အလုပ်များတဲ့ အမျိုးသမီးတွေအတွက် အသားရေ ထိန်းသိမ်းနည်း
လုပ်ငန်း ပြီးစီးဖို့ သတ်မှတ်ထားတဲ့ နောက်ရက်တွေအတွက် လုံးပန်းနေရတာကြောင့် ဒါမှမဟုတ် အိမ်မှုကိစ္စတွေကြောင့် သင်ဒီရက်ပိုင်းတွေမှာ မအားမလပ် ဖြစ်နေပါသလား။ မိမိ နေ့စဉ်ပုံမှန် စားတဲ့ အစားအသောက်တွေ ဂရုစိုက်ပေးခြင်းဖြင့် ကျန်းမာ သွက်လက်မှုများအနဲ့အတူ ဝင်းပတဲ့ အသားရေကို ပိုင်ဆိုင်ရရှိစေနိုင်ပါတယ်။
လိုက်နာရမယ့် အချက်များမှာတော့
· အမျှင်ဓာတ် ပေါကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီး များများစားပေးပါ။
· ဆား၊ အချိုဓာတ် (သကြား)၊ ကဖီးဓာတ်နဲ့ အရက်သေစာ လျော့ပါ။
· ရေက အရေပြားရှိ ဆဲလ်တွေအသစ် ပြန်လည်ဖြစ်စေသည့်အတွက် ရေသောက်ခြင်းက အရေပြား ချောမွေ့ရွှန်းပခြင်းအတွက် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။
· အိုမီဂါ-၃ ပမာဏ အလုံအလောက် ရရှိဖို့အတွက် ပင်လယ်အစားအစာ၊ နှမ်းကြတ်စေ့ကို တိုးမြင့်စားသုံးပေးရပါမယ်။
Ref: Indiatimes
No comments