မိတ်ဆွေအပေါင်းအသင်း မရှိခြင်းက ဆေးလိပ်သောက်ခြင်းလိုပဲ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း တွေ့ရှိရ


လူဆိုတာ လူမှုရေးနဲ့ ကင်းကွာလို့မရနိုင်တဲ့ အမျိုးဖြစ်ပါတယ်။ အများစုက ကိုယ့်သူငယ်ချင်း မိတ်ဆွေတွေနဲ့ ညနေပိုင်း အတူအချိန်ဖြုန်းတာ၊အတူတူ စားသောက်တာ၊ လမ်းလျှောက်ထွက်တာ၊ စကားပြောတာတွေ လုပ်လေ့ရှိကြပါတယ်။ ဒါက အကျိုးရှိလားဆိုတာ သိချင်ရင်တော့ မိတ်ဆွေအပေါင်းအသင်း မရှိဘဲ နေကြည့်လိုက်ပါ။ အပေါင်းအသင်းဆိုတာ ဘယ်လောက်အရေးပါသလဲလို့ သိနိုင်လာပါလိမ့်မယ်။ အပေါင်းအသင်းမရှိဘဲ တကို်ယ်တည်းနေခြင်းက စိတ်ကျန်းမာရေးကိုသာမက ကိုယ်ကျန်းမာရေးကိုပါထိခိုက်စေတာကို တွေ့ရှိခဲ့ကြပါတယ်။

ဟားဗတ်တက္ကသိုလ်က သုတေသီတွေက မိတ်ဆွေမရှိတဲ့ လူတွေမှာ  လူမှုဆက်ဆံရေးနဲ့ ဝေးကွာတဲ့ ခံစားချက်က ခန္ဓာကိုယ်တွင်း အခြေခံအကျဆုံး လုပ်ငန်းစဉ်ဖြစ်တဲ့ မျိုးဗီဇ လုပ်ဆောင်ချက်တွေကို နှေးကွေးစေပါတယ်လို့ ဆိုပါတယ်။

နောက်အချက်က အချိန်ကြာမြင့်စွာ တစ်ကိုယ်တည်းနေတဲ့သူတွေမှာ ခန္ဓာကိုယ်ခုခံအားစနစ်ကို အနည်းငယ်ကျဆင်းစေပြီး ရောင်ရမ်းခြင်းရောဂါမျိုးတွေ ဖြစ်စေတတ်ပါတယ်တဲ့ ။ ဗိုင်းရပ်စ်ပိုး တွေကို သေစေနိုင်တဲ့ ခန္ဓာကိုယ်ရဲ့ ပဋိဇီဝပစ္စည်း ထုတ်လုပ်နိုင်မှုကို လျော့ကျစေတဲ့အတွက် ကျန်းမာရေးကို သိသိသာသာ အကျိုးသက်ရောက်နိုင်ပါတယ်။ဒါကြောင့် တကိုယ်တည်း မိတ်ဆွေမရှိဘဲနေခြင်းက စိတ်ပိုင်းဆိုင်ရာ အရသာမက ကိုယ်ခန္ဓာကျန်းမာရေး ကိုလည်း ထိခိုက်စေနိုင်တဲ့အတွက် မိတ်ဆွေသစ်များများရှာဖွေပြီး ပျော်ရွှင်အောင် နေထိုင်သင့်ပါတယ်။

Ref:higherperspectives 

No comments

Powered by Blogger.