ကုန်တိုက်ကြီးတွေမှာ ဈေးဝယ်ထွက်တဲ့အခါ သိထားရမယ့် အချက်များ
မြို့ပြနေရာအနံ့ ကုန်တိုက်ကြီးတွေ များပြားလာတာနဲ့အမျှ ဈေးဝယ်တဲ့ အတွေ့အကြုံကလည်း ပိုအရေးပါလာခဲ့ပါတယ်။ ဈေးဝယ်ရတာ ပိုမိုသက်သာစေဖို့ သိထားသင့်တဲ့ အချက်တချို့ ဖော်ပြပေးလိုက်ပါတယ်။
စနေ တနင်္ဂနွေမှအပ ကြားရက်များမှာ ဈေးဝယ်ထွက်ပါ
စနေ၊ တနင်္ဂနွေ မဟုတ်တဲ့ ကြားရက်တွေမှာ ထွက်ပါ။ များသောအားဖြင့် ကြားရက်တွေဆိုရင် ဈေးဆိုင်တွေမှာ လူ သိပ်ကျပ်လေ့မရှိပါ။
စာရင်း အတိအကျ ပြုစုပါ
ကျွန်ုပ်တို့အများစုက ဝယ်မယ့် ပစ္စည်း စာရင်းအတိအကျနဲ့ ဈေးဝယ်ထွက်ကြပါတယ်။ ကုန်တိုက်ကြီးတွေမှာ ရနိုင်တဲ့ ပစ္စည်းတွေရဲ့ အင်မတန်ကြီးမားတဲ့ အရွယ်အစားနဲ့ များပြားလှတဲ့ အရေအတွက်များက စိတ်အာရုံထွေပြား စရာ ဖြစ်စေတတ်ပါတယ်။ ဒီတော့ စာရင်းအတိုင်း အတိအကျ ဝယ်ခြမ်းပါ။
ဈေးသက်သာတဲ့ ပစ္စည်းတွေ သိပ်ဂရုမစိုက်ပါနဲ့
များသောအားဖြင့် စတိုးဆိုင်တွေမှာ ဈေးပေါပေါနဲ့ ပစ္စည်းများများရအောင် ရောင်းချထားတာတွေကို မျက်စိကျတတ်ကြပါတယ်။ အဒီလို ပစ္စည်းမျိုးဆိုရင် ထုတ်လုပ်တဲ့ ရက်စွဲကို သေချာစစ်ဆေးပါ။
ငွေရှင်းကောင်တာမှာ ကြိုတင်နေရာဦးထားပါ
သူငယ်ချင်း သို့မဟုတ် မိမိနဲ့တော်စပ်သူ တစ်ယောက်ယောက်ကို ကောင်တာမှာ နေရာတစ်ခု တန်းစီ ဦးထားခိုင်းလိုက်ပါ။ ဈေးဝယ်ပြီးလို့ ငွေရှင်းတဲ့အခါ မြန်မြန်ဆန်ဆန် ပြီးသွားပါလိမ့်မယ်။
Ref:timesofindia.indiatimes
 
  
 
 
 
 
 
 
No comments