စတော့အိတ်ချိန်းကို အရောင်းအ၀ယ်မရှိ ဈေးကွက်ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း ဦးဇော်ဇော်ပြောကြား
AYA Trust Securities ကုမ္ပဏီဖွင့်ပွဲသို့ တက်ရောက်လာသည့် ဦးဇော်ဇော်နှင့် ဧည့်သည်တော်များ (Max Myanmar Group of Companies FB)
စတော့အိတ်ချိန်းကို ဖွင့် လှစ်ပြီး ရောင်းသူဝယ်သူမရှိသည့် ဈေးကွက်တစ်ခုဖြစ်သွားမည်ကို စိုးရိမ်ကြောင်း ဧရာဝတီဘဏ် ဥက္ကဋ္ဌဦးဇော်ဇော်က ပြောသည်။
အာဆီယံနိုင်ငံများ၌ မြန်မာ
နိုင်ငံထက်စောပြီး စတော့အိတ် ချိန်း ဖွင့်လှစ်ခဲ့သည့် ကမ္ဘောဒီး ယားနိုင်ငံတွင် လက်ရှိ၌ စတော့အိတ်ချိန်း ကုမ္ပဏီနှစ်ခုသာရှိပြီး ရှယ်ယာရောင်းဝယ်မှု အလွန် နည်းနေ၍ မြန်မာနိုင်ငံတွင်လည်း ကမ္ဘောဒီးယားနိုင်ငံမှ စတော့ အိတ်ချိန်းမျိုး ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း AYA Trust Secu-rities Company ဖွင့်ပွဲတွင် ဦးဇော်ဇော်က ပြောသည်။
‘‘စားသောက်ဆိုင်ဖွင့်ပြီး ရောင်းသူရော၊ စားမယ့်သူရော မရှိရင် ဘယ်လိုအဆင်ပြေနိုင်မ လဲ’’ဟု ဦးဇော်ဇော်က ပြောသည်။
မြန်မာနိုင်ငံတွင် စတော့ အိတ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာ ၉ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ မတ်၊ ဧပြီလများတွင် အစုရှယ် ယာရောင်းဝယ်မှုများ ပြုလုပ်နိုင် မည်ဟု ချေးငွေသက်သေခံလက် မှတ် ရောင်းချရေးလုပ်ငန်းကြီး ကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဘဏ္ဍာ ရေးဒုဝန်ကြီး ဒေါက်တာ မောင် မောင်သိမ်းက ပြောသည်။
AYA Trust Securities Company ကဲ့သို့ ကြားခံဝန် ဆောင်မှု ကုမ္ပဏီများသည် စတော့အိတ်ချိန်းတွင် အရေးပါ သည့် ကုမ္ပဏီများဖြစ်ပြီး စတော့ ရှယ်ယာရောင်းလိုသူနှင့် ၀ယ်လို သူများကြား ညှိနှိုင်းဝန်ဆောင်မှု ပေးသည့် လုပ်ငန်းကိုအဓိကလုပ် ဆောင်ရမည် ဖြစ်သည်။
‘‘ကုမ္ပဏီတွေက ရှယ်ယာ ရောင်းတာကို တိုက်ရိုက်ရောင်း လို့မရဘူး။ ကြားခံဝန်ဆောင်မှု ကုမ္ပဏီတွေကပဲ ရောင်းရမှာပါ။ ဒါကြောင့် ဒီကုမ္ပဏီတွေကို ဖွဲ့ စည်းရတာပါ’’ ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
စတော့အိတ်ချိန်းဖွင့်လှစ်ပြီး နောက် မြန်မာနိုင်ငံတွင် ကြားခံ ၀န်ဆောင်မှု ကုမ္ပဏီ ၁၀ ခုအထိ လိုင်စင်ထုတ်ပေးမည်ဖြစ်ပြီး လက်ရှိ ကြားခံဝန်ဆောင်မှု ကုမ္ပဏီလိုင်စင်ထုတ်ပေးမှုမှာ ကမ္ဘောဇကုမ္ပဏီ၏ လုပ် ငန်းခွဲတစ်ခုဖြစ် သော KBZSC ကုမ္ပဏီနှင့် ဧရာဝတီဘဏ်၏ AYA Trust Securi-ties Company တို့ ဖွင့်လှစ်ပြီး ဖြစ်သည်။ စတော့အိတ်ချိန်းတွင် အစုရှယ်ယာရောင်းဝယ်သူများ ယုံကြည်မှုရှိစေရန် ကြားခံပွဲစား ကုမ္ပဏီများသည် ချေးငွေသက် သေခံလက်မှတ်ရောင်းချရေးလုပ် ငန်းကြီးကြပ်ရေး ကော်မရှင်ထံ တွင် ကျပ်ငွေသန်း ၅၀၀ကို အာမခံငွေကြေးအဖြစ် ထားရသည်။
7day
No comments