အကြမ်းဖက်မှုရန်မှ ကာကွယ်ရန် ထိုင်းနယ်စပ်တလျှောက် လုံခြုံရေးတင်းကျပ်


နိုင်ငံတွင်း အကြမ်းဖက်မှုရန်က ကာကွယ်ဖို့ ထိုင်းနယ်စပ်တလျှောက် လုံခြုံရေးတင်းတင်းကျပ်ကျပ် လုပ်ဆောင်မယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါ တယ်။

ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန အကြီးအကဲ စီရီရာ က အကြမ်းဖက်မှုတွေ မဖြစ်ပေါ်ဖို့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ သက်ဆိုင်ရာဌာန အသီးသီးကို အသင့်ပြင်ထားဖို့ ဇန်န၀ါရီလ ၁၆ ရက်နေ့က ညွန့်ကြားလိုက်တာ ဖြစ်ပါတယ်။

“လတ်တလော အကြမ်းဖက်သမားတွေ နေရာတကာမှာ ဗုံးဖောက်ခွဲမှုတွေ ပြုလုပ်နေတယ်၊ ပြင်သစ်၊ တူရကီ၊ နောက်ဆုံး အင်းဒိုးနီးရှား နိုင်ငံမှာ ဖြစ်ပွားခဲ့တယ်၊ ပျက်ဆီး ဆုံးရှုံးမှုအပြင် နိုင်ငံ လုံခြုံရေးနဲ့ စီးပွားရေး ထိခိုက်မှုတွေရှိတယ်” လို့ သူက ထောက်ပြ ပြောဆိုသွားပါတယ်။

စစ်ဆေးရေးအဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းပြီး လေဆိပ်၊ ဘူတာ၊ လှေဆိပ်၊ ကားဂိတ်၊ လျှပ်စစ်ဌာန၊ ဖုန်းရုံ၊ စာသင်ကျောင်း၊ ဆေးရုံ၊ နိုင်ငံတကာ သံရုံးနဲ့ နိုင်ငံခြား ခရီးသွားဧည့်သည်တွေ သွားရောက်နိုင်မယ့် နေရာတွေကို အကြမ်းဖက်မှု မဖြစ်ပွားအောင် လုပ်ဆောင်ကြဖို့ ညွှန်ကြားချက်မှာ ဖော်ပြပါတယ်။

ရဲဝန်ထမ်းနဲ့ စစ်တပ်တို့ကို ပြည်သူလူထုက ပူးပေါင်းပါဝင် သတင်းပေးကြဖို့ နိုးဆော်ထား ပါသေးတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့လယ်မှာ အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ထိုင်းနိုင်ငံအနေနဲ့ လုံခြံရေး တိုးမြင့်ဖို့ ညွန်ကြားလိုက်တာ ဖြစ်ပါတယ်။

ကိုးကား၊ ဓာတ်ပုံ – မန်နေဂျာအွန်လိုင်း

No comments

Powered by Blogger.