ဝိတ်ကျစေဖို့ ထမင်းစားတိုင်း သင်လုပ်ပေးနိုင်တဲ့ အရာ (၅)မျိုး
ဝိတ်လည်းကျချင်တယ်၊ အစားအသောက်လည်း မပြတ်စားဖြစ်နေတယ်လို့ ညည်းနေကြတဲ့ ပျိုမေတွေအတွက် တစ်ခုခုမစားခင်၊ ထမင်းမစားခင်အချိန်တွေမှာ ခုပြောပြပေးမယ့် အချက်လေး (၆)ချက်ကို ဆင်ခြင်လိုက်မယ်ဆိုရင် ၀ိတ်လျော့ကျသွားမှာ အသေအချာမို့ လိုက်ပါလုပ်ဆောင်ကြည့်လိုက်ကြပါလို့။
၁။ ရေသောက်ပါ။
အစားအစာတစ်ခုခု စားတော့မယ်ဆို ရေဖန်ခွက်တစ်ဝက်လောက် သောက်ပေးပါ။ ဒါကို ဘာကို ကူညီပေးသလဲဆိုတော့ သင်တစ်ခုခုစားတော့မယ်ဆို ဗိုက်ပြည့်တာ မြန်ပြီး အစားလည်း နည်းသွားပါလိမ့်မယ်။
၂။အသီးအရွက်နဲ့ ပတ်သက်တာတွေ မဖြစ်မနေ စားပေးပါ။
ထမင်းစားတိုင်း အရွက်နဲ့ပတ်သက်တဲ့ အသုတ်၊ အဆီနည်းနည်းနဲ့ ကြော်ထားတဲ့ အရွက်ကြော်စတာတွေကို အမြဲစားပေးဖို့ လိုပါတယ်။ ဟင်းနှစ်ပွဲဆို တစ်ပွဲဟာ အရွက်သုတ်ဖြစ်နေရင် ပိုကောင်းပါတယ်။ ဒါဟာ ကယ်လိုရီနည်းနည်းနဲ့ ဗိုက်ပြည့်သွားမယ်ဆိုတာ သေချာနေလို့ပါ။ ဖြစ်နိုင်ရင် သင့်ထမင်းပန်ကန်တစ်ဝက်ကို အသီးအရွက်တွေနဲ့ ပြည့်နေစေချင်ပါတယ်။ ပရိုတိန်းကြွယ်ဝမယ့် အစားအစာတွေကိုလည်း စားပေးနိုင်ပါတယ်။
၃။ကယ်လိုရီဘယ်လောက်ရှိပြီဆိုတာ စားနေရင် အမြဲတွက်နေဖို့ လိုပါတယ်။
ထမင်းတနပ်စာမှာ အနည်းဆုံးကယ်လိုရီ ၃၀၀ နဲ့ ၅၅၀ ကြားရှိတတ်ပါတယ်။ တစ်ခါတစ်လေ အဆာပြေအစားအစာတွေက ကယ်လိုရီ ၁၅၀လောက် နေရာယူသွားတဲ့အခါ တစ်နေ့တာအစားအစာတွေကြောင့် သင်ဟာ ကယ်လိုရီတော်တော်လေး များသွားပြီပေါ့။ တစ်ရက်စာ ကယ်လိုရီ ၁၂၀၀ကျော်သွားတဲ့အခါ သင်ဝိတ်ကျဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒါ့ကြောင့် ဘယ်အစားအစာက ကယ်လိုရီ ဘယ်လောက်ရှိမလဲဆိုတာ တွက်ချက်ပြီး စားသောက်ဖို့ လိုပါတယ်။
၎။တီဗီကြည့်ရင်း၊ အင်တာနက်သုံးရင် ထမင်းစားတာမျိုး ရှောင်ပါ။
တစ်ခါတစ်လေ ဖုန်းပြောနေရင်း၊ ကွန်ပြူတာရှေ့မှာ အလုပ်လုပ်နေရင်း၊ တီဗီကြည့်နေရင်း ထမင်းစားတာမျိုးတွေဟာ အစားအစာကို ပိုစားမိသွားစေပါတယ်။ ဒီတော့ အစားအသောက်စားတဲ့အခါ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ အတူစားပါ။ သင်စားတာ များနေပြီဆိုရင် သူ့ကို သတိပေးခိုင်းပါ။ ပြီးတော့ ဇွန်းလိုမျိုး အရာထက် ယူရ သုံးရ ခက်ခဲတဲ့ တူ လိုမျိုးအရာကို သုံးပြီးစားတာပိုကောင်းပါတယ်။
၅။အစားအသောက်တွေကို နှမြောပြီး စားတာမျိုး မလုပ်ပါနဲ့။
အစားအသောက် စားတဲ့အခါ ဗိုက်ပြည့်ခါနီးလောက်ဆို ရပ်လိုက်ပါ။ အပြည့်အသိပ်မစားပါနဲ့။ နောက်တစ်ခုက ဟင်းတွေအများကြီး ကျန်နေလို့ နှမြောပြီး စားတာမျိုးလည်း မလုပ်ပါနဲ့။ ဒီဟင်းတွေကို ညနေစာအတွက် ချန်ထားတာမျိုး၊ ဒါမှမဟုတ် တစ်ခုခုနဲ့ ထပ်ရောပြီး ပြန်ချက်ကာ စားသောက်တာမျိုး လုပ်ပါ။
trend
No comments