ကာကွယ်စောင့်ရှောက်မှု အားနည်း၍ မြောက်ဦးမြို့ရှိ ရှေးဟောင်းဘုရားများ ဖောက်ထွင်းခံနေရ


မသမာသူများ၏ ဖောက်ထွင်းခြင်းခံရသည့် မြောက်ဦးမြို့နယ်ရှိ ရှေးဟောင်းဘုရားဆင်းတုရုပ်ပွားတော်များ (ဓာတ်ပုံ − မောင်ကံ)
- ထိန်းသိမ်းမှုနှင့် ကာ ကွယ်စောင့်ရှောက်မှု အားနည်းနေ၍ မြောက်ဦးမြို့ရှိ  ရှေးဟောင်းဘုရားများ ဖောက် ထွင်းခိုးယူခံနေ ရကြောင်း သတင်းရရှိသည်။

‘‘မြောက်ဦးမြို့မှာ ဘုရားမရှိ တဲ့ တောင်ဆိုလို့ သုံးတောင်သာ ရှိပါတယ်။ မြို့ပေါ်မှာလည်း ရှိ တယ်။ လူသူအရောက်နည်းတဲ့ တောထဲမှာလည်း ရှိတယ်။ အ များဆုံး အခိုးခံရတာက ဌာပနာ ဘုရားဆင်းတုတော်တွေ ဖြစ် တယ်။ မြောက်ဦးကခိုးထုတ်သွား တဲ့ ရှေးဟောင်းဘုရားတွေ တခြား ဒေသတွေမှာမှ ဖမ်းမိတာဟာ မြောက်ဦးမြို့က ထိန်းသိမ်းမှုနဲ့ ကာကွယ်စောင့်ရှောက်မှု အား နည်းနေတဲ့အတွက် ဖြစ်ပါတယ်’’ ဟု မြောက်ဦးမြို့အခြေစိုက်ရှေး ဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းကာကွယ်စောင့်ရှောက် ရေးအသင်း ဥက္ကဋ္ဌဒေါ်ခင်သန်း က ပြောသည်။

မြောက်ဦးမြို့ရှိ ရှေးဟောင်း ဘုရားများ ဖောက်ထွင်းခိုးယူခံရ မှု မရှိစေရန် ရှေးဟောင်းသုတေ သနဌာနနှင့် ဒေသခံများ ၀ိုင်းဝန်း ကာကွယ်စောင့်ရှောက်မှသာ အ ဆင်ပြေမည်ဖြစ်ကြောင်း ရှေး ဟောင်းသုတေသနဌာန အရာရှိ တစ်ဦးကလည်း ပြောသည်။

မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ထိန်း သိမ်းရေးအတွက် ပြည်နယ်အစိုး ရအဖွဲ့ ရန်ပုံငွေများကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှစတင် ချပေးနေ သော်လည်း ထိန်းသိမ်းမှုလုပ်ငန်း တွင် ပညာရှင်အားနည်းမှုကြောင့် ထိန်းသိမ်းရာ မရောက်ဘဲ ဖျက် ဆီးရာရောက်နေကြောင်း မြောက် ဦးမြို့ခံများက ဝေဖန်ပြောကြား သည်။
7day

No comments

Powered by Blogger.