ဆံမှုတွေပါတဲ့ ခရီးသွားဇာတ်လမ်းကို ကြည့်ခိုင်းခဲ့ တယ်။ အမျိုးသမီးကိုယ်ခန္ဓာအောက်ပိုင်း သွေးလည်ပတ်စီးဆင်းသူများက လှုပ်ရှားမှုမလုပ်တဲ့သူတို့ထက် ၁၆၉ ရာနှုန်းပိုမိုအားကောင်းတယ်လို့ သိရပါ တယ်။ သွေးလည်ပတ် စီးဆင်းမှုများပြားခြင်းက အမျိုးသားများရဲ့အင်္ဂါကို ပိုမိုဆွဲဆောင်စေပါတယ်။ သွေးလည်ပတ်မှုများပြားခြင်းဟာ ခံစားရလွယ်ပြီး အဲ့ဒီလိုခံစားရလွယ်ပါက လိင်အင်္ဂါကိုပိုမိုသန်မာစေပါတယ်။
၅. ပိုမိုခံနိုင်ရည် ရှိခြင်း
အပေါ်အောက်အိပ်စက်ပြီး ကာမဆက်ဆံဖို့က သိပ်အားထုတ်စရာမလိုပါဘူး။ ကာမသိဒ္ဓိကျမ်းပါ အနေအထားမျိုးဆက်ဆံမယ် ဆိုရင်တော့ ခွန်အားတွေ၊ ခံနိုင်ရည်၊ အနေအထားအမျိုးအမျိုးရှိရမယ်လို Cadell ကေ ပြာပါတယ်။ ကိုယ်ကာယလေ့ကျင့်မှုဟာ အင်အားကုန်ခန်းတဲ့ လေ့ကျင့်ခန်း၊ နှလုံးခုခံအားကောင်းစေတဲ့လေ့ကျင့်ခန်းများအပြင် ယောဂကျင့်စဉ်လိုမျိုး အနေအထားအမျိုးမျိုးမြှင့်မားစေတဲ့ လေ့ကျင့်ခန်းများကို ညီမျစေပါတယ်။
Ref:fitnessmagazine
No comments